News

Build with Pride နှစ်ပတ်လည်အခမ်းအနားတွင် တန်ဖိုးထားရသည့် အကျိုးစီးပွား သက်ဆိုင်သူ အားလုံးနှင့် ‘Grow Together’ အတူတကွ တိုးတက်အောင်မြင်ရန် SCG က ကတိကဝတ်ပြု

Build with Pride နှစ်ပတ်လည်အခမ်းအနားတွင် တန်ဖိုးထားရသည့် စီးပွားဖက်များ၊ ဖောက်သည်များ၊ အကျိုးစီးပွား သက်ဆိုင်သူတွေအားလုံး နှင့် ‘Grow Together’ အတူတကွ တိုးတက်အောင်မြင်ရန် SCG က ကတိကဝတ်ပြု

မြန်မာ၊ မတ်လ ၁၉ ရက်၊ ၂၀၁၅ ခုနှစ် – အာဆီယံ ဦးဆောင်လုပ်ငန်းစုကြီးဖြစ်သည့် SCG သည် တန်ဖိုးထားရသည့် စီးပွား ဖက်များနှင့် ဖောက်သည်များအား ကျေးဇူးတုန့်ပြန်ရန်နှင့် အတူတကွ ကြီးထွားတိုးတက်ရန် သန္နိဋ္ဌာန် ချထားမှုကို ဖော်ထုတ် ပြသရန် ရည်ရွယ်ပြီး SCG Build With Pride နှစ်ပတ်လည်အခမ်းအနားကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံ၌ SCG ၏ ပထမဆုံးအရောင်းပြခန်း အကောင်အထည်ဖော်တည်ဆောက်မှု၊ စွမ်းရည် ပျိုးထောင်တည်ဆောက်နေမှုနှင့် ထုတ်ကုန်အသစ် တပ်ဆင်မှုများအားဖြင့် ဖောက်သည်များအား SCG ၏ ပိုမိုကောင်းမွန် အဆင့်မြင့်မားသည့် ပံ့ပိုးမှုကို ကြေညာခဲ့ပါသည်။

SCG အနေဖြင့် ယခုနှစ်တွင် ဈေးကွက်များသို့ ပိုမိုထိုးဖောက်ရောက်နိုင်ရန်အတွက် ကုန်ပစ္စည်းဖြန့်ဖြူးရေး လမ်းကြောင်းများကို လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲမှုနှင့် ဖောက်သည်များနှင့် ခိုင်မာသည့် ဆက်ဆံမှုများ တည်ဆောက်သွားရန် အလေးထား ဆောင်ရွက်သွားမည် ဖြစ်သည်။ သင်္ကြန်ပွဲတော်အပြီးတွင် ရန်ကုန်မြို့၊ ၁၀ မိုင်ကုန်းလမ်းတွင် မြန်မာနိုင်ငံ၌ SCG ၏ ပထမဆုံး အရောင်းပြခန်းအား ဖွင့်လှစ်သွားမည်ဖြစ်ကာ နားလည်တတ်ကျွမ်းသည့် အရောင်းဝန်ထမ်းအဖွဲ့အားဖြင့် ဖောက်သည်များကို ပိုမိုတိုးတက်ကောင်းမွန်သည့် ဝယ်ယူမှုအတွေ့အကြုံကို ပံ့ပိုးသွားမည်ဖြစ်ပါသည်။

ရောင်းဝယ်ရေးလုပ်ငန်းများ ဆက်သွယ်မှုကွန်ယက်၏ လုပ်ရည်ကိုင်ရည် ကျွမ်းကျင်မှုကို မြှင့်တင်သွားရန်နှင့် ရေရှည် ယှဉ်ပြိုင် စွမ်းရှိရန်အတွက် ရောင်းဝယ်ရေးလုပ်ငန်းများအား လုပ်ပိုင်ခွင့်များ ပေးအပ်သွားရန် SCG က ဆုံးဖြတ်ထားပါသည်။ ရောင်းဝယ်ရေးလုပ်ငန်များအား ကုန်ပစ္စည်းသုံးစွဲမှုနှင့် ဆောက်လုပ်ရေး နည်းပညာများနှင့် ပတ်သက်သည့် သင်တန်းတစ်ခု ကိုလည်း SCG က ဆောင်ရွက်လျက်ရှိပြီး SCG ၏ တရားဝင်ရောင်းဝယ်ရေး ကိုယ်စားလှယ်လုပ်ငန်းများ အနေဖြင့် လာမည့် လများတွင် SCG ထုတ်ကုန်အရောင်း ရုံငယ်များကို လက်ခံရရှိမည် ဖြစ်ပါသည်။

ရန်ကုန်ရှိ ဟိုတယ်အသစ် Hotel Novotel Yangon Max တွင် အဆိုပါအခမ်းအနားကို နှစ်ရက်တာ ကျင်းပခဲ့ခြင်း ဖြစ်ခဲ့ကာ ယနေ့တွင် စီးပွားဖက်များနှင့် ဖောက်သည်များကို ကျေးဇူးတုန့်ပြန်သည့် အနေဖြင့် ထုတ်ကုန်အခြေပြု ထူးခြားသည့်ဂိမ်းများ၊ ကံစမ်းမဲ အစီအစဉ်များ၊ ဂီတဖျော်ဖြေရေး အစီအစဉ်များနှင့် သရီးဒီရုပ်ရှင် ပြသမှုတို့ ပါဝင်သည့် အစီစဉ်တစ်ရပ်ကို ပြုလုပ်ခဲ့ ပါသည်။ မနက်ဖြန်တွင်လည်း လုပ်ငန်းနယ်ပယ်များမှ သက်ဆိုင်ရာ ကိုယ်စားလှယ်များ၊ ဗိသုကာပညာရှင်များနှင့် ဆောက်လုပ် ရေးလုပ်ငန်းများအတွက် အလားတူ အခမ်အနားတစ်ရပ်ကို ဤဟိုတယ်၌ပင် SCG က စီစဉ်ကျင်းပသွားမည်ဖြစ်ပါသည်။

“Grow Together ဆိုတဲ့ ဒီနှစ်ရည်မှန်းချက်ဆောင်ပုဒ်ဟာ ကျွန်တော်တို့ရဲ စီးပွားဖက်တွေနဲ့ ဖောက်သည်တွေကို ရည်ညွှန်း ခြင်းသာမကဘဲ မြန်မာနိုင်ငံနဲ့အတူ ဖွံ့ဖြိုးတိုးတက်ရန်နဲ့ ပြည်သူလူထုရဲ့ဘဝ အရည်အသွေးကို မြှင့်တင်ပေးဖို့ ကျွန်တော်တို့ရဲ့ သန္နိဋ္ဌာန်ချထားမှုကို အလေးထား ဖော်ပြလျက်ရှိပါတယ်။ ဒီအခမ်းအနားအားဖြင့် ကျွန်တော်တို့ရဲ့စီးပွားဖက်တွေကို ကျွန်တော် တို့ရဲ့ အနက်ရှိုင်းဆုံး ကျေးဇူးတုန့်ပြန်မှုကို ပြသဖို့နဲ့ အဆင့်အမြင့်ဆုံးနည်းပညာ၊ ဒီဇိုင်းတို့နဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ ကျွန်တော် တို့ရဲ့ နောက်ဆုံးပေါ်ထုတ်ကုန်တွေရဲ့ အရည်အသွေးတွေကို ထုတ်ဖော်ပြသနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ” ဟု မြန်မာနိုင်ငံ ဆိုင်ရာ SCG ၏ Country Director ဖြစ်သူ Mr. Chana Poomee က ပြောကြားပါသည်။

SCG သည် အိမ်ရာနှင့် အဆောက်အဦး ဆောက်လုပ်ရေး အမျိုးမျိုးအတွက် လိုအပ်သည့် ဖြေရှင်းဆောင်ရွက်မှုအတွက် ထိပ်တန်းအရည်သွေးမှီ ကုန်ပစ္စည်းများနှင့်အတူ မြန်မာနိုင်ငံတွင် ဘိလပ်မြေနှင့် ဆောက်လုပ်ရေး ပစ္စည်းဆိုင်ရာ ဦးဆောင် ကုန်အမှတ်တံဆိပ်ဖြစ်သည်။ ဝယ်ယူအားပေးသူတွေအနေဖြင့် အဓိက ကုန်ကြမ်းဖြစ်သည့် SCG ဘိလပ်မြေကို အသုံးပြုသည့် SCG၏ အဆောက်အဦးများ ဆောက်လုပ်သည့် ကုန်ပစ္စည်းများအား ‘Trustmark of Premium Quality’ ‘ထိပ်တန်းအရည် အသွေးအတွက် ယုံကြည်ရသည့် အမှတ်တံဆိပ်’ အဖြစ် စိတ်ချယုံကြည်နိုင်ပါသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်း စီမံကိန်းအသစ်များစွာကို တီထွင်ဆန်းသစ်မှုရှိပြီး အရည်အသွေး ကောင်းမွန်သည့် ထုတ်ကုန်များဖြင့် ပံ့ပိုးကူညီသွားရန် SCG အနေဖြင့် အားထုတ်ကြိုးပမ်းလျက်ရှိပါသည်။ SCG ဘိလပ်မြေကို ဈေးကွက်ထဲတွင် ကျယ်ကျယ်ပြန့်ပြန့် လက်ခံမှု ရရှိထားစဉ်မှာပင် ဖောက်သည်များ၏ တဖြည်းဖြည်း ပြောင်းလဲတိုးတက် လာသည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နံရံနှင့် အခန်းကန့်သည့် ထုတ်ကုန်များအား လက်တွေ့တပ်ဆင် အသုံးပြုမှု နည်းလမ်းများကို ထပ်တိုး မိတ်ဆက်ပေးခဲ့ပါသည်။

အဆိုပါနည်းလမ်းများတွင် ဘိလပ်မြေ၏ တာရှည်ခံမှုနှင့် ပိုမိုတောင့်တင်းခိုင်မာမှုကို ပံ့ပိုးပေးသည့် ပေါ့ပါးသော ကွန်ကရစ် နံရံ စနစ်ဖြစ်သည့် SCG Smartboard နှင့် မျက်နှာကြက်များ၊ နံရံကာခြင်းနှင့် အခန်းကန့်ခြင်း၊ အမိုးအောက်ခံခင်းခြင်း နှင့် ကြမ်းခင်း အောက်ခံခင်းခြင်းတို့ ပါဝင်ပါသည်။ သစ်အစားထိုးဘိလပ်မြေဖိုင်ဘာပြားဖြစ်သည့် SCG Smartwood သည် သဘာဝသစ်သား၏ အလှကို ပေါ်လွင်စေသလို ဘိလပ်မြေ၏တာရှည်ခံမှုနှင့် ပိုမိုတောင့်တင်းခိုင်မာမှု အရည်အသွေးကို ပံ့ပိုးပေးပါသည်။

တစ်ချိန်တည်းမှာပင် SCG အိမ်ခေါင်မိုးဆိုင်ရာ ထုတ်ကုန်များတွင် စုံလင်များပြားသည့် ပစ္စည်းအမျိုးအစားများ၊ အမျိုးမျိုးသော ခံစားကြိုက်နှစ်သက်မှု ပုံစံများ၊ စတိုင်များနှင့် အလှအပများကို ထင်ဟပ်လျက်ရှိသည့် လက်ရာမြောက် ဒီဇိုင်းများ စသည်တို့ ပါဝင်သော အမိုးအုပ်ကြွပ်ပြား အမျိုးမျိုးကို ရရှိနိုင်ပါသည်။ SCG အိမ်ခေါင်မိုးဆိုင်ရာ ထုတ်ကုန်များတွင် SCG ကွန်ကရစ် အမိုးအုပ်ကြွပ်ပြား၊ SCG ကြွေအမိုးနှင့် SCG ဘိလပ်မြေ ဖိုင်ဘာအမိုးတို့ ပါဝင်ပါသည်။ SCG ၏ တီထွင်ဆန်းသစ်သော ဘိလပ်မြေ အမိုးအုပ်ကြွပ်ပြားများသည် ယုံကြည်စိတ်ချရမှုရှိခြင်း၊ ဘေးကင်းလုံခြုံခြင်းနှင့် သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီ ခြင်းတို့ကြောင့် လူအများ၏ ယုံကြည်လက်ခံမှု ရရှိထားခြင်း ဖြစ်ပါသည်။

“မြန်မာနိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ရဲ့လုပ်ငန်းက ၂၀၁၄ ခုနှစ်မှာ ကျွန်တော်တို့အနေနဲ့ ဘဏ္ဍာရေး ရလဒ်ကောင်း ရရှိခဲ့ရာမှာ ခိုင်မာတဲ့ အထောက်ကူတစ်ရပ် ဖြစ်ခဲ့ပါတယ်။ ဒေသတစ်လျှောက် လုပ်ငန်းချဲ့ထွင်မှုနှင့်အတူ အာဆီယံဦးဆောင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းဖြစ်လာဖို့ ကျွန်တော်တို့အနေနဲ့ ရည်ရွယ်ထားပြီး တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှပ်နှံမှုကို ကျွန်တော် တို့ရဲ့ ဦးစားပေး လုပ်ငန်းစဉ်တွေရဲ့ အဓိက အချက်အချာအဖြစ် သတ်မှတ်ထားပါတယ်။ မော်လမြိုင်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ သန့်စင်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ ဘိလပ်မြေစက်ရုံကို ၂၀၁၆ ခုနှစ်မှာ လည်ပတ်နိုင်ဖို့ မျှော်မှန်းထားပြီး ကျွန်တော် တို့ရဲ့ CSR လှုပ်ရှားဆောင်ရွက်မှုတွေအားဖြင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဖွံ့ဖြိုးတိုး တက်မှုတွေကို အထောက်အအပံ့ဖြစ်စေဖို့ ဆုံးဖြတ်ချက်ချထားပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ SCG ၏ Country Director Mr. Chana Poomee က ပြောကြားပါသည်။

မော်လမြိုင်မြို့တွင် SCG ၏ မြန်မာနိုင်ငံ၌ ပထမဆုံး ဘက်စုံဘိလပ်မြေစက်ရုံ တည်ဆောက်မှု စီမံကိန်းမှာ ၃၀ ရာခိုင်နှုန်း ပြီးစီးသွားပြီဖြစ်ကာ စီစဉ်ထားသည့်အတိုင်း ဆက်လက်လုပ်ဆောင်လျက် ရှိပါသည်။ ယင်းဆောက်လုပ်ရေး စီမံကိန်းနေရာကို လက်ရှိအချိန်တွင် မြို့ပြအင်ဂျင်နီယာ တည်ဆောက်ရေးအောက်၌ ဆောင်ရွက်လျက်ရှိပြီး စက်ယန္တယား တပ်ဆပ်ရန်အတွက် အခြေခံ အုတ်မြစ်တည်ဆောက်ခြင်းကိုလည်း ဆက်လက်လုပ်ဆောင်လျက် ရှိပါသည်။ အဆိုပါ ဘိလပ်မြေစက်ရုံကို ၂၀၁၆ ခုနှစ် ဒုတိယသုံးလပတ်တွင် လည်ပတ်လုပ်ကိုင်သွားနိုင်ရန် မျှော်မှန်းထားပြီး မြန်မာနိုင်ငံသား အများဆုံးပါဝင်ကာအလုပ်သမားပေါင်း ၁၅,ဝ၀ ကျော်ဖြင့် တည်ဆောက်လျက်ရှိပါသည်။

မြန်မာနိုင်ငံသားများ၏ အသက်မွေးဝမ်းမှုဘဝ တိုးတက်မြင့်မားစေရန် ရည်ရွယ်သည့် CSR လှုပ်ရှား ဆောင်ရွက်မှု လုပ်ငန်းစဉ် များကို SCG က မိတ်ဆက်ပေးခဲ့သလို ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါ လုပ်ငန်းစဉ်များတွင် ပြည်သူ့ ကျန်းမာ ရေးနှင့် ဆေးကုသရေး အစီအစဉ်များ၊ ကျောင်းသားများအတွက် ပညာရေးဆိုင်ရာ ထောက်ပံ့မှုများနှင့် ရပ်ရွာအသိုင်းအဝိုင်း တည်ဆောက်ရေး လှုပ်ရှားမှုများ ပါဝင်ပါသည်။ SCG သည် လက်ခွဲ မြန်မာကုမ္ပဏီတစ်ခုဖြစ်သည့် Mawlamyine Cement Limited (MCL)၊ စီးပွားဖက်များ၊ ဝယ်ယူအားပေးသူများ နှင့်အတူ မွန်ပြည်နယ်၊ မုဒုံမြို့၊ မြိုင်ကုန်း ကျေးရွာ၊ ဝင်းစိန်တောရ ဘုန်းတော်ကြီး ကျောင်းဝင်းရှိ ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဗုဓ္ဒရုပ်ပွားတော်မြတ်ကြီး တည်ဆောက်နေမှုကို ဆက်လက်ကူညီ ပံ့ပိုးလျက်ရှိပါသည်။ SCG နှင့် MCL တို့သည် ပြည်သူလူထုအား အခြေခံကျန်းမာရေး စောင့်ရှောက်မှုများ ပံ့ပိုးပေးနိုင်ရန် အတွက် ရွေ့လျားဆေးခန်းများကိုလည်း မွန်ပြည်နယ်တွင် တည်ထောင်ထားပြီး ဖြစ်ပါသည်။

ယခုနှစ်အတွက် SCG နိုင်ငံတကာInternship အစီအစဉ်ကို ကြေညာခဲ့ပြီးသည့်နောက်တွင် SCG အနေဖြင့် လူတွေ့မေးမြန်းမှု များကို ဆက်လက်ပြုလုပ်လျက်ရှိပြီး မြန်မာနိုင်ငံမှ လျှောက်ထားသူ ၁၀ ဦးကို ရွေးချယ်ထားပါသည်။ နွေရာသီ Internship အစီအစဉ်သည် တက္ကသိုလ်ကျောင်းသားများအား သူတို့၏ အသက်မွေးဝမ်း ကျောင်းဆိုင်ရာ ဗဟုသုတများ ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC)အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် အကူအညီ ပေးနိုင် မည်ဖြစ်ပါသည်။

SCG corporate နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ပိုမိုသိရှိလိုပါက http://www.scg.co.th တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *