News

FERRERO အီတလီ ချောကလက် စားရတော့မည်

FERRERO

အီတလီ နိုင်ငံမှ FERRERO တံဆိပ် ချောကလက်များကို မြန်မာနိုင်ငံတွင် တရားဝင် ကိုယ်စားလှယ်ဖြင့် တိုက်ရိုက် တင်သွင်းခွင့်ပြုပြီး မြန်မာဈေးကွက်အတွင်း စတင် ဖြန့်ချိမည် ဖြစ်ကြောင်း ဇူလိုင်လ ၁၅ရက်နေ့က Park Royal Hotelတွင် ပြုလုပ်သည့် မြန်မာနိုင်ငံအတွက် တရားဝင် ကိုယ်စားလှယ် ပေးအပ်သည့် အခမ်းအနားတွင် FERRERO Productမှ အရောင်းမန်နေဂျာ Mr. Marcello Galloက ပြောကြားသည်ဟု သိရသည်။

“တရားဝင် ကိုယ်စားလှယ် ရယူပြီး မြန်မာတစ်နိုင်ငံလုံးကို ရောင်းချပါမယ်။ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ အရှေ့တောင်အာရှမှာဆိုရင် တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်း၊ စင်ကာပူ၊ ထိုင်းတို့မှာ တရားဝင် ဖြန့်ချိနေပါတယ်။ ဒီမှာ အခုမှ တရားဝင်ပေးတာပါ”ဟု ၎င်းက ပြောကြားပါသည်။ မြန်မာနိုင်ငံအတွက် အီတလီနိုင်ငံ အခြေစိုက် FERREROမှ တရားဝင် တိုက်ရိုက် ဖြန့်ချိနိုင်ရန်အတွက် မြန်မာနိုင်ငံမှ Premium Distribution Companyနှင့် Pahtama Groupတို့ကို တရားဝင် ကိုယ်စားလှယ်အဖြစ် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ “ဈေးကွက်ထဲမှာ FERRERO တံဆိပ် ချောကလက်တွေက အရင်ကတည်းက ရှိပါတယ်။ တရုတ်နဲ့ ထိုင်းဘက်က တရားမဝင် သွင်းလာတာဆိုတော့ အရည်အသွေး သိပ်မကောင်းဘူး။ မှိုတက်တာတွေ၊ ဆီချေးစော် နံတာတွေ ရှိတယ်။ အခု အီတလီက တိုက်ရိုက်သွင်းမှာဆိုတော့ အရည်အသွေးပိုင်းမှာ စိတ်ချရပါတယ်။ စူပါမားကက်တို့၊ စင်တာတို့မှာ FERRERO ကောင်တာ ဖွင့်ပြီး ရောင်းချသွားပါမယ်”ဟု Premium Distribution Companyမှ Marketing Executive မချောငယ်ငယ်ချစ်က ပြောပါသည်။

အီတလီမှ FERRERO ထုတ်ကုန်များတွင် Ferrero Rocher, Kinder, Nutella, Tic Tac စသည့် ချောကလက် ဆက်စပ် ကုန်ပစ္စည်းများ ပါဝင်ပြီး အမေရိကန်၊ ဥရောပနှင့် အာရှ စသည့်နိုင်ငံပေါင်း ၃၃နိုင်ငံတွင် ရောင်းချလျက်ရှိပြီး လူကြိုက်များသည့် အမှတ်တံဆိပ်တစ်ခု ဖြစ်ကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *