Automobile

2014 အတွက်အသစ်ထွက်ရှိလာသော မာစီဒီးကား (Mercedes-Benz S63 AMG)

ကားချစ်သူအများစုဟာ ကားတွေကိုရွေးချယ် ၀ယ်ယူတဲ့နေရာမှာ ကားရဲ ့ Performance ထက် သက်တောင့် သက်သာဖြစ်မှုကိုပိုပြီး အလေးပေး ကြပါတယ်။ Audi, BMW စတဲ့ ကားကုမ္ပဏီကြီးတွေက ဒီအချက် ကိုကောင်းစွာ နားလည် သဘောပေါက်ထားကြလို့သာ လက်ရှိ အချိန်ထိအောင်မြင်တဲ့ ကားတွေ အများ အပြား ထုတ်လုပ်နိုင် ခဲ့တာဖြစ်ပါတယ်။ Mercedes ကုမ္ပဏီကလည်း အားကျမခံ 2014 အတွက်ရည်ရွယ်တဲ့ ကားအမျိုးအစား မော်ဒယ်အသစ်ကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။

Mercedes-Benz S63 AMG လို့နာမည်ပေးထားတဲ့ ယင်းကားမှာ V8 အင်ဂျင်၊ V12 အင်ဂျင် နှစ်မျိုးထွက်ရှိလာပြီး Mercedes ကားများ၏ အစဉ်အလာ အတိုင်း လူကုံထံ များသာ တတ်နိုင်သည့် အဆင့်အတန်း တစ်ခု၌ ရပ်တည်နေပါတယ်။ ဈေးနှုန်း ဒေါ်လာနှစ်သိန်း ၀န်းကျင် ရှိပြီး မြင်းကောင်ရေ အား 563 hp, 621 hp, 536 hp စသည်ဖြင့် ထုတ်လုပ်ထားပါတယ်။ တစ်နာရီ အမြန်နှုန်း ၁၈၆မိုင် မောင်းနှင်နိုင်ပြီး၎င်းထက် မကျော်လွန်စေရန်လည်း လုံခြုံရေးကိုရှေးရှု၍ အီလက်ထရောနစ် စနစ်များအသုံးပြုကာ ထိန်းချုပ်ထားရှိပါတယ်။ အတွင်းပိုင်း ပြင်ဆင်မှု အနေနှင့် လည်း ၀ယ်သူ့စိတ်ကြိုက်ဖြစ်အောင် အထူးပြင်ဆင်ထားပါတယ်။သက်တောင့် သက်သာဖြစ်မှု၊ လုံခြုံရေး၊ ဇိမ်ခံနိုင်မှု စသည့် Mercedes ၏ နာမည်ကြီး feature များအားလုံး အပြည့်အစုံ ပါ၀င်လာပြီး ၎င်း Mercedes-Benz S63 မှာလည်း လူကြိုက်များဦးမယ့် ကားအသစ် တစ်မျိုး ဖြစ်ပါတယ်။

Ref : http://www.caranddriver.com/news/2014-mercedes-benz-s63-amg-photos-and-info-news-weight-saving-measures-page-2

Leave a Reply

Your email address will not be published. Required fields are marked *