News

ကျေးလက်ဒေသဖံွ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ထိရောက်စွာ မလုပ်နိုင်သေးကြောင်း နိုင်ငံတော် သမ္မတ ပြောကြား

U Thein Sein

ကျေးလက်ဒေသဖံွ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို ထိထိရောက်ရောက် မပြုလုပ်နိုင်သေးကြောင်း၊ ဇွန်လ ၂၅ရက်နေ့က နေပြည်တော်၊ သမ္မတအိမ်တော်ရှိ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး ခန်းမ၌ ပြုလုပ်သော စီမံကိန်းကော်မရှင် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။

ကျေးလက်ဒေသဖံွ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းသည် မိမိတို့ အစိုးရ၏ ဦးစီးပေး လုပ်ငန်းဖြစ်သော်လည်း ယနေ့တိုင် ထိထိရောက်ရောက် မလုပ်နိုင်သေးသည်ကို တွေ့ရပါကြောင်း၊ ဆင်းရဲနွမ်းပါးသူများ၏ အဓိက လိုအပ်ချက်သည် ငွေကြေးအရင်းအနှီး ဖြစ်ပါကြောင်း၊ ယင်းငွေကြေး အရင်းအနှီးကို စနစ်တကျ ထိထိရောက်ရောက် ချေးငှားပေးနိုင်မည်ဆိုလျှင် အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည်ဆိုလျှင် ဆင်းရဲနွမ်းပါးမှု သိသာစွာ လျှော့ကျသွားမှာ ဖြစ်ကြောင်း၊ ထို့အပြင် အမြန် တိုးတက်ပြောင်းလဲမှုကို လိုလားနေကြသည့် ပြည်သူများ အနေဖြင့် အခြေခံ ပြောင်းလဲတိုးတက်မှုများကို လက်ခံနိုင်စွမ်း မရှိသေးပဲ “အောက်ခြေမှာ ဒီအတိုင်းပဲ ဘာမှ မထူးသေးဘူး”ဟူသော ဝေဖန်မှုများ ရှိနေကြောင်း၊ ထို့ကြောင့် ပြည်သူလူထု၏ သဘောထား အမြင်များကို အလေးထားပြီး မိမိတို့ အစိုးရ အနေနှင့် ထင်သာမြင်သာသည့် ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန် ပြင်းပြင်းဖြင့် တိုးမြှင့်ဆောင်ရွက်ကြရန် လိုကြောင်း၊ မိမိတို့ အစိုးရ၏ ကျန်ရှိသည့် ၃၁လတာ ကာလ အတွင်း ပြည်သူတစ်ဦးချင်း ခံစားနိုင်သည့် ရေမီး ရရှိရေး၊ သွားလာမှု အဆင်ပြေရေး၊ ရိက္ခာဖူလုံရေး၊ အလုပ်အကိုင် ရရှိရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် လူမှု စီးပွားဘဝ သိသာစွာ ဖံွ့ဖြိုးတိုးတက်အောင် အားလုံး တာဝန်ယူပြီး အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပြောကြားခဲ့ပါသည်။

အဆိုပါ စီမံကိန်း ကော်မရှင် အစည်းအဝေးကို နှစ်ရက်ကြာ ကျင်းပသွားမည် ဖြစ်ပြီး အစည်းအဝေး ပထမနေ့တွင် ဒုတိယ သမ္မတများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

One thought on “ကျေးလက်ဒေသဖံွ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ထိရောက်စွာ မလုပ်နိုင်သေးကြောင်း နိုင်ငံတော် သမ္မတ ပြောကြား

  1. may thu kyaw says:

    သမ္မတကြီးကလုပ်ပေးပေမဲ့ အောက်ကလူတွေကဖြတ်စားနေတော့
    တိုးတက်မူနှေးတာမဆန်းပါဘူး

Leave a Reply

Your email address will not be published. Required fields are marked *