News

ဂျပန်ဓား

ဂျပန်တွေလုပ်တဲ့ဓားကို Shinken လို့ခေါ်ပါတယ်… အဓိပ္ပာယ်ကတော့ ဓားအစစ် ဖြစ်ပါတယ်… ဓားမှာတကယ်ထက်တဲ့အသွားပါတဲ့အတွက် ဓားအစစ်လို့ခေါ်တာဖြစ်ပါတယ်… ဒီလိုအသွားမျိုးနဲ့ဓားတွေကို တိုက်ပွဲဝင်ဖို့ ဒါမှမဟုတ် ဖြတ်တောက်ဖို့အတွက် အသုံးပြုကြပါတယ်….

အစစ်မဟုတ်တဲ့ ဓားသွားတွေကိုတော့ Iaito ဒါမှမဟုတ် Mogito လို့ခေါ်ပါတယ်… ဒီဓားတွေကိုတော့ လေ့ကျင့်ဖို့အတွက်အသုံးပြုပြီး အသွားတွေကမထက်ပါဘူး… လက်ရှိမှာဆိုရင် Japanese Swordsmith Association ကနေ အသိအမှတ်ပြုထားတဲ့ ဓားပြုလုပ်သူပေါင်း အယောက် ၂၅၀ ရှိပါတယ်…

ဂျပန်နိုင်ငံရဲ့ ဥပဒေအရ ဓားပြုလုပ်သူတွေဟာ တစ်နှစ်မှာ ဓား ၂၄ လက်ပဲပြုလုပ်ခွင့်ရှိပါတယ်… ဒီဓားဆရာတွေဟာ ကျွမ်းကျင်မှုအထူးမြင့်မားပြီး ဓားတစ်လက်ချင်းစီကို ဖန်တီးဖို့အတွက် အချိန်အကြာကြီးယူပြီး ကြိုးစားအားထုတ်ရပါတယ်… ဒီလိုကန့်သတ်ချက်တွေအများကြီးရှိတဲ့အတွက် Shinken တွေဟာ ဈေးနှုန်းမြင့်မားနေတာ မထူးဆန်းတော့ပါဘူး…

အနိမ့်ဆုံးဈေးအနေနဲ့ Shinken တစ်လက်ကို အမေရိကန်ဒေါ်လာ ၆၀၀၀ လောက်ပေးရပါလိမ့်မယ်… Shinken တွေဟာ ဈေးဒီလောက်ကြီးနေတဲ့အတွက် သူတို့ကိုအသုံးပြုဖို့ထက် စုဆောင်းဖို့ဝယ်ယူကြတာကများပါတယ်… ရှေးဟောင်း Shinken ဓားတွေကိုတော့ လုံးဝအသုံးမပြုကြပါဘူး… ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့တန်ဖိုးဟာ အသုံးပြုဖို့စိတ်မကူးဝံ့လောက်အောင် မြင့်မားနေလို့ပါပဲ…. သိုင်းဆရာတွေကတော့ Shinken အစား အရည်အသွေးချင်းမတိမ်းမယိမ်းရှိတဲ့ တရုတ်ကလာတဲ့ ဓားတွေကိုသာ အသုံးပြုလေ့ကျင့်ကြတယ်လို့ သိရပါတယ်….

2 thoughts on “ဂျပန်ဓား

  1. Minmin Koko says:

    ကြိုက်တယ်ဓားကို တလက်လောက်လိုချင်တယ်

  2. ဟိုတုန်းကဓားဆိုရင်ပိုကောင်းတယ်

Leave a Reply

Your email address will not be published. Required fields are marked *