News

လိပ်စာများရှာဖွေနိုင်ပြီးလမ်းညွှန်မှု ပါပေးနိုင်မည့် ဆော့ဖ်ဝဲစတင်သုံးနိုင်

လိပ်စာများကို ရှာဖွေနိုင်ရုံသာမက သွားရောက်ရန်အတွက် လမ်းညွှန်မှုပါပေးနိုင်သော သုခကျော်လမ်းညွှန်စနစ် (Brilliant Directory) ဆော့ဖ်ဝဲ ထွက်ပေါ်လာကြောင်း Giga Gates ကုမ္ပဏီမှ သတင်းရရှိသည် ဟုသိရသည်။

၄င်းဆော့ဖ်ဝဲ ကို Android စနစ်သုံးဖုန်းနှင့် Tablet များတွင် အသုံးပြုနိုင်ပြီး လုပ်ငန်းလိပ်စာပေါင်း ၁၄၀၀၀၀ ခန့်ပါ၀င် သည်ဟုဆိုသည်။ အင်တာနက်မလိုဘဲ Offline ဖြင့်အသုံးပြု နိုင်ပြီးရှာဖွေ ထားသော လိပ်စာများ သို့ ဘတ်စ်ကား လမ်းညွှန် နှင့် ယာဉ်သွားလမ်းကြောင်းတို့ကို လည်းဖေါ်ပြပေးပြီး Google, Yahoo, MSN တို့ကဲ့သို့ သိလိုသောစာသား (keywords) ဖြင့် ရှာဖွေနိုင်သည် ဟုသိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

2 thoughts on “လိပ်စာများရှာဖွေနိုင်ပြီးလမ်းညွှန်မှု ပါပေးနိုင်မည့် ဆော့ဖ်ဝဲစတင်သုံးနိုင်

  1. မြန်မာနိုင်ငံရဲ့ postal and block addressing system က မကောင်းဘူး တမြို့လုံးလိပ်စာတွေပြန်စီမှပို အဆင်ပြေမှာ

  2. ကျော်ခိုင် says:

    ကျွန်တော်လိုချင်တဲ့ဆော့ဝဲလေးတွေကိုဒီဆိုဒ်မှာဘယ်လိုဒေါင်းလို့ရနိုင်မလဲဗျ တစ်ချက်လောက်ပြောပေးပါဦး………….ကျေးဇူးတင်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *