News

ကျောက်စိမ်းမှ ရသည့် ဒေါ်လာ ဘီလျံပေါင်းများစွာ မည့်သည့်နေရာသို့ရောက်

မြန်မာနိုင်ငံမှ  ထွက်ရှိသမျှ ကျောက်စိမ်းအများစုကို မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ဖါးကန့်ဒေသမှ ထုတ်လုပ်သည်။ ကမ္ဘာပေါ်တွင် အရည်အသွေး အကောင်းဆုံးနှင့် ပမာဏ အများဆုံး ကျောက်စိမ်းသည် ဖါးကန့် ဒေသ၌သာ တည်ရှိသည်။ တရားဝင် စာရင်းဇယားများအရ ၂၀၁၁၊၂၀၁၂ဘဏ္ဍာနှစ် (ဧပြီမှ မတ်အထိ) မြန်မာနိုင်ငံသည် ကျောက်စိမ်းကီလိုဂရမ် ၄၃သန်း ထုတ်လုပ်သည်။ ပျမ်းမျှ တစ်ကီလိုဂရမ်ကို ဒေါ်လာ ၁၀၀ဖြင့် တွက်လျှင် စုစုပေါင်း တန်ဖိုး ဒေါ်လာ ၄ဒသမ ၃ဘီလျံ  ရှိသည်။ သို့သော် ယင်းဘဏ္ဍာနှစ်တွင် တရားဝင် ကျောက်စိမ်းတင်ပို့မှုမှာ ဒေါ်လာ ၄၃သန်းသာ ပြထားသည်ဟု သိရသည်။

မြန်မာ့ ကျောက်စိမ်း အများစုကို တရုတ်ပြည်က ဝယ်ယူ တင်သွင်းသည်။ တရုတ်ပြည်ကလည်း မြန်မာနိုင်ငံမှ ကျောက်စိမ်း တန်ချိန်မည်မျှ တင်သွင်းသည်ကို လူသိထင်ရှား ထုတ်ပြန်မှုမပြုပေ။ ၂၀၁၂ခုနှစ်တွင် ကျောက်စိမ်းအပါအဝင် ကျောက်မျက် ရတနာများ၊ အဖိုးတန် သတ္တုများ ဒေါ်လာ ၂၉၃သန်းဖိုး ပြည်ပသို့ တင်ပို့ခဲ့သည်ဟု ဖော်ပြခဲ့ရာ ကျောက်စိမ်းမှ ရသည့်ဒေါ်လာ ဘီလျံပေါင်းများစွာ မည်သည့်နေရာသို့ ရောက်သွားသည်ကို ကျွမ်းကျင်သူ ပညာရှင်များက မေးခွန်းထုတ်နေကြသည်ဟု ဆိုသည်။

သမ္မတဦးသိန်းစိန် အစိုးရအား အကြံပေးနေသည့် ဟားဗတ် Ash Centreမှ သုတေသန ပညာရှင်များက ၂၀၁၁ခုနှစ်တွင် မြန်မာ့ ကျောက်စိမ်းရောင်းချရငွေ ဒေါ်လာ ၈ဘီလျံခန့်ရှိကြောင်း ဇူလှိုင်လ အစီရင်ခံစာတွင် ဖေါ်ပြသည်။ ယင်းငွေပမာဏသည် သဘာဝဓါတ်ငွေ့မှ ရသည့် တိုင်းပြည်ဝင်ငွေ နှစ်ဆကျော် ရှိပြီး တိုင်းပြည်GDP၏ ခြောက်ပုံတစ်ပုံနီးပါး ဖြစ်သည်ဟု သိရသည်။
တရုတ်လူမျိုးအများစုက ကျောက်စိမ်းရတနာပစ္စည်းကို ဝတ်ဆင်ခြင်းဖြင့် ကံကောင်းသည်။ ချမ်းသာကြွယ်ဝသည်။ အသက်ရှည်သည်ဟု ယုံကြည်ကြသည်။ ကျောက်စိမ်းကို ရင်းနှီးမြုပ်နှံမှု ပစ္စည်းတစ်ခုအဖြစ် ရူမြင်ကြသည်။ တရုတ်စကားပုံတစ်ခုက “ရွေသည် တန်ဖိုးရှိသည် သို့သော် ကျောက်စိမ်းသည် တန်ဖိုးမဖြတ်နိုင်”ဟု ဆိုသည်။

ကျောက်စိမ်းသည် တန်ဖိုးကြီးရုံမျှမက ပို့ဆောင်ရန် လွယ်ကူသည်။ “ခိုးဝှက်လို့ မရတဲ့ ကျောက်တုံးတွေသာ ပြပွဲများကို ရောက်သွားတယ်”ဟု မြန်မာနိုင်ငံ၏ နေပြည်တော်တွင် ကျင်းပသော တရားဝင် လေလံပွဲများအား ရည်ညွှန်းလျက် ဖားကန့်ဒေသမှ ကျောက်စိမ်းကုန်သည် တစ်ဦးက ပြောပြသည်။ ကျန်ကျောက်စိမ်းများသည် မြန့်မာ့ တပ်မတော်နှင့် ကေအိုင်အေ ထိန်းချုပ်ထားကြသည့် နယ်မြေများကို ဖြတ်ကာ တရုတ်ပြည်သို့ ရောက်ရှိသွားကြသည်။ တပ်မတော်နှင့် ကေအိုင်အေက ယင်းမှောင်ခို ကျောက်စိမ်းများအပေါ် အခွန်ကောက်ကြကြောင်း ဖါးