Education, Lifestyle, News

KMD မှ International Diploma in Computing သင်တန်းအား ဇန်နဝါရီလအတွင်း တန်းခွဲသစ်များ ဖွင့်လှစ်သွားမည်။

KMD မှ International Diploma in Computing သင်တန်းအားဇန်နဝါရီလအတွင်းတန်းခွဲသစ်များဖွင့်လှစ်သွားမည်။

တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ပြီးသူတိုင်း ကွန်ပျူတာနည်းပညာရပ်အား အသက်မွေးဝမ်းကျောင်းပညာအဖြစ် ရွေးချယ် လိုပါက နိုင်ငံတကာအသိအမှတ်ပြု ကွန်ပျူတာဒီပလိုမာသင်တန်း ပထမနှစ်ကို KMD Computer Centre တွင် စတင် တက်ရောက်နိုင်မည် ဖြစ်ပါတယ်။ ပထမနှစ်သင်တန်းတွင် Computer Networks, Computer Systems, Databases နှင့် Designing and Developing Object Oriented Computer Programs ဘာသာရပ်တွေကို အဓိကထားပြီး သင်ကြားပေးသွားမည်ဖြစ်ပြီး Skills for Computing, Designing and Developing Websites, Software Development Techniques နှင့် Office Solutions Development ဘာသာရပ်တွေကိုပါ သင်ကြားပေးသွားမည် ဖြစ်ပါတယ် ။ ဘာသာရပ်တိုင်းအတွက် Assignment များ ပြုလုပ်ရမည်ဖြစ်တာကြောင့် စာတွေ့ပါမက လက်တွေ့ပါ တခါတည်း သင်ကြားပေးသွားမှာဖြစ်ပါတယ် ။ ပထမနှစ် International Diploma in Computing ပထမနှစ်သင်တန်းကို တက်ရောက် ဖြေဆိုအောင်မြင်ပြီးပါက NCC Education (UK) မှ ပေးအပ်ချီးမြှင့်သော နိုင်ငံတကာအသိအမှတ်ပြု ဒီပလိုမာလက်မှတ်ကို ရရှိမည်ဖြစ်ပြီး Programmer, Web Developer, Network Administrator နှင့် Database Designer အနေဖြင့် လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်ပါတယ် ။ ဒါ့အပြင် ဒုတိယနှစ် အဆင့်မြင့် ဒီပလိုမာသင်တန်းနှင့် တတိယနှစ် ကွန်ပျူတာ သိပ္ပံဘွဲ့သင်တန်းကို KMD တွင်သာမက နိုင်ငံတကာတက္ကသိုလ်များတွင်ပါ ဆက်လက် သင်ကြားခွင့်ရရှိမည် ဖြစ်ပါတယ် ။ ဇန်နဝါရီလအတွက် ပထမနှစ်တန်းခွဲသစ်များဖြစ်သော Monday to Friday (1:00 pm to 4:00 pm) တန်းခွဲကိုလမ်းတော်ရှိ KMD Computer Centre တွင်လည်းကောင်း ၊ Monday to Friday (11:00 am to 2:30 pm) တန်းခွဲကိုမြေနီကုန်း ၊ မဟာမြိုင်ရှိ KMD Computer Centre တွင် ဖွင့်လှစ်သွားမည် ဖြစ်ပါတယ်။ တန်းခွဲသစ်များနှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းသိရှိလိုပါကဖုန်း KMD : 01-700-805 သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ် ။

Related Posts