MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Education · 2014-01-01

3D Design, Design & Media, Fashion Design အစရှိသည့် ဘာသာရပ်များကို Nanyang Academy of Fine Arts (NAFA) ၏ ၂၀၁၄ ဇူလိုင်လ ကျောင်းဝင်ခွင့်အတွက် စတင်လျှောက်ထား နိုင်ကြောင်း။

By Team ICT.com.mm

Archived article. This text reflects its original publication date; products, links and information may have changed.
3D Design, Design & Media, Fashion Design အစရှိသည့် ဘာသာရပ်များကို Nanyang Academy of Fine Arts (NAFA) ၏ ၂၀၁၄ ဇူလိုင်လ ကျောင်းဝင်ခွင့်အတွက် စတင်လျှောက်ထား နိုင်ကြောင်း။

Dip in Landscape & Architecture, Dip in Object & Jewellery Design, Dip in Interior & Exhibition, Dip in Furniture & Spatial Design, Dip in Dance, Dip in Advertising, Dip in Graphic Communication, Dip in Illustration Design with Animation, Dip in Fashion Design, Dip in Fashion Merchandising & Marketing အစရှိသည့် ဘာသာရပ်များကို Nanyang Academy of Fine Arts (NAFA) ၏ ၂၀၁၄ ဇူလိုင်လ ကျောင်းဝင်ခွင့်အတွက် စတင်လျှောက်ထားနိုင်ကြောင်း NAFA ကျောင်း၏ ကိုယ်စားလှယ် RVi INSTITUTE မှသိရှိရသည်။

NAFA ကို ၁၉၃၈တွင် တည်ထောင်ခဲ့ပြီး စင်ကာပူ၏ ထိပ်သီးအဆင့်မြင့် အနုပညာသင်ကျောင်းအဖြစ် လူသိများ ထင်ရှားသော ကျောင်းတကျောင်းဖြစ်ပါသည်။ NAFA ၏ အသက်မွေး၀မ်းကျောင်းနှင့် အထူးပြုဘာသာရပ်များသည် အာရှနှင့် စင်ကာပူတ၀ှမ်းရှိ ပါရမီရှင်များကို ဆွဲဆောင်လျက်ရှိသည်။

NAFA သည် Council for Private Education (CPE) Singapore မှ ပေးအပ်သော EduTrust လက်မှတ်ကို ရရှိခဲ့သည့် ပထမဆုံးသော အနုပညာကျောင်းတကျောင်းဖြစ်သည်။ ကျောင်းသားများအတွက် လက်တွေ့သရုပ်ပြသမှုများနှင့် ပုံမှန်ပြုလုပ်လေ့ရှိသော ဟောပြောပို့ချမှုများကို နိုင်ငံတကာမှ ထင်ရှားကျော်ကြားသော အနုပညာသည်များကို ဖိတ်ခေါ် ကျင်းပပေးလေ့ရှိသည်။ NAFA သည် UK ၊ USA ၊ Singapore နိုင်ငံများမှ တက္ကသိုလ် များနှင့်ချိတ်ဆက်ထားပြီး ဘွဲ့ သင်တန်းများကိုလည်း သင်ကြားပို့ချပေးလျက်ရှိပါသည်။ လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံရှိသော ဆရာများမှ လက်ဆင့်ကမ်း သင်ကြားပေးလျှက်ရှိပါသည်။

NAFA မှ တက်ရောက် အောင်မြင်သွားသော ကျောင်းသားကျောင်းသူများသည် စင်ကာပူနိုင်ငံ၏ အမြင့်ဆုံး အနုပညာ ထူးချွန်ဆုဖြစ်သည့် President of Singapore မှပေးအပ်သော The Cultural Medallion ဆု ၁၂ ဆု ၊ နှင့် The Young Artist Award ဆု ၁၃ ဆု ကို ဆွတ်ခူးခြင်းဖြင့် NAFA ၏ အနုပညာ အရည်အသွေးနှင့် ပညာရေးအဆင့်အတန်းကို သက်သေထူနိုင်ခဲ့ကြပါသည်။

ထူးချွန်သောကျောင်းသားများသည် ဒီပလိုမာသင်တန်းတက်ရောက်ရာတွင် စင်ကာပူပညာရေး ၀န်ကြီးဌာနမှ ပိုလီတက္ကနစ်နည်းတူ ပေးအပ်သော ပညာသင်ထောက်ပံ့ကြေး (Study Grants)ဖြင့် တက်ရောက် သင်ကြားနိုင်မည် ဖြစ်သည်။ ထို့အပြင် အချိန်ပိုင်းအလုပ် Part-time job တပတ်လျှင် ၁၆နာရီ လုပ်ကိုင်နိုင်ခြင်း၊ ကျောင်းပိတ်ထားချိန်တွင် အချိန်ပြည့် အလုပ် Full-time လုပ်ကိုင်ခွင့်ရှိခြင်း စသည်တို့မှာ ပိုလီတက္ကနစ်အတိုင်းပင်ဖြစ်သည်။

အနုပညာဘာသာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုလိုသူများ၊ မိမိ၏ပင်ကိုယ်စွမ်းရည်ကို တိုးမြှင့်တီထွင်ဖန်တီးလိုသော ကျောင်းသား၊ကျောင်းသူများအတွက် NAFA ၏ အနုပညာ ဘာသာရပ်များက ကြိုဆိုလျှက်ရှိပါတယ်။ အသက် ကန့်သတ်ထားခြင်း မရှိသည့်အတွက် စိတ်ပါဝင်စားသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် RVi INSTITUTE @ The RVi Global Education Campus အမှတ် ၇၂၊ ချင်းတွင်းလမ်း၊ ကမာရွတ်မြို.နယ် ၊ ရန်ကုန်။ ဖုန်းနံပါတ် ၀၁-၂၃၀၅၉၉၈၊ ၅၃၆၂၆၀၊ နှင့် ၀၉ ၈၅၀၃၀၇၃ သို့ ဆက်သွယ် လျှောက်ထားနိုင်ပါသည်။


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive