Review

မီးခံသေတ္တာဆို LEECO ကိုပြေးမြင်မိတာ ဘာကြောင့်လဲ

LEECO အမှတ်တံဆိပ်မီးခံသေတ္တာများ ထုတ်လုပ်တဲ့ LEECO KOGYO ကုမ္ပဏီလီမိတက်ဟာ ၁၉၉၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံအခြေစိုက်ဖြစ်ပြီး မီးလောင်ဒဏ်ခံနိုင်တဲ့ Safes ပစ္စည်းတွေနဲ့ သံမဏိပရိဘောဂထုတ်လုပ်ရေး ပို့ကုန်လုပ်ငန်းထဲမှာ ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

သံမဏိထုတ်ကုန်ပစ္စည်းတွေကို အဆင့်မြင့်နည်းပညာစက်တွေနဲ့ တီထွင်ဆန်းသစ်ထုတ်လုပ်ခဲ့ပြီး ဂျပန်နိုင်ငံမှ Safe ပစ္စည်းနဲ့ပတ်သက်လို့ အတွေ့အကြုံများပြားတဲ့ကျွမ်းကျင်ပညာရှင်များမွေးထုတ်ရာ EIKO KOGYO ကုမ္ပဏီထံမှလည်း နည်းပညာပံ့ပိုးမှုကို LEECO က ရရှိပါတယ်။

LEECO ကနေ အသေးစားလုံခြုံရေးအာမခံပစ္စည်းတွေကို ဂျပန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့ရာမှာ လူကြိုက်များခဲ့ပါတယ်။ အဲဒီနောက် အကြီးစား Safes ပစ္စည်းတွေ ဆက်လက်ထုတ်လုပ်ပြီး ဂျပန်သို့ တင်ပို့နိုင်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ်၊ နှစ်လယ်ပိုင်းမှာတော့ ထိုင်းကနေ LEECO ထုတ်ကုန်တွေကို အရှေ့တောင်အာရှဒေသတွင်းက မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်စတဲ့နိုင်ငံတွေကို ဈေးကွက်တိုးချဲ့ခဲ့ပါတယ်။ အလားတူ တောင်အာရှက အိန္ဒိယနိုင်ငံကိုလည်း တင်ပို့ရောင်းချခဲ့ပါတယ်။

နိုင်ငံတကာဈေးကွက်ထဲမှာ အောင်မြင်မှုရရှိလာခဲ့တဲ့ LEECO မီးခံသေတ္တာနဲ့လုံခြုံရေးပစ္စည်းတွေ အရည်အသွေးကောင်းမွန်တာကြောင့် ထိုင်းအစိုးရ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပို့ကုန်/သွင်းကုန်ဌာနကနေ Thailand Brand အမှတ်တံဆိပ်ဆုကို ချီးမြှင့်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်၊ ဇွန်လလယ်မှာ TUV REILAND က အသိအမှတ်ပြု ISO 9001-2008 ကို ရရှိခဲ့ပါတယ်။ လက်ရှိကာလမှာ LEECO ကနေ အိမ်သုံး၊ ရုံးသုံး၊ စီးပွားရေးလုပ်ငန်းသုံး မီးခံသေတ္တာမျိုးစုံ၊ Cylinder သော့၊ ဒစ်ဂျစ်တယ်သော့၊ fingerprint စတဲ့လုံခြုံရေးအာမခံသေတ္တာတွေကို ထုတ်လုပ်နေဆဲဖြစ်ပါတယ်။

LEECO အမှတ်တံဆိပ်မီးခံသေတ္တာမျိုးစုံနဲ့ Safes ပစ္စည်းတွေကို ICT.com.mm မှာ အခု ရနေပြီနော်။

https://www.ict.com.mm/brand/leeco/

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *