News

ဘုရင်တွေ ထီးနန်းစွန့်လာကြပြီ အဲလီဇဘက်ကရော…

Elizabeith

ကမ္ဘာပေါ်တွင် ပဒေသရာဇ်စနစ် ကျင့်သုံးသည့် နိုင်ငံများနှင့် စည်းမျဉ်းခံ ဘုရင်စနစ် ကျင့်သုံးသည့် နိုင်ငံများမှ ဘုရင်များ၊ ဘုရင်မများနှင့် ဗာတီကန်က ပုပ်ရဟန်း မင်းကြီးတို့အတွက် ထီးနန်းစွန့်ရန် အနားယူသည် ဆိုခြင်းမှာ ထုံးစံမရှိခဲ့ကြပေ။ သို့ရာတွင် မကြာမီလများအတွင်းက ၎င်းတို့ ထီးနန်းစွန့်ခြင်းများ ရှိလာခဲ့သည်ကို တွေ့ရသည်။ တချို့ကိစ္စများ မျှော်လင့်မထားခဲ့ပေ။ သေဆုံးသည့်တိုင် အလုပ်မလုပ်တော့ကြောင်း အနားယူပြသခဲ့ကြခြင်း ဖြစ်သည်။ တယ်လ်ဂျီယံဘုရင် အယ်လ်ဘတ်သည် ထီးနန်းစွန့်ကြောင်း နောက်ဆုံး ကြေညာခဲ့သူ ဖြစ်သည်။ ယင်းက ကာတာ စော်ဘွားဟာ မက်ဘင်ခါလီဖာအယ်လ်သာနီ နန်းစွန့်၍ ၎င်း၏ သားအား ထီးနန်းလွှဲအပ်ပြီး တစ်ပတ်ကျော် အကြာမှာ နန်းစွန့်ခဲ့ခြင်း ဖြစ်သည်။ ကာတာစော်ဘွားသည် အာရပ်လောကတွင် ပထမဆုံး ထီးနန်းစွန့်သူ ဖြစ်သည်။ တစ်စုံတစ်ခုသော တာဝန်ကြောင့် သေသည်အထိ နေရမြဲ ဖြစ်သော်လည်း ယခုအခါ ခေတ်သစ် အယူအဆကို တွေ့ခဲ့ပြီး ထီးနန်းစွန့်ခြင်းသည် ဖြစ်နိုင်သော ကိစ္စဖြစ်သည်ဟု ဘယ်ဂျီယံနိုင်ငံရေး ဝေဖန်သူ ပါစကယ်ဒဲလ်ဝစ်က ပုဂ္ဂလိကရုပ်သံ RTL-TVသို့ ပြောပြခဲ့သည်ဟု သိရသည်။

ဧပြီလထဲက နယ်သာလင်ဘုရာမဘီထရက် ထီးနန်းစွန့်ခဲ့ခြင်းအပေါ်များစွာ မအံ့သြခဲ့ကြ။ ဘုရင်မကြီး၏ မိခင်နှင့် အဘွားတို့မှာလည်း မကွယ်လွန်မီ ထီးနန်းစွန့်ခဲ့ကြ၍ ဖြစ်သည်။ ထိုလထဲမှာပင် ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ် ၁၆၏ ရာထူးစွန့်ရန် ဆုံးဖြတ်ချက်အပေါ်တွင် ကမ္ဘာက ဝမ်းနည်းကြေကွဲကြရသည်။ သူသည် ပုပ်ရဟန်းမင်းကြီးဘဝနှင့် ပထမဆုံး နှုတ်ထွက်ခဲ့သူလည်း ဖြစ်သည်။ နှစ်ပေါင်း ၆၀၀တိုင် ရွေးကောက် တင်မြှောက်သည့် အစဉ်အလာအရ ဘာသာရေး ခေါင်းဆောင် ဖြစ်လာသူတစ်ဦး ဖြစ်သည်။ ဘင်နီဒစ်ကို ဆက်ခံသူ ပုပ်ဂျွန်ပေါလ်သည် ခြေတုန်လက်တုန် ရောဂါခံစားနေရပြီး ကလေး လိင်ကိစ္စ အလွဲသုံးစားမှုနှင့် အကျင့်ပျက်မှုတို့က နောက်မှ တကောက်ကောက် လိုက်နေကာ ဗာတီကန်အထိ ရောက်လျက် ရှိကြောင်း သိရသည်။ အခြားတော်ဝင် ပုဂ္ဂိုလ်များမှာလည်း အလွဲသုံးစားမှုများ ရှိနေပြီး ဘယ်လ်ဂျီယံဘုရင် အယ်လ်ဘတ်တွင် တရားမဝင် သမီးရှိနေခြင်း၊ ဘဏ္႑ာရေး အလွဲသုံးစားခြင်းနှင့် အခွန်မတော်မတရားမှုများ ရှိနေသည်ဟု ဆိုသည်။

လွန်ခဲ့သော ၁၅နှစ်၊ ၂၀နှစ်အတွင်း ဘုရင်များ ပြောင်းလဲလာခဲ့ပြီး နန်းတော်၌ အချုပ်အခြာ အာဏာသက်ရောက်မှုက ခေတ်စားလာခဲ့သည်။ ဤပြိုင်ဆိုင်မှုတွင် အနားယူခြင်းသည် မှန်ကန်သော လုပ်ရပ်ဖြစ်ပြီး သေသည်အထိ ရာထူး၌ ရှိနေခြင်းသည် ပြည်သူလူထု၏ အဆိုးမြင်မှုကိုသာ ခံနိုင်ရခြေ ရှိသည်။ ဥရောပ၌ အကြာဆုံး ဘုရင်စနစ်ရှိသည့် အင်္ဂလန်နိုင်ငံတွင် အဲလီဇဘက် ဘုရင်မကြီးသည် အသက် ၈၇နှစ် ရှိနေပြီ ဖြစ်သော်လည်း ထီးနန်းစွန့်ရန် စိတ်ကူးရှိပုံ မပေါ်သေးပေ။ ၎င်း၏ သားအိမ်ရှေ့မင်းသားချားလ်စ်မှာ အသက် ၆၄နှစ် ရှိနေပြီ ဖြစ်သည်။

အဲလီဇဘက် ဘုရင်မကြီးသည် မိမိအသက်အရွယ်အရ ထီးနန်းလွှဲပေးသင့်ပြီဟု ထင်ပါသည်။ အိမ်ရှေ့မင်းသား ချားလ်စ်မှာလည်း ဘုရင်ဖြစ်အောင် စောင့်ဆိုင်းရင်း အသက်တွေ ကြီးလာပြီ ဖြစ်သည်။ ဇရာဆိုသည်မှာ ဆွဲထား၍ မရသလို ဗျာဓိနှင့် မရဏကလည်း နောက်က ကပ်ပါလာနေပါသည်။ ချားလ်စ်က ဘုရင်လုပ်ရပါဦးတော့မည်လား။ မယ်တော်ကြီး အဲလီဇဘက်သည် ဘာကြောင့်များ ဒီပလ္လင်ကြီးကို သေသည်အထိ ဖက်တွယ်ထားတော့မှာလား။ သင်္ခါရဆိုတဲ့ သဘောတရားကို နားမလည်နိုင်တာလား၊ ဒါမှမဟုတ် မျက်ကွယ်ပြုချင်တာများလား။ တစ်ခုခုတော့ သိချင်ပါသည်။

Ref : AFP

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

One thought on “ဘုရင်တွေ ထီးနန်းစွန့်လာကြပြီ အဲလီဇဘက်ကရော…

  1. Myo Thiha says:

    သေခြင်းတရားတွင် ယူဆောင်သွားနိုင်တာတစ်ခုမှမရှိပါ။အဲလီစဘက် လည်းအသိတရားတွေရနိုင်ပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *