Apps

Features တွေပိုများလာတဲ့ iOS 7.0.3 ထွက်ရှိ

Apple က iOS 7.0.3 ကို Update လုပ်ပေးလိုက်ပါပြီ။ ဒီ Update မှာတော့ iMessage Bug ကိုပြင်ဆင်ထားတဲ့ အပြင် Accelerometer ပြဿနာကို လည်း ပြင်ဆင် ထားပါတယ်။ ဒါ့အပြင် Features အသစ်တွေလည်း များစွာပါရှိတဲ့အတွက် iOS 7 အသုံးပြုသူတွေအတွက် Update လုပ်သင့်ပါတယ်။

Update မှာပါတာတွေကတော့

• iOS Devices တွေက Account Names, Passwords, Credit Card Number တွေကိုသိမ်းဆည်းပေးဖို့ iCloud Keychain ပါရှိလာပါတယ်။

• Safari မှာ Password Generator ပါရှိလာပြီး ဖောက်ထွင်းရခက်တဲ့ အွန်လိုင်း အကောင့်တွေကိုပြုလုပ်ပေးနိုင်ပါတယ်။

• Touch ID အသုံးပြုနေတဲ့အချိန်မှာ “slide to unlock” display ကို delay လုပ်လို့ရလာပါတယ်။

• Spotlight Search မှာ Back ပြန်ကြည့်လို့ရလာပါတယ်။

• iMessage ကနေစာပို့လို့မရတဲ့ပြဿနာကိုဖြေရှင်းပေးထားပါတယ်။

• iMessage Activate လုပ်မရတဲ့ ပြဿနာကိုလည်းပြုပြင်ပေးထားပါတယ်။

• iWork apps တွေသုံးတဲ့အခါမှာ System Stability ပိုမိုကောင်းမွန်အောင်ပြုလုပ်ပေးထားပါတယ်။

• Accelerometer ချိန်ညှိတဲ့ ပြဿနာကို ဖြေရှင်းပေးထားပါတယ်။

• Siri , VoiceOver တို့ကိုအသုံးပြုတဲ့အခါ အသံ Quality မကောင်းတာကို ဖြေရှင်းပေးထားပါတယ်။

• Lock Sccreen Passcode ကို Bypass လုပ်နိုင်တဲ့ ပြဿနာကိုလည်း ဖြေရှင်းပေးထားပါတယ်။

• Reduce Motion Setting ကိုပိုကောင်းအောင်ပြုလုပ်ပေးထားပါတယ်။

• VoiceOver ကိုပိုမိုကောင်းအောင်ပြင်ဆင်ပေးထားပါတယ်။

• Bold Text Setting ကို Dial Pad Text မှာသုံးလို့ရလာပါတယ်။

• Software ကို Update လုပ်တဲ့အခါ မှာ Supervised Devices တွေက Un-supervised Device တွေဖြစ်သွားတဲ့ပြဿနာကိုပြင်ဆင်ပေးထားပါတယ်။

Update လုပ်ချင်ရင် Settings> General > Software Update ကနေပြုလုပ်နိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *