News

Dell ကွန်ပျူတာ၀ယ်ယူအသုံးပြုသူများ Dellအထူး အခွင့်အရေး ကတ်များရရှိမည်

Dell ကွန်ပျူတာ အသုံးပြုသူများအတွက် Dellအထူး အခွင့်အရေးကတ်ကို ဖန်တီးပေးလာကြောင်း သတင်းရ ရှိသည်။ အဆိုပါကတ်ကို ကွန်ပျူတာ၀န်ဆောင်မှုနှင့် ၀ယ်ယူရာတွင်သာမကနာမည်ကြီး ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များနှင့် မြန်မာနိုင်ငံရှိ အခြား၀န်ဆောင်မှု လုပ်ငန်းများတွင် လည်း Discount ကတ်အဖြစ် သုံးစွဲနိုင် မည်ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံ မှာ Dell Consumer Business ရဲ့အရောင်းတိုးတက် လာတာနဲ့အမျှ ကျွန်မတို့ရဲ့ အမှတ်တံဆိပ် ကို စွဲမြဲ နေစေဖို့အတွက် Dell အထူးအခွင့် အရေးကတ်ကို ဖန်တီးပေးတာ ဖြစ်ပါတယ်။ဒီကတ်ဟာ Dell Consumer ပစ္စည်းများကို တရား၀င် ဖြန့်ချီခွင့်ရထားတဲ့ အရောင်းဆိုင်တွေကနေ ၀ယ်ယူအားပေး ထားတဲ့ သုံးစွဲသူတွေ အတွက် ဖြစ်ပါတယ် “ ဟု Dell အင်ဒိုချိုင်းနား ၏ Senior Channel Sales Manager ဖြစ်သူ Ms.Sadanan Yodpradoo ကပြောသည်။

ပြည်တွင်း၌ Dell Consumer ထုတ်ကုန်များကို KMD ကုမ္ပဏီ က တရား၀င် ဖြန့်ချီခွင့် ရရှိထားပြီး တရား၀င် အရောင်း ကိုယ်စားလှယ် များမှာ Citicom, MAT, ICE, Innwa, Technoland, Unique , Life Mark , Eastern အစရှိသည့် ကွန်ပျူတာ အရောင်းဆိုင် များဖြစ်ကြောင်း သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *