News

အင်ဂျလီနာ ဂျိုလီက စစ်ပွဲများအတွင်း အကြမ်းဖက်မှုများအား ရပ်တန့်ပေးရန် တောင်းဆို

Angelina Jolieဟာ UN အဖွဲ့အစည်းမှာ သူရဲ့ ပွဲဦးထွက် လှုပ်ရှားမှု တစ်ခုအနေနှင့် ဒုက္ခသည်များဆိုင်ရာ သံတမန် လုပ်ဆောင်ခဲ့ပြီး ကမ္ဘာ့နိုင်ငံ အသီးသီးမှာရှိတဲ့ စစ်ပွဲများအတွင်း အကြမ်းဖက် ခံနေရမှုများကို ဦးစားပေး ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဂျိုလီက လုံခြုံရေး ကောင်စီအား “စစ်ပွဲမှာ အကြမ်းဖက်ခံနေရတဲ့ ကလေးတွေနဲ့ အမျိုးသမီးတွေဟာ မီလီယံလောက် မရှိရင်တောင် ရာပေါင်း ထောင်ပေါင်းများစွာ ရှိနေတယ်’’ ဟု တိုက်တွန်း ပြောကြားခဲ့သည်။ ဂျိုလီဟာ UNရဲ့ ဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် အလွန်တော်တဲ့ သံအမတ် တစ်ယောက်ဖြစ်တယ်လို့ လုံခြုံရေး ကောင်စီက ထုတ်ဖော်ပြောကြားပါတယ်။

ဂျိုလီက ဆက်လက်ပြောကြားရာမှာ လုံခြုံရေး ကောင်စီအနေနှင့် စစ်ပွဲတွေမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် ခံနေရမှုတွေနှင့် လိင်အကြမ်းဖက် ဆက်ဆံခံနေရမှုတွေကို ပပျောက်အောင် ဦးစားပေးကိစ္စအဖြစ် ဆောင်ရွက်သင့်ကြောင်း၊ သို့မှသာ အားလုံးက သတိပြုမိလာ ပြီး ဖြစ်ပွားမှုနှုန်း လျှော့ကျလာမည်ဖြစ်ကြောင်း၊ ထိုသို့ မဆောင်ရွက်ပါက ဆက်လက်ဖြစ်ပွားနေဦးမည်ဖြစ်ကြောင်း ပြောကြားပါတယ်။

ဂျိုလီ ပြောခဲ့ပြီး သိပ်မကြာတဲ့အချိန်အတွင်း ကောင်စီဟာ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးသို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရပ်နားဖို့အတွက် တောင်းဆိုခဲ့ပါတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုတွေဟာ လူသားမျိုးနွယ်တွေအတွက် ဆိုးဝါးတဲ့ ပြစ်မှုတစ်ခုဖြစ်ပြီး လူထောင်ပေါင်းများစွာကို သက်ရောက်စေလောက်တဲ့ ကိစ္စတစ်ရပ်လည်း ဖြစ်ပါတယ်။ ထို့အတွက် UN ကလည်း တိုက်တွန်း ခဲ့ခြင်း ဖြစ်ပါတယ်။

ဂျိုလီဟာ ကုလသမဂ္ဂရဲ့ သံအမတ်အဖြစ်နှင့် ခရီးတွေ အများကြီး သွားခဲ့ပါတယ်။ စစ်ပွဲတွေကနေ အသက်ရှင် ကျန်ရစ်ခဲ့သူတွေနှင့် တွေ့ဆုံပြီး သူတို့ရဲ့ အတွေ့အကြုံတွေကို မေးမြန်းခဲ့ပါတယ်။ ဂျိုလီဟာ အရှေ့ကွန်ဂို မှာရှိတဲ့ Syrainလူမျိုး ငါးနှစ်အရွယ် ကလေးငယ်တစ်ယောက်ရဲ့ မိခင်နှင့် တွေ့ဆုံမေးမြန်းခဲ့ပေမယ့် သူမရဲ့ နာမည်နှင့် မျက်နှာကို မဖော်ပြခဲ့ပါဘူး။ ဘာကြောင့်လဲဆိုရင် သူမအတွက် အသတ်ခံရနိုင်တဲ့ အခြေအနေ ဖြစ်သွားနိုင်လို့ပါပဲ။ လက်နက်ကိုင် အမျိုးသားတွေဟာ လိင်ပိုင်းဆိုင်ရာ ကိစ္စတွေကို ပြုလုပ်ဖို့အတွက် အမျိုးသမီးတွေကို ခြိမ်းခြောက် မှုတွေ ပြုလုပ်နေကြပါတယ်။

