Education, Lifestyle, News

မြန်မာကျောင်းသူ/သားများအတွက် အင်္ဂလန်နိုင်ငံ University of Greenwich ၏ ဘွဲ့သင်တန်း တက်ရောက်နိုင်မည့် အခွင့်အလမ်းနှင့် ရရှိနိုင်မည့် ဆုများအကြောင်း

KMD

အင်္ဂလန်နိုင်ငံ ထိပ်တန်းတက္ကသိုလ်ကြီးဖြစ်သည့် Greenwich University ၏ ဘွဲ့သင်တန်းကို မြန်မာနိုင်ငံမှ ကျောင်းသူ/သားများ နိုင်ငံရပ်ခြားတွင် သွားရောက်တက်ရန်မလိုပဲ ပြည်တွင်းရှိ KMD Computer Centre မှာပင် အချိန် (၃) နှစ်ခန့် ပေးရုံနှင့် ရရှိနိုင်ပြီ ဖြစ်ပါသည်။

ပထမနှစ် သင်တန်းကို ကွန်ပြူတာဘွဲ့ ရယူလိုသော တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသူများ၊ အောင်မြင်ပြီးသူများ နှင့် GCE O-Level နှင့် ညီမျှသော အရည်အချင်းရှိသူများ တက်ရောက်နိုင်ပါသည်။ အချိန် ကာလ (၁) နှစ် ကြာမြင့်မည် ဖြစ်ပါသည်။ ပထမနှစ်အောင်မြင်ပြီးလျှင် NCC, UKကပေးတဲ့ International Computing Diploma ရရှိမည်ဖြစ်သည်ဟု သိရပါသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသူ၊ သားများအတွက်လည်း မိမိတို့ ရရှိထားသော ဂုဏ်ထူး အရေအတွက်အလိုက် ပညာသင်ဆု (Scholoarhsip) ပေးသည့် အစီအစဉ်များလည်း စီစဉ်ပေးထားပါသည်။

ဒုတိယနှစ်ကိုတော့ ပထမနှစ် ဖြေဆိုအောင်မြင်ပြီးသူများအပြင် ပြည်တွင်း IT diploma, Computer တက္ကသိုလ်၊ GTC တက္ကသိုလ် ဒုတိယနှစ် တက်ရောက်နေသောသူများ နှင့် တက္ကသိုလ်မှ ဘွဲ့တစ်ခုခု ရရှိထားသူများ တက်ရောက်နိုင်ပါသည်။ဒုတိယနှစ် အောင်မြင်ပြီးလျှင် နောက်ထပ် Advanced Computing Diploma တစ်ခုကို ထပ်မံရရှိမည် ဖြစ်ပါသည်။
နောက်ဆုံးနှစ် ကိုတော့ ဒုတိယနှစ် ဖြေဆိုအောင်မြင်ပြီးသော NCC ၊ EdExcel(HND) ၊ Informatics၊ အခြား Advanced ဒီပလိုမာ ရရှိပြီးသူများ နှင့် မြန်မာနိုင်ငံ အစိုးရအသိအမှတ်ပြု ကွန်ပြူတာတက္ကသိုလ်ဘွဲ့ ရရှိထားသူများ တက်ရောက်နိုင် ပါသည်။

နောက်ဆုံးနှစ် ပြီးဆုံးသွားလျှင် University of Greenwich,UK က ပေးတဲ့ B.Sc(Hons) Business IT ဘွဲ့ကို ရရှိမည် ဖြစ်ပါသည်။ နောက်ဆုံးနှစ် ပြီးမြောက်၍ Degree ရယူပြီးသူများ Master degree ကို ပြည်တွင်းတွင်သာမက နိုင်ငံခြားတွင် ဆက်လက် လေ့လာနိုင်မည် ဖြစ်ပါသည်။

First Year နှင့် Second Year အတွက် NCC (UK) သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပြီး Final Year အတွက်တော့ University of Greenwich,UK သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပေးလျှက် ရှိပါသည်။ သင်ရိုးညွန်းတန်းအပြင် လုပ်ငန်း ခွင်ဝင်သည့်အခါ အဆင့်သင့်ဖြစ်စေရန် လုပ်ငန်းခွင် အထောက်အကူပြု သင်တန်း (OJT, On Job Training) နှင့် Microsoft Professional တစ်ယောက်ဖြစ်ရန် Microsoft Professional Certification (MCP) training ကိုလည်း ထပ်မံဖြည့်စွက် သင်ကြားပေးလျှက်ရှိပါသည်။

သင်တန်းတက်ရောက်နေစဉ် ထူးချွန်ကျောင်းသူ၊ သားများအတွက် NCC (UK) နှင့် KMD မှ ဆုချီးမြှင့်သည့် အစီအစဉ်များ လည်းရှိကြောင်း သိရပါသည်။ ပထမနှစ်တွင် ထူးချွန်စွာ အောင်မြင်သူများအတွက် တစ်ကမ္ဘာလုံး အမှတ်အများဆုံးဆု (Global High Achiever) နှင့် အာရှဒေသအတွင်း အမှတ်အများဆုံးဆု (Asia Regional High Achiever) ကို NCC (UK) မှ ပေးအပ်ပြီး KMD ဘက်မှလည်း ဒုတိယနှစ်သင်တန်းကြေးကို ဆုအဖြစ် ပေးအပ်ချီးမြှင့်မည် ဖြစ်ပါသည်။

ဒုတိယနှစ်တွင် ထူးချွန်စွာ အောင်မြင်သူများကိုလည်း တကမ္ဘာလုံး အမှတ်အများဆုံးဆု (Global High Achiever) နှင့် အာရှဒေသအတွင်းအမှတ်အများဆုံးဆု (Asia Regional High Achiever) ကို NCC (UK) မှ ပေးအပ်ပြီး၊နောက်ဆုံးနှစ် သင်တန်းကြေးကို KMD မှ ဆုအဖြစ် ပေးအပ်ချီးမြှင့်သည်ဟု သိရပါသည်။

ပညာရပ်များ ကျွမ်းကျင်အောင် လေ့ကျင့်သင်ကြားပေးသည့် အပြင် ကျောင်းတက်ရောက်နေစဉ်နှင့် ဒီပလိုမာ ၊ ဘွဲ့ရပြီး လုပ်ငန်း ခွင်ဝင် လိုသူများအတွက် KMD campus တွင်းမှာပင် Career fair များစီစဉ်၍ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင် အောင်လည်း စီစဉ်ပေးကြောင်း သိရပါသည်။

Diploma နှင့် Degree ရရှိထားသူများအနေနှင့် ပြည်တွင်း၊ ပြည်ပ IT company ကြီးများတွင် System Engineer, System Designer, Database Administrator, Web Administrator, Network Engineer, IT Technician, Developer အစရှိသည့် ရာထူးများ ဖြင့် ဝင်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။

သင်တန်းပြီးမြောက်ပါက နိုင်ငံခြားတွင် ပညာဆက်လက် သင်ယူလိုသူများအား တက်ရောက်နိုင်သည့် University များအား ဆွေးနွေးပေးခြင်း၊ တက်ရောက်လိုသည့် University နှင့် ချိတ်ဆက်ပေးပြီး ကျောင်းလျှောက်ပေးခြင်းများကိုလဲ ဝန်ဆောင်ခ မယူပဲ ဆောင်ရွက်ပေးလျက် ရှိပါသည်။

နည်းပညာ ဖွံ့ဖြိုးတိုးတက်လာသော ခေတ်ကြီးတွင် Information Communication Technology (ICT) ဘာသာရပ်ကို ပြည်တွင်းမှာပင် စရိတ်သက်သာပြီး နိုင်ငံတကာ အသိအမှတ်ပြု ကွန်ပျူတာသိပ္ပံဘွဲ့  ရယူလိုသူများ တက်ရောက်သင့်သော သင်တန်းဖြစ်ပါသည်။

၂၀၁၄ -၂၀၁၅ ပညာသင်နှစ်အတွက် ပညာသင်ဆုရယူလိုသူများ နှင့် သင်တန်းအပ်နှံလိုသူများ KMD Computer (Myaynigone) Center ၊ အမှတ် (၃၃၁) ပြည်လမ်း၊ စမ်းချောင်းမြို ့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ဝ၁- ၅၀၂-၂၃၃၊ ဝ၁-၅၂၇-၄၃၆၊ ဝ၁- ၅၃၄-၁၇၀၊ ဝ၁-၇၀ဝ-၈၉၅ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Related Posts