News

အသက်မွေးမှုအတတ်ပညာသင်တန်းကျောင်း (Center for Vocational Training-CVT Myanmar) စီးပွားရေးပညာ အထောက်အကူပြုသင်တန်း (Commercial Assistant-CA)

အသက်မွေးမှုအတတ်ပညာသင်တန်းကျောင်း CVT Myanmar တွင် စီးပွားရေးပညာ အထောက်အကူပြု သင်တန်းကို ၂၀ဝ၃ ခု၊ ဇန်နဝါရီလတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ CVT သင်တန်းသည် INGO တစ်ခု ဖြစ်ပြီး သင်တန်းစရိတ်ကုန်ကျခံရန် မလိုအပ်ဘဲ အရည်အသွေးမြင့်မားသော ပညာရေးပေးနေသောကျောင်း တစ်ခု ဖြစ်ပါ သည်။ စီးပွားရေးလုပ်ငန်း နယ်ပယ်အသီးသီးရှိ လူငယ်များ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျွမ်းကျင် ဝန်ထမ်းများဖြစ်မြောက်စေရန် ဆွစ်ဇာလန်နိုင်ငံမှ အလှူရှင်များ၏ အထောက်အပံ့ဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ ပြည်တွင်းရှိ လုပ်သက်ရင့် အတွေ့အကြုံရှိ အရည်အချင်းပြည့်ဝသော ဆရာ၊ ဆရာမများနှင့် ဆွစ်ဇာလန်နိုင်ငံမှ ကျွမ်းကျင် ပညာရှင်များ ပူးပေါင်းသင်ကြားနေသော သင်တန်းဖြစ်ပါသည်။ သင်တန်းပြီးဆုံးသူများသည် ပြည်တွင်း ပြည်ပရှိ စီးပွားရေးလုပ်ငန်းခွင်များတွင် အလုပ်အကိုင်အခွင့်အရေးကောင်းများ ရရှိလျှက်ရှိပြီး ကြီးကြပ်၊ မန်နေဂျာ ရာထူးများအပြင် တစ်ချို့မှာ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်များအသွင်ဖြင့် အောင်မြင်ကျွမ်းကျင် အရည်အသွေး ပြည့်ဝစွာ အသက်မွေးဝမ်း ကျောင်းပြုနေကြပြီ ဖြစ်ပါသည်။

လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် သင်တန်းသားအသစ်များကို စတင်လက်ခံနေပါသည်။ စီးပွားရေးပညာ အထောက်အကူပြုသင်တန်းကို တစ်ပတ်လျှင်တစ်ရက်နှုန်းဖြင့် သသက်ဆိုင်ရာ လုပ်ငန်းခွင်မှ ခွင့်ပြုချက်ဖြင့် သင်တန်း ကာလ သုံးနှစ် သင်ကြားပို့ချလျက်ရှိပါသည်။ တက်ရောက်မည့် သင်တန်းသားများသည် သုံးနှစ်တာကာလအတွင်း သင်ယူကြရမည့်ဘာသာရပ်များမှာ စီးပွားရေးဆိုင်ရာ ဘာသာရပ်များဖြစ်သော
• ဘဏ္ဍာရေးစာရင်းကိုင်ပညာ (Financial Accounting)၊
• ဘောဂဗေဒ/ စီးပွားရေးပညာ (Economics)၊
• စီးပွားရေးဆိုင်ရာ ပထဝီဝင် (Economic Related Geography)၊
• လုပ်ငန်းစီမံခန့်ခွဲမှုနှင့် စီးပွားရေးဆိုင်ရာ ဥပဒေများပညာ
(Business Administration & Legal Matter)၊
• အင်္ဂလိပ်စာ(English) ၊
• ကွန်ပျူတာ (Information and Communication Technology)၊
• မြန်မာစာဘာသာရပ်နှင့် ဝန်ထမ်းဘဝကျွမ်းကျင်လက်စွဲများ (Myanmarsar & Life skill) စသည့် ဘာသာရပ်များကို သင်ကြားရပါမည်။

ထို့အပြင် သီအိုရီနှင့် လက်တွေ့ပူးပေါင်းကာ စီးပွားရေးအမြင်ဗဟုသုတများပေးနိုင်ရန် စီးပွားရေးလုပ်ငန်းခွင် အမျိုး မျိုးသို့ လေ့လာရေးခရီးများကို ကျောင်းစာသင်နှစ်တိုင်းတွင် သွားရောက်လေ့လာရပြီး ကျောင်းသား/သူတိုင်းသည် အဖွဲ့လိုက် မှတ်တမ်းစာစောင် (Plant Trip Report) နောက်ဆုံး ဒီပလိုမာအဆင့်အထိ တင်သွင်းရမည် ဖြစ်ပါ သည်။
စီးပွားရေးပညာ အထောက်အကူပြုသင်တန်းလျှောက်ထားသူများသည် အသက် ၁၈ နှစ်မှ ၂၂နှစ် အတွင်းရှိ လူငယ်များ ဖြစ်ရမည်ဖြစ်ပြီး၊ ကုန်သွယ်လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများ၊ ဘဏ် လုပ်ငန်းများနှင့် ကုမ္ပဏီများရှိငွေစာရင်းဌာန၊ စီမံဌာန၊ အရောင်းနှင့် ဈေးကွက်ရှာဖွေရေးဌာနနှင့် ဆက်စပ်ဌာနများ စသော နေရာများတွင် လုပ်ကိုင်နေသူများနှင့် လူငယ်အလုပ်သင်အဖြစ် လုပ်ကိုင်နေသော လူငယ် များ လျှောက်ထားနိုင်ပါသည်။၊ အလုပ်ဌာန နေရာ မရှိသေးသော်လည်း အမှန်တကယ် သင်ယူလေ့လာ ချင်ပြီး အလုပ်သင်အဖြစ် လေ့လာသင်ယူလိုသူများ လျှောက်ထားနိုင် ပါသည်။ သင်တန်းတက်ရောက်စဉ် ကာလအတွင်း လိုအပ်သည့် စာရွက်စာတမ်းကြေးများမှအစ မည်သည့်ငွေကြေး တစ်စုံတစ်ရာ ကောက်ခံခြင်း မရှိပါ။

သင်တန်းနှင့်ပတ်သက်သော သိကောင်းစရာများကို အမှတ် (၄၂)၊ သုံးလွှာ၊ မြန်မာနိုင်ငံကြက်ခြေနီရုံး၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်မြို့နယ်၌ ၆ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၁၄ ခု၊ မနက် ၁၀ နာရီတွင် ရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ဝ၁ – ၃၈၃၆၇၆ နှင့် ဝ၉ -၇၃၁၆၆၂၀၆ သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *