News

မြန်မာ့ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးတို့မှ ဦးစီး၍ နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်ဆိုက်ရောက်ခြင်း အထိမ်းအမှတ် စာနယ်ဇင်းရှင်းလင်းပွဲ

မြန်မာ့ပို့ဆောင်ရေး ဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံရုံး တို့မှဦးစီး၍ FMI၊ Schindler နှင့် ABB တို့မှ အတူ ပူးပေါင်းပါဝင်သည့် နေရောင်ခြည် စွမ်းအင်သုံးလေယာဉ် ဆိုက်ရောက်ခြင်း အထိမ်းအမှတ် စာနယ်ဇင်း ရှင်းလင်းပွဲသို့ တက်ရောက်နိုင်ရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ စာနယ်ဇင်းရှင်းလင်းပွဲအား မတ်လ ၂၀ရက် မနက် ၈နာရီ ၃၀ မိနစ်တွင် နေ့တွင် မန္တလေး အပြည်ပြည် ဆိုင်ရာတံတားဦးလေဆိပ်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူမှ အဖွင့်အမှာစကား ပြောကြားမည်ဖြစ်ပြီး ယင်းနောက်တွင် Si2 မှ လေယာဉ်မှူး များဖြစ်ကြသော Dr.Bertrand Piccard နှင့် Mr.André Borschberg တို့မှ ဆက်လက် ပြောကြားသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး Mr.Christoph Burgener နှင့် ပြည်တွင်း မိတ်ဖက်ကုမ္ပဏီဖြစ်သည့် FMI နှင့် ကမ္ဘာတစ်ဝှမ်းလုံးဆိုင်ရာ မိတ်ဖက်ကုမ္ပဏီဖြစ်သည့် Schindler နှင့် ABB တို့မှ ဆက်လက်ပြောကြားကြမည်ဖြစ်ပါသည်။

နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားပြီးနောက် အမေးအဖြေ ကဏ္ဍအား လေယာဉ်မှူးများကိုယ်တိုင် ဦးဆောင် ဖြေကြား သွားမှာဖြစ်ပါသည်။ ဆက်လက်ပြီး ABB ၏ စာနယ်ဇင်းရှင်းလင်းပွဲကို ကျင်းပသွားမည် ဖြစ်ပါသည်။ အခမ်းအနားတွင် Solar Impulse လေယာဉ်အား ခင်းကျင်းပြသထားမည် ဖြစ်သဖြင့် သတင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးနိုင်မည်ဖြစ်ပါသည်။ သတင်းစာရှင်းလင်းပွဲ အပြီးတွင် ပညာရပ်ဆိုင်ရာ မျှဝေခြင်းကဏ္ဍတွင်လည်း ပါဝင်လေ့လာနိုင်မည် ဖြစ်ပါသည်။

အခမ်းအနား အစီအစဉ်
နေ့ရက်: သောကြာနေ့၊ ၂၀ရက် မတ်လ ၂၀၁၅။
ဘတ်စ်ကားထွက်ခွာမည့်အချိန်: မနက် ၇နာရီ
ဘတ်စ်ကားထွက်ခွာမည့် နေရာ: မန္တလေးဘူတာကြီးရှေ့
Solar Impulse သတင်းစာရှင်းလင်းပွဲအချိန်: မနက် ၈နာရီ ၃၀ မိနစ် မှ မနက် ၉နာရီ ၃၀ မိနစ်
ABB သတင်းစာရှင်းလင်းပွဲအချိန်: မနက် ၉နာရီ ၃၀မိနစ် မှ မနက် ၁၀နာရီ ၃၀ မိနစ်
Solar Impulse 2 လေယာဉ်လေ့လာရေးအချိန်: မနက် ၁၀နာရီ မှ နေ့လည်ခင်း
နေရာ: မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ တံတားဦး။

မန္တလေးမြို့တွင်းနှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တို့အကြား အသွားအပြန်အတွက် ကြိုပို့ကား စီစဉ်ထားပေးမည် ဖြစ်ပါသည်။ လေဆိပ် လုံခြုံရေးအရ စာနယ်ဇင်းမီဒီယာမိတ်ဆွေများ အနေဖြင့် အဆိုပါ အခမ်းအနားသို့ တက်ရောက်ရန်အတွက် ကြိုတင်စာရင်းပေးရန် လိုအပ်ပါသည်။ စာရင်းသွင်းရန်အတွက် ပူးတွဲပါ ဖိုင်တွင် မီဒီယာမှ တက်ရောက်မည့် သူများ၏ အမည်များ၊ မီဒီယာအဖွဲ့အစည်းအမည်၊ မှတ်ပုံတင်နံပါတ် (သို့) passport နံပါတ် နှင့် ယူဆောင်လာမည့် ရိုက်ကူးရေးအတွက် လိုအပ်သော ပစ္စည်းစာရင်းအား ဖြည့်စွက်ကာ ပြန်လည်ပေးပို့စေလိုပါသည်။

တက်ရောက်မည့်သူများမှာ ဓာတ်ပုံပါရှိသည့် Identity Card အား တပါတည်း ယူဆောင်လာရန် လိုအပ်ပါသည်။ ဓာတ်ပုံ ပါရှိသည့် Identity Card အား မပါရှိပါက လေဆိပ်အတွင်းသို့ ဝင်ရောက်ခွင့် ရှိလိမ့်မည် မဟုတ်ပါ။

ယူဆောင်နိုင်သည့်ပစ္စည်း နှင့် မယူဆောင်နိုင်သည့်ပစ္စည်းများ

အောက်ပါ ပစ္စည်းများကို ယူဆောင်နိုင်ပါသည်။

– ဓါတ်ပုံနှင့် ဗီဒီယို ရိုက်ကူးရန် လိုအပ်သော ပစ္စည်းကိရိယာများ (အဆိုပါ ကိရိယာများအတွက် ပူးတွဲပါ ဖိုင်တွင် ဖြည့်စွက်ပြီး စာရင်းသွင်းရန်
– အိတ်ဆောင်ပိုက်ဆံအိတ်ငယ်
– မိုဘိုင်းဖုန်း
– သယ်ဆောင်မည့်ပစ္စည်းများအတွက်အိတ်ငယ်

အောက်ပါ ပစ္စည်းများကို အခမ်းအနားသို့ ယူဆောင်ခွင့်ပြုမည်မဟုတ်ပါ။

– ကျောပိုးအိတ်
– လက်ကိုင်အိတ်၊လွယ်အိတ်အကြီး
– မုန့်များနှင့် အရည် ပါဝင်သော ပစ္စည်းများ (အခမ်းအနားတွင် ရေနှင့် အချိုရည်များ ဧည့်ခံမည် ဖြစ်ပါသည်။)

လူကြီးမင်းတို့၏ ကျောပိုးအိတ်များနှင့် လွယ်အိတ်များအား လုံခြုံရေးအရ မီဒီယာ ကြိုပို့ယာဉ်ပေါ်တွင် ချန်ခဲ့ရမည် ဖြစ်ပါသည်။

လူကြီးမင်းတို့အနေဖြင့် အဆိုပါ သတင်းစာ ရှင်းလင်းပွဲအား တက်ရောက်မည်ဆိုပါက မတ်လ ၁၉ရက်၊ ကြာသပတေးနေ့ ထက် နောက်မကျပဲ အကြောင်းကြားစေလိုပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *