VLCဆိုတာ Mediaအမျိုးအစား တော်တော်များများကို အကောင်းဆုံး ပြသပေးနိုင်တဲ့ Appတစ်ခုဖြစ်ပြီး နဂိုအတိုင်းဆိုရင်တော့ You Tube Videoတွေကို VLC Mediaနဲ့ ကြည့်ဖို့ မဖြစ်နိုင်ပါဘူး။ တကယ်လို့မှ You Tube Videoတွေကို VLC Mediaနဲ့ ကြည့်ချင်ရင်တော့ အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းလေးတွေအတိုင်း Settingတွေကို ပြင်ပေးဖို့ လိုအပ်ပါလိမ့်မယ်။
ပထမဆုံး အနေနဲ့ VLC Mediaထဲကို ၀င်ပြီး Mediaခလုတ်ကို နှိပ်လိုက်ပါ။ ပြီးတော့ Open Network Stream…ကို ရွေးပါ။ ပြီးရင်တော့ Open Mediaခေါင်းစဉ်နဲ့ Dialog boxကျလာမှာဖြစ်ပြီး အဲဒီထဲက Input boxမှာ သင်ကြည့်ချင်တဲ့ You Tubeရဲ့ Linkကို ရိုက်ထည့်ပေးလိုက်ပြီး နောက်ဆုံး Playကို နှိပ်လိုက်ရုံပါပဲ။ ဒါဆိုရင်တော့ VLCမှာ You Tube Videoတွေကို ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။
You Tube Videoတွေကို VLC Mediaနဲ့ ကြည့်ချင်ရင်

08
Apr