UNရဲ့ အကြမ်းဖက် ခံရမှုပပျောက်ရေး သံတမန်တစ်ဦးဖြစ်တဲ့ Zainab Hawa Banguraက ကောင်စီအား သူမဟာ လွန်ခဲ့တဲ့ သီတင်းပတ်တွေမှာ Bosniaကို သွားရောက်ခဲ့ပြီး အကြမ်းဖက်ခံရတဲ့ အမျိုးသမီး ဒုက္ခသည် ၅၀၀၀၀ခန့်ကို တွေ့ခဲ့ရပြီး စစ်ပွဲအတွင်းမှာ ပုံစံအမျိုးမျိုးနှင့် အကြမ်းဖက်ခံခဲ့ရတာ ကို တွေ့ရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။ Ford Foundation နှင့် တွေ့ဆုံတဲ့အခါမှာလည်း သူမဟာ အရှေ့ကွန်ဂိုကို သွားရောက် လည်ပတ်ခဲ့တုန်းက အသက် ၆လကနေ ၁၂လအတွင်း ကလေးငယ် ၁၁ယောက်၊ အသက် ၁နှစ်ကနေ ၃နှစ်ကြား ကလေး ၅၉ယောက်နှင့် ၅နှစ်ကနေ ၁၅နှစ်ကြား မိန်းကလေး ၁၈၂ယောက် အကြမ်းဖက် ခံနေရတာကို တွေ့ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဂျိုလီဟာ လုံခြုံရေးကောင်စီကို အကြမ်းဖက်ခံနေရခြင်းတွေအပေါ်မှာ ပေါ့ပေါ့တန်တန် သဘော မထားဖို့နှင့် နိုင်ငံအားလုံးမှာ ဖြစ်ပွားနေခြင်းအတွက် အရေးစိုက် ဆောင်ရွက်ဖို့ အသနားခံခဲ့ပါတယ်။ “ဒီကိစ္စကို ပါလီမန်မှာ ပြင်းပြင်းထန်ထန် ဆွေးနွေးဖို့လိုပါတယ်။ နိုင်ငံအတွင်းက လူတိုင်းသိရှိရအောင် လည်း သတင်းတွေကို ေ၀မျှရမယ်၊ Foreign Policy Effortမှာ ထည့်သွင်း ရေးဆွဲဖို့လည်း လိုအပ်ပါတယ်”ဟု ဂျိုလီက တောင်းဆိုပါတယ်။

UN General Secretary Mr.Ban Kimonဟာ အကြမ်းဖက်မှုတွေ အိမ်တိုင်းက သိရှိလာနိုင်မည့် အတွက်ကြောင့် ဂျိုလီကို ချီးကျူးစကား ပြောဆိုပါတယ်။ Ban Kimonဟာ နိုင်ငံအရပ်ရပ် က ခေါင်းဆောင်တွေကို ဖိတ်ခေါ်ပြီး အကြမ်းဖက်သမားတွေကို ဖမ်းဆီးဖို့နှင့် အရေးယူနိုင်ဖို့အတွက် ယာယီ အဖွဲ့အစည်းတွေ ဖွဲ့စည်းဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါတယ်။

2 thoughts on “အင်ဂျလီနာ ဂျိုလီက စစ်ပွဲများအတွင်း အကြမ်းဖက်မှုများအား ရပ်တန့်ပေးရန် တောင်းဆို

  1. ei hnin phyo says:

    တော်တော်ဆိုးတဲ့အဖြစ်ပဲ မြန်မြန်ရပ်တံ့ပါစေ

  2. may thu kyaw says:

    ဘယ်လောက်ဘဲတားတား အားလုံးဟာကိုယ်ရဲ့အသိစိတ်နဲ့ ထိန်းချုပ်နိုင်
    မူနဲ့ဘဲဆိုင်တယ်

Leave a Reply

Your email address will not be published. Required fields are marked *