News

အမျိုးသမီးရေးရာ အဖွဲ့ချုပ်က ဥပဒေရေးရာနှင့် ယဉ်ကျေးမှုဆိုင်ရာ ဟောပြောပွဲ ပြုလုပ်

Travel Photos

မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်က ကြီးမှုးပြုလုပ်သော ဥပဒေရေးရာနှင့် ယဉ်ကျေးမှုဆိုင်ရာ ဟောပြောပွဲကို ဇွန်လ ၂၃ရက်နေ့ နံနက် ၉နာရီက နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ရုံး သီရိရတနာ ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ လူမှုရေးနှင့် ယဉ်ကျေးမှု လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒေါက်တာ ဒေါ်ခင်ဆွေမြင့်က မြန်မာ အမျိုးသမီးများနှင့် ယဉ်ကျေးမှု မျက်နှာစာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဥပဒေရေးရာ လေ့လာရေးနှင့် အကြံပြုရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒေါက်တာ ဒေါ်သန်းနွဲ့က အမျိုးသမီးငယ်များအတွက် အကာအကွယ်ပေးထားသော ဥပဒေ ခေါင်းစဉ်ဖြင့် လည်းကောင်း အမျိုးသမီးများနှင့် သက်ဆိုင်သည့် အသိပညာပေးမှုဆိုင်ရာများကို ကဏ္႑အလိုက် အကျယ်တဝင့် ဟောပြောပို့ချခဲ့ကြပါသည်။

ထို့နောက် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ နာယကများနှင့် တာဝန်ရှိသူများက ဟောပြောပွဲသို့ တက်ရောက်လာသော နေပြည်တော်ရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ကြသည်။ အဆိုပါ ဟောပြောပွဲသို့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ နာယကများ၊ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ အဖွဲ့ဝင်များ နေပြည်တော် ကောင်စီ အမျ်ိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်ရှိ အခြေခံပညာ အထက်တန်း ကျောင်းလေးကျောင်းမှ ကျောင်းသူ ၂၁၄ဦး၊ အုပ်ချုပ်သူ ဆရာမ ၁၅ဦးတို့ တက်ရောက်ကြကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

One thought on “အမျိုးသမီးရေးရာ အဖွဲ့ချုပ်က ဥပဒေရေးရာနှင့် ယဉ်ကျေးမှုဆိုင်ရာ ဟောပြောပွဲ ပြုလုပ်

  1. sithusoepaing says:

    ကောင်းပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *