Desktop, Featured, Laptops, News, Review

အရွယ်သေး ပီစီတွေဟာ ဒတ်စတော့တွေကို အနိုင်ယူတော့မလား

အရွယ်သေး ပီစီတွေဟာ ဒတ်စတော့တွေကို အနိုင်ယူတော့မလား

ပီစီတွေရဲ့ သေဆုံးမှုဟာ နီးကပ်လာတော့မယ်လို့ ပြောရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို ပြောတာဟာ အခြေခံ အမှန်တရား အချို့ပေါ်မှာ မူတည်ပါတယ်။ ကွန်ပြူတာတွေဟာ ကျွန်တော်တို့ ဘ၀တွေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ အရင်ကတော့ စိတ်လှုပ်ရှားစရာကောင်းလောက်အောင် ဆန်းသစ်ခဲ့ပေမယ့် အခုတော့ အဲလို မဟုတ်တော့ပါဘူး။ (ဒီနှစ်ပိုင်းမှာ တွေ့ရတဲ့ ဆန်းသစ်တဲ့ လက်တော့တွေက လွဲပြီးတော့) ကွန်ပြူတာ အသုံးပြုသူတော်တော်များများဟာ ဈေးသက်သာတဲ့ စွမ်းရည်ပြည့် ကွန်ပြူတာကို လိုချင်ကြတာပါ။

ဒတ်စတော့ ကွန်ပြူတာတွေဟာ နှစ်ပေါင်းများစွာ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးပြီပါပြီ။ ဒါပေမယ့် အရွယ်ကြီးပြီး ဒီဇိုင်းက မလှပပါဘူး။ ဒါဟာ လက်တော့တွေက ဒတ်စတော့ကို အနိုင်ယူလာခဲ့တဲ့ တကယ့်အကြောင်းပြချက်ပါပဲ။လူတော်တော်များများက သယ်ယူရလွယ်တာကို မလိုအပ်ပါဘူး။ ဒါပေမယ့် လူတိုင်းက ရိုးရှင်းတဲ့ ဒီဇိုင်းကို ကြိုက်ကြပါတယ်။ ဒီနှစ် CESပွဲမှာ အရွယ်သေးငယ်တဲ့ ဒတ်စတော့ ကွန်ပြူတာတွေဟာ သူတို့နေရာကို ပြန်လည်သိမ်းပိုက်ဖို့ အဆင်သင့်ဖြစ်နေပြီး ရုံးခန်းတွေမှာ နေရာယူတော့မှာ ဖြစ်ပါတယ်။

Next Unit of Computing (NUC)

Intelရဲ့ CESပွဲမှ အကောင်းဆုံး ကွန်ပြူတာ ထုတ်ကုန်က Broadwell Processorဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ ဒါပေမယ့် အဲဒါ မတိုင်မီ Fifth-Generation Core Processorsတပ်ဆင်ထားတဲ့ Next Unit Computing (NUC)ကို အရင် ပြသခဲ့တာပါ။ NUCက Intelရဲ့ အရွယ်သေးပြီး စွမ်းရည်ပြည့်တဲ့ ဒတ်စတော့ကွန်ပြူတာ ဖြစ်ပါတယ်။ Intelက တိုက်ရိုက်ရောင်းချတဲ့ ပီစီတွေထဲမှာတော့ အတော်ရှားပါးတဲ့ နမူနာပုံစံပါ။

NUCရဲ့ Processorအသစ်က အရွယ်အသေးဆုံးဆိုတဲ့ အမျိုးအစားထက် ပိုမိုသေးငယ်အောင် ပံ့ပိုးပေးထားပါတယ်။ NUCဟာ အကျယ်နဲ့ အရှည်ပိုင်းမှာ လေးလက်မခွဲလောက်သာရှိတဲ့အတွက် ပီစီတစ်ခုလုံးဟာ Apple TV ထက်တောင် မကြီးပါဘူး။

စွမ်းဆောင်ရည်ကလည်း အားကောင်းပါတယ်။ အနှေးဆုံးဆိုတဲ့ Core i3အမျိုးအစားက နေ့စဉ်အလုပ်တွေကို ကောင်းစွာ ကိုင်တွယ်နိုင်ပြီး ပိုမြန်တဲ့ Core i5/i7 အမျိုးအစားတွေကတော့ ပိုမိုစွမ်းရည်ပြည့်တာ အသေအချာပါပဲ။ Core i7 quad တပ်ဆင်ထားတဲ့ အရွယ်ကြီး ဒတ်စတော့တွေကိုတော့ မယှဉ်နိုင်တာ အမှန်ပါပဲ။ ဒါပေမယ့် သူတို့ဟာ ရုပ်ပုံနဲ့ ဗီဒီယိုတွေကို တည်းဖြတ်ဖို့အတွက်တော့ စွမ်းရည်တွေ ပိုနေပါသေးတယ်။

NUCရဲ့ သမိုင်းကြောင်းကို ကြည့်ရင် Intelရဲ့ ခရီးပေါက်မြောက်မှုကို တွေ့ရမှာပါ။ လွန်ခဲ့တဲ့ သုံးနှစ်က အမျိုးအစားတွေဟာ အခုအမျိုးအစားထက် ၅၀ ရာခိုင်နှုန်း ပိုမိုထူပြီး စွမ်းရည်ကလည်း ၆၀ ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။ အခု အမျိုးအစား တွေကတော့ နေ့စဉ် အလုပ်များကို ကိုင်တွယ်နိုင်ပြီး သာမာန် အသုံးပြုသူတွေအတွက်တောင် မဟုတ်တော့ပါဘူး။

အရွယ်သေးတဲ့အပြင် အစိတ်အပိုင်းတွေကို နှစ်သက်သလို ဖြုတ်တပ်နိုင်ပါတယ်။ အဖုံးတွေကို လဲလှယ်နိုင်သလို ကြိုးမဲ့ဆက်သွယ်မှု ကိရိယာ NFCနဲ့ Video Adapterတို့ကို ထည့်သွင်းနိုင်ပါတယ်။ အပို အဖုံးတွေကိုတော့ လက်စမသတ်နိုင်သေးပေမယ့် ဒီနှစ် နှစ်လယ်လောက်မှာ ၀ယ်ယူနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ဒီထက်သေးငယ်တာလိုချင်ရင် စတစ်ကို သုံးပါ။

NUCဟာ သေးငယ်ပေမယ့် ဒတ်စတော့ ကွန်ပြူတာ ဖြစ်ပါတယ်။ သူ့ကို အသုံးပြုဖို့ နေရာတစ်ခု ပေးရမှာ ဖြစ်ပြီး VESA Mountမရှိရင်တော့ ပေးရမယ့်နေရာဟာ သင့်အလုပ်စားပွဲပေါ်မှာ ဖြစ်ပါတယ်။ ဧည့်ခန်းသုံး ပီစီများ၊ Point-of-Sale Systems နဲ့ နံရံမှာ တွယ်ကပ်နိုင်တဲ့ မျက်နှာပြင်များအတွက်တော့ ပိုကောင်းတဲ့ ရွေးချယ်မှုတွေရှိနေပါတယ်။

အဲဒီရွေးချယ်မှုကတော့ Intel Compute Stickပါပဲ။ အဲဒီကိရိယာကို နို၀င်ဘာလမှာ ပြုလုပ်တဲ့ Intel Developer Forumမှာ ပထမဆုံး ကြားဖူးခဲ့ပေမယ့် အသေးစိတ်အချက်အလက်တွေကို မသိခဲ့ရပါဘူး။ အခုတော့ Windows 8.1, 32GB Solid-State Driveတို့ ထည့်သွင်းထားတဲ့ အမျိုးအစားကို မတ်လမှာ ဒေါ်လာ ၁၄၉နဲ့ ရောင်းချတော့မှာ ဖြစ်ပါတယ်။ ခဏလောက် စဉ်းစားကြည့်ပါအုံး။ မတ်လမှာ တက်ဘလက်အများစုထက် နည်းတဲ့ ဈေးနဲ့ HDMIကနေ တစ်ဆင့် မော်နီတာတွေနဲ့ ချိတ်ဆက်နိုင်တဲ့ ဒီလို ၀င်းဒိုး ကွန်ပြူတာမျိုးကို ၀ယ်ယူနိုင်မှာလား။
intel-compute-stick_-2-640x640
၀ယ်တော့ ၀ယ်နိုင်မှာပါ။ CTLက သူ့ကိုယ်ပိုင် Compute Stickကို တီထွင်ပြီးပါပြီ။ Intelရဲ့ ပြောကြားချက်အရ ကွာခြားချက်က Intel Compute Stickမှာ CTLက ကန့်သတ်ထားတဲ့ Atom CPUအစား Core Processorsတွေပါတဲ့ အဆင့်မြှင့်ထားတဲ့ အမျိုးအစားတွေကို ခွင့်ပြုတဲ့ Active Coolingပါရှိပါတယ်။

Specificationတွေ ဘယ်လို ဖြစ်နေပါစေ။ စတစ်က တကယ် အထင်ကြီးစရာပါ။ ဒတ်စတော့ ဈေးကွက်ကို ၀င်လာတော့မယ့် နိမိတ်လည်း ဖြစ်ပါတယ်။ HDMI Portထဲ စိုက်ထားလို့ရအောင် ဒါမှမဟုတ် အလွန်ပါးလွှာတဲ့ စွယ်စုံသုံး ကွန်ပြူတာ ဖြစ်အောင် မော်နီတာမှာ တွဲဖက် ရောင်းချနိုင်အောင် ကွန်ပြူတာတွေဟာ သေးသထက်သေးလာပါတယ်။

Intelသာမကပါဘူး။

Intelအကြောင်းသာ အပေါ်မှာ များစွာ ဖော်ပြခဲ့တာပါ။ သီအိုရီအရတော့ ကောင်းလှပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ ပြောစရာတွေရှိပါတယ်။ Intel Brandပါတဲ့ ထုတ်ကုန်တွေဟာ ရောင်းကောင်းပါတယ်။ လူတိုင်းက Intelကို သိပါတယ်။ ဒါပေမယ့် စားသုံးသူတွေဟာ Intelကနေ တိုက်ရိုက်၀ယ်ရတာကို မနှစ်သက်ကြပါဘူး။

Intelသာမကပါဘူး။ HPရဲ့ ကြေညာချက်တွေထဲက တစ်ခုက အရွယ်သေးတဲ့ ပီစီတွေ ဖြစ်တဲ့ Pavilion Miniနဲ့ Stream Miniတို့ ဖြစ်ပါတယ်။ ထူးဆန်းတာက နှစ်ခုလုံးမှာ နောက်ဆုံးထုတ် Fifth-Generation Processorတွေကို အသုံးမပြုထားပါဘူး။ အဲဒီအစား Second and Third Generationအမျိုးအစားဟောင်းတွေကိုသာ အသုံးပြုထားတာပါ။
url-e010563d2df5864c41a458584ee10823-325x325-c
သူတို့ဟာ NUCထက် ကြီးမားပေမယ့် Processorရဲ့ ကောင်းမွန်တဲ့ အသေးစိတ်အချက်အလက်တွေက အရေးမကြီးလို့ ဖြစ်ပါတယ်။ အရေးကြီးတာက HPဟာ လူသိတဲ့ ဘရန်းဖြစ်ပြီး အခြေခံ Stream Miniအတွက် ဒေါ်လာ ၁၇၉ လောက် တန်ဖိုးနည်းအောင် လျှော့ချပေးထားလို့ ဖြစ်ပါတယ်။ နောက်ပြီး Windows 8.1ကို ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

HPဟာ ပီစီအသေးစား ဈေးကွက်မှာတော့ လူသိများတဲ့ တစ်ခုတည်းသော Companyပါ။ Asus, Gigabyte, Syber, Zotacတို့ကလည်း CES 2015မှာ အဲဒီလို အရွယ်သေး ကွန်ပြူတာတွေကို ပြသခဲ့ကြပါတယ်။ ဒါဟာ ကျွန်တော်ပြောနေတဲ့ အချက်ပါပဲ။ ထုတ်လုပ်သူတော်တော်များများဟာ ၂၀၁၅ နှစ်လယ်မှာ ရောင်းချတော့မယ့် အသေးစား ပီစီ နမူနာပုံစံတွေကို အကြိုပြသ ဒါမှမဟုတ် အရိပ်အမြွက် ထုတ်ပြခဲ့တာပါ။

အရွယ်သေး ပီစီတွေ လာတော့မည်

အရွယ်သေး ပီစီတွေဟာ ပြုပြင်ဖို့လည်း မလိုပါဘူး။ စက်ပျက်သွားရင် နောက်ထပ် အသစ်တစ်လုံး ၀ယ်လိုက်ရုံပါပဲ။ ဈေးကလည်း ဒေါ်လာ တစ်ရာ၀န်းကျင်ပဲရှိတာပါ။ ဒါဟာ ကွန်ပြူတာ နယ်ပယ်မှာ ခြေတစ်လှမ်းတိုးလာတာပါ။ နေရာမယူတာ၊ ဈေးသက်သာတာတွေကတော့ အကောင်းဆုံး ရွေးချယ်စရာတွေပါပဲ။ တပ်ဆင်အသုံးပြုရတာလည်း လွယ်ကူပါတယ်။ အရွယ်သေး ပီစီတွေဟာ လက်ရှိ ကွန်ပြူတာတွေကို မှေးမှန်သွားစေတာ့မှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *