News

Korea Education Fair In Myanmar 2013

korea-university

တောင်ကိုရီးယားနိုင်ငံရှိ အဆင့်မြင့် ထိပ်တန်းပုဂ္ဂလိက တက္ကသိုလ်ကြီးများ၊ အစိုးရတက္ကသိုလ်ကြီးများမှ လာရောက််၍ Korean Universityများဆိုင်ရာ Education Fairကို မြန်မာပြည်တွင်းမှ စိတ်၀င်စားသော ကျောင်းသားလူငယ်များအတွက် လာရောက်ပြုလုပ်မည် ဖြစ်သည်။ အဆိုပါပွဲတွင် သက်ဆိုင်ရာ တက္ကသိုလ် အသီးသီးမှ တာ၀န်ရှိသူများက ကိုရီးယား တက္ကသိုလ်ပညာရေး စနစ်များ၊ နိုင်ငံခြားကျောင်းသားတိုင်း ရရှိမည့် ကျောင်းတိုင်းမှပေးသော အကောင်းဆုံး ၀န်ဆောင်မှု အခွင့်အရေးများ၊ Scholarship အစီအစဉ်များတို့ကို ရှင်းလင်းပြောကြားမည် ဖြစ်သည်။

ထို့ပြင် အခြား အာရှနိုင်ငံများမှ တက္ကသိုလ်များနှင့်ယှဉ်လျှင် သင်ကြားစရိတ် သက်သာပြီး ကျောင်းသားများ အတွက် အထူးရွေးချယ်စရာ များပြားကောင်းမွန်သော Internationalအဆင့် သင်ရိုးညွန်းတမ်း Majorများကို Seminarဖြင့်လည်း ရှင်းလင်းပြောကြား ပေးသွားမည် ဖြစ်သည်။ လာရောက် ဆွေးနွေးသော ကျောင်းသားများကိုလည်း ကိုရီးယားသို့ ပညာသွားရောက် သင်ကြားမည်ဆိုပါက လိုအပ်သော အချက်အလက်များကို တစ်ဦးချင်းစီ ကျောင်းမှ တာ၀န်ရှိသူများ ကိုယ်တိုင် ဆွေးနွေး တိုင်ပင် အကြံဉာဏ်ပေးမည် ဖြစ်သည်။ ထို့ပြင် ပျော်ရွှင်စရာ Lucky Draw အစီအစဉ်ကိုလည်း ပြုလုပ်မည်ဖြစ််ပြီး လာရောက်သူများအတွက် လက်ဆောင်ပေးခြင်း အစီအစဉ်လည်း ပါ၀င်မည်ဖြစ်သည်။

အဆိုပါ Education Fairကို World Korea Companyမှ ကြီးမှုး ကျင်းပသွားမည်ဖြစ်ပြီး မေလ ၁၄၊ ၁၅ နှစ်ရက်ဆက်တိုက် မနက် ၁၀နာရီခွဲမှ ညနေ ၆နာရီခွဲ အထိ ရန်ကုန်မြို့၊ ကျွန်းတောလမ်းရှိ Junction Square Indoor Hall၌ ပြုလုပ်မည် ဖြစ်သည်။ အသေးစိတ် သိရှိလိုပါက အောက်ပါလိပ်စာအတိုင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။ ကြိုတင်စာရင်းပေးသွင်းရန် မလိုဘဲ မည်သူမဆို အခမဲ့ လာရောက် နားထောင် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ အသေးစိတ် သိရှိလိုပါက World Korea Co.,Ltd. ဖုန်း- ၀၁-၂၃၀-၄၃၇၈၊ ၀၉-၄၀၂-၇၀၄-၀၈၇၊ အမှတ် (၁၅/၁၇) အခန်းအမှတ် (၃-ဘီ) Second Floor၊ MTP ကွန်ဒို၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့သို့ ဆက်သွယ်နိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *