Apps, Featured, News, Review

Facebookက အလုပ်အတွက် ရည်ရွယ်တဲ့ Facebook at Work၀န်ဆောင်မှုကို စတင်

Facebookက အလုပ်အတွက် ရည်ရွယ်တဲ့ Facebook at Work၀န်ဆောင်မှုကို စတင်

အလုပ်ရှင်တွေက ၀န်ထမ်းတွေ အလုပ်မှာ Facebookသုံးတာကို မကြိုက်ကြပါဘူး။ အခုတော့ Facebookက အလုပ်မှာ အသုံးပြုဖို့ ရည်ရွယ်ပြီး Facebook at Work၀န်ဆောင်မှုကို ပြုလုပ်ပေးလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ Facebookက ကုမ္ပဏီများအတွက် ကိုယ်ပိုင် လူမှုကွန်ရက် တစ်ခုကို တည်ဆောက်နိုင်ပြီး လုပ်ဖော်ကိုင်ဖက် များအနေနဲ့ အချင်းချင်း ဆက်သွယ် ဆောင်ရွက်နိုင်မယ့် Facebook at Workကို စမ်းသပ် ၀န်ဆောင်မှုပေးလိုက်ပြီလို့ ကြေညာပါတယ်။ iOS, Androidအတွက် စမတ်ဖုန်း Appများကို ဖြန့်ချီပေးလိုက်ပြီး ရွေးချယ်ထားတဲ့ ပါတနာအချို့သာ အသုံးပြုနိုင်ပါသေးတယ်။

Facebook at Workကို ပင်မ လူမှုကွန်ရက်နဲ့ သီးခြားပြုလုပ်ပေးလိုက်တာ ဖြစ်ပေမယ့် ဒီဇိုင်း၊ စွမ်းဆောင်ချက်နဲ့ Toolsများကတော့ တူညီပါတယ်။ ကွာခြားတာက ၀န်ဆောင်မှုအသစ်မှာ ကြေငြာများ မပါသလို အသုံးပြုသူတွေနဲ့ ဒေတာတွေကိုလည်း မှတ်တမ်းယူထားမှာ မဟုတ်ပါဘူး။

အဆိုပါ ၀န်ဆောင်မှုအသစ်ကို စတင်ခြင်းဖြင့် Facebookဟာ စီးပွားရေးလုပ်ငန်းသုံး Tool ဖြစ်တယ်ဆိုတာ သက်သေ ပြလိုက်တာပါ။ ကုမ္ပဏီတော်တော်များများက Facebookကို ကြေငြာဖို့အတွက် အသုံးပြုကြပေမယ့် အလုပ်မှာ ၀န်ထမ်းတွေ Facebook အသုံးပြုတာကို ပိတ်ပင် ကန့်သတ်ထားကြပါတယ်။ ၀န်ဆောင်မှုအသစ်က အဲဒီ ပိတ်ပင် ကန့်သတ်ချက်တွေကို ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။

“လူတွေက ဆက်သွယ်ဖို့နဲ့ ပူးတွဲဆောင်ရွက်ဖို့ Facebookကို အသုံးပြုကြပါတယ်။ ကျွန်တော်တို့ လူတွေနဲ့ ဆက်သွယ်သလိုပဲ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ဆက်သွယ်ချင်ကြမှာပါ။ ကျွန်တော်တို့ Facebookရုံးမှာတော့ Facebook at Workကို အသုံးပြုနေတာ ကြာပါပြီ။ အခုတော့ ပါတနာများနဲ့ အတူတကွ Facebook at Workကို စတင်စမ်းသပ်ဖို့ အဆင်သင့်ပါပဲ။“ လို့ Facebookမှ ပြောရေးဆိုခွင့်ရှိသူက အီးမေးကနေ ပြောပါတယ်။

Facebook at Workဟာ ကုမ္ပဏီတစ်ခုအတွက် သူ့၀န်ထမ်းများသာ ဆက်သွယ်နိုင်တာ ဖြစ်လို့ ကုမ္ပဏီရဲ့ သတင်းအချက် အလက်တွေ အခြားသူများဆီ ပေါက်ကြားသွားမှာကို စိတ်ပူစရာမလိုပါဘူး။ Facebook at Workကို အသုံးပြုတဲ့ ၀န်ထမ်းတွေရဲ့ သတင်းအချက်အလက်တွေက စိတ်ချလုံခြုံမှုရှိပြီး သူတို့ရဲ့ ကိုယ်ပိုင် Facebookအကောင့်နဲ့ ခွဲခြားထားပါတယ်လို့ Facebookက ပြောပါတယ်။

အခု Appအသစ်တွေနဲ့ Facebookဟာ စီးပွားရေးလုပ်ငန်းသုံးဖို့အတွက် ဒီဇိုင်းလုပ်ထားတဲ့ အခြား လူမှုကွန်ရက်တွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အဆင့်ကို ရောက်သွားပါတယ်။ Microsoft’s Yammer, VMWare’s Socialcast, Convoတို့လို လူမှုကွန်ရက်တွေအားလုံးက အရွယ်စုံ စီးပွားရေးလုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ Tools, Messaging, Chatting, Postingsနဲ့ အခြား အလားတူ စွမ်းဆောင်ချက်တွေကို ပံ့ပိုးပေးထားကြပါတယ်။

စီမံကိန်းကို ဦးဆောင်နေတဲ့ Facebook Engineering Directorဖြစ်သူ Lars Rasmussenက ပင်မ Facebook ၀က်ဆိုက်ကနေ အသုံးပြုနိုင်တဲ့ Facebook at Work ဗားရှင်းကိုလည်း Android , iOS Appများအပြင် ပြုလုပ်ပေးမယ်လို့ TechCrunchကို ပြောပါတယ်။ သူက ၀န်ထမ်း တစ်ရာနဲ့ အထက် လည်ပတ်နေတဲ့ ကုမ္ပဏီတွေက ၀န်ဆောင်မှုအသစ်ကို အသုံးပြုကြမယ်လို့ ပြောပါသေးတယ်။

အခုလောလောဆယ်မှာ Facebookက တစ်ကမ္ဘာလုံးသို့ မဖြန့်ချီမီမှာ လက်တွဲစမ်းသပ်နေတဲ့ ကုမ္ပဏီအချို့ထံမှ တုန့်ပြန်မှုတွေကို စောင့်စားနေပါတယ်။ Facebook at Workရဲ့ အသေးစိတ် သတင်းအချက်အလက်များကို လာမယ့် လများမှာ ပိုမိုပြောကြားမယ်လို့ Facebookက ပြောပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *