News

ထိုင်းမှ ဂျေမတ်က မြန်မာနိုင်ငံတွင် ဖုန်းဆိုင် ၂၀ဖွင့်မည်

Jay Mart

ထိုင်းနိုင်ငံ၏ နာမည်ကျော် မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်တွဲ လုပ်ငန်းကြီး ဖြစ်သည့် ဂျေမတ် (Jay Mart)သည် မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း အရောင်းဆိုင် ၂၀ကို စတင် ဖွင့်လှစ်ရန် စီစဉ်နေပြီဖြစ်ကြောင်း ဇူလိုင်လ ၁ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ အစိုးရက နိုင်ငံတကာ တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းကြီး နှစ်ခုဖြစ်သည့် Telenorနှင့် Ooredoo ကုမ္ပဏီနှစ်ခုကို တင်ဒါ အောင်မြင်ကြောင်း ကြေညာအပြီး ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ အခြေစိုက် ဂျေမတ်က ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဂျေမတ်၏ အမှုဆောင် အရာရှိချုပ် အယ်ဒီဆက်ဆူကွမ်ဗစ်ထရာက ယခုနှစ်တွင် ရန်ကုန်မြို့၌ ဆိုင်သုံးဆိုင် ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း၊ ဂျေအင်န်ပီ မြန်မာကုမ္ပဏီမှ တစ်ဆင့် အရောင်းဆိုင် လုပ်ငန်းများ ချဲ့ထွင်သွားမည် ဖြစ်ကြောင်း၊ ပထမနှစ်တွင် ဘတ်ငွေ သန်း ၁၅၀၊ နောင်နှစ်နှစ်တွင် ဘတ်ငွေသန်း ၇၅၀အထိ တိုးတက် သုံးစွဲသွားမည်ဟုလည်း အမှုဆောင်အရာရှိချုပ်က ပြောကြားကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဂျေမတ်သည် တယ်လီနော်နှင့် ယခင်ကတည်းက ပါတနာအဖြစ် နှစ်ရှည်လက်တွဲလာခဲ့သူ ဖြစ်သည်ဟု သိရသည်။ လက်ရှိတွင် ရန်ကုန်မြို့၌ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင် အမျိုးမျိုး ၄၀၀ကျော်ရှိပြီး၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆိုင်ပေါင်း ၁၀၀၀ကျော် ရှိကြောင်း သိရပါသည်။

 

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

3 thoughts on “ထိုင်းမှ ဂျေမတ်က မြန်မာနိုင်ငံတွင် ဖုန်းဆိုင် ၂၀ဖွင့်မည်

  1. Myo Thiha says:

    သတင်းထူးပဲ။ကောင်းလိုက်တဲ့စီးပွားရေး ဖွံဖြိုးမှုကို တိုးတက်စေမှာအမှန်ပါပဲ။မြန်မာပြည်တော့ ဆက်သွယ်ရေးမှာ တစ်ခေတ်ဆန်းသစ်လို့ လာတော့မယ်။

  2. thwethweaye says:

    ဒီကလူတွေတော့ ဖုန်းကိစ္စနဲ့တော်တော် အလုပ်များတော့မယ်ထင်တယ်…ဘယ်လိုဘဲဖြစ်ဖြစ် ဆက်သွယ်ရေးတိုးတက်မှုရှိလာလျှင် နိုင်ငံသားတိုင်းအတွက် အသုံးချတက်ရင် တကယ်ဖွံ့ဖြိုးတိုးတက်မှုဆိုတာဖြစ်လာမှာပါ။

  3. sithusoepaing says:

    jay martပဲလာလာ ဘာပဲလာလာ ၁၅၀၀ဖုန်းတွေပြည်သူတွေလက်ထဲထိထိရောက်မရောက်သေးသရွေ့တော့အကျိုးမရျိဘူးလို့ယူဆပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *