Education, Lifestyle

နိုင်ငံတကာအသိအမှတ်ပြု ကွန်ပျူ တာသိပ္ပံ ဘွဲ့သင်တန်း ၊ ၂၀၁၄ ပညာသင်နှစ် ပထမနှစ် အတွက် သင်တန်းကြေး ကင်းလွှတ်ခွင့်များ December လတွင် နောက်ဆုံး အနေဖြင့် လျှောက်ထားနိုင်မည်

KMD

အင်္ဂလန်နိုင်ငံ ၊ Greenwich တက္ကသိုလ်မှ ပေးအပ်သည့် ကွန်ပျူ တာသိပ္ပံဘွဲ့ကို မြန်မာနိုင်ငံတွင် တက်ရောက်ပြီး တိုက်ရိုက်ရယူ နိုင်မည့် အခွင့်အလမ်းကို KMD သင်တန်းကျောင်းတွင် ရရှိနိုင်ပါသည် ။ ပညာသင်ကာလ ၃ နှစ်ဖြစ်ပြီး ပထမနှစ် ကွန်ပျူ တာ ဒီပလိုမာသင်တန်း ၊ ဒုတိယနှစ် အဆင့်မြင့် ကွန်ပျူ တာဒီပလိုမာ သင်တန်းနှင့် နောက်ဆုံးနှစ် ကွန်ပျူ တာသိပ္ပံဘွဲ့ သင်တန်း ၃ မျိုး တက်ရောက်ရမည် ဖြစ်ပါသည်။ ပထမနှစ်သင်တန်း ပြီးဆုံးပါက Programmer ၊ Webdeveloper အနေဖြင့် လုပ်ငန်းခွင် ဝင်ရောက်နိုင်မည့် ကွန်ပျူ တာ ဒီပလိုမာ ရရှိမည်ဖြစ်ပြီး ဒုတိယနှစ် ပြီးဆုံးပါကလည်း System Analyst ၊ Web Administrator အနေဖြင့် လုပ်ငန်းခွင် ဝင်ရောက်နိုင်မည့် အဆင့်မြင့် ကွန်ပျူ တာ ဒီပလိုမာကို ရရှိမည်ဖြစ်ပါတယ် ။ ထပ်မံပြီး နောက်ဆုံးနှစ် အောင်မြင်ပြီးပါက ကွန်ပျူ တာသိပ္ပံဘွဲ့ (B.Sc Hons B.I.T) ကို ရရှိမည်ဖြစ်ပြီး Project Manager ၊ Web Master စသည့် နည်းပညာရှင်များအဖြစ် လုပ်ငန်းခွင်ဝင်ရောက်နိုင်မည် ဖြစ်ပါတယ် ။

ဒါကြောင့် သင်တန်းများပြီးဆုံးလျှင် ကွန်ပျူ တာ ဒီပလိုမာ ၂ ခု နှင့် ဘွဲ့တစ်ခုရရှိမည် ဖြစ်ပါတယ် ။ Greenwhich University မှ ချီးမြှင့်သော ဒီပလိုမာများမှာ နိုင်ငံတကာအသိမှတ်ပြု  ဖြစ်သောကြောင့် နိုင်ငံတကာရှိ ကုမ္မဏီကြီးများတွင် ဝင်ရောက်လုပ်ကိုင် နိုင်မည့် အခွင့်အရေးများ ၊ နိုင်ငံတကာ တက္ကသိုလ်ကြီးများတွင် ဘွဲ့လွန်သင်တန်းများ ဆက်လက်တက်ရောက်နိုင်မည့် အခွင့်အရေးများစွာ ရရှိမည်ဖြစ်ပါတယ် ။ KMD ၏ ကွန်ပျူ တာသိပ္ပံဘွဲ့သင်တန်း ပထမနှစ်အတွက်တန်းခွဲသစ်များဖြစ်တဲ့ 7:00 am to 11:00 am (Mon – Fri) သင်တန်းကို နိုဝင်ဘာလ ၂၄ ရက်တွင်လည်းကောင်း ၊ 1:00 pm to 4:00 pm (Mon – Fri) သင်တန်းကို ဒီဇင်ဘာလ ၅ ရက်တွင်လည်းကောင်း ဖွင့်လှစ်ထားသော သင်တန်းများကို ၂၀၁၃-၁၄ တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူများအနေဖြင့် ၂၀%  မှ ၁၀ဝ% အထိ သင်တန်းကြေး ကင်းလွှတ်ခွင့်များဖြင့် ဒီဇင်ဘာလ တွင် နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည် ။ KMD ၏ ကွန်ပျူ တာသိပ္ပံဘွဲ့ သင်တန်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ဖုန်း 01-700-895 ၊ 01-502-233 သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ် ။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *