News

Razer iPhone Game Controller

iPhone အသုံးပြုသူတွေအတွက် Game Controller တွေများစွာရှိပြီး အခုတစ်ခါမှာတော့ Razer Game Controller အသစ်တစ်ခု ထပ်မံပေါ်ထွက်လာဖို့ရှိပါတယ်။ Evleaks ၀က်ဆိုက်ရဲ့ ဖော်ပြချက်အရ Longitech , Moga စတဲ့ Game Controller များနဲ့ဆင်တူမှာဖြစ်ပါတယ်။ ညာဘက်မှာ Action Button လေးခုပါရှိပြီး ဘယ်ဘက်မှာ မျှားခလုတ် တွေပါရှိပါတယ်။ ပုံမှာမြင်တွေ့ရတဲ့အတိုင်း iPhone ကို Game Controller ထဲမှာတပ်ဆင်ကစားရမှာဖြစ်ပါတယ်။

Razer ဟာ သူ့ရဲ့ Gaming Tablets, Laptops, Mouse, Keyboards နဲ့ တစ်ခြား Accessories တွေထုတ်လုပ်တဲ့ Company ဖြစ်ပါတယ်။ Xbox 360 နဲ့ တစ်ခြား ဂိမ်းစက်တွေအတွက် လက်ကိုင်တွေကိုလည်း ထုတ်လုပ်ရောင်းချပါတယ်။ အခုတော့ iPhone Game Controller ပြိုင်ပွဲထဲကို ၀င်ရောက်လာတာဖြစ်ပါတယ်။ Evleaks က Razer Game Controller နဲ့ ပတ်သက်တဲ့ ဈေနှုန်း နဲ့ ရောင်းချမယ့်ရက်ကိုတော့ ပြောကြားခြင်းမရှိပါဘူး။ Razer Game Controller ဟာ ဒေါ်လာ တစ်ရာ နဲ့ ရောင်းချနေတဲ့ Logitech PowerShell Controller , Moga Ace Power တို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ဆန်းသစ်တဲ့အတွေးအခေါ် နဲ့ ဒီဇိုင်း တွေကို အမြဲရှာဖွေပြီး ပစ္စည်းအသစ်တွေ ပြုလုပ်နေပါတယ် လို့ Razer ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Ref : http://news.cnet.com/8301-13579_3-57614766-37/razer-iphone-game-controller-leaked-online/?part=rss&tag=feed&subj=News-Mobile

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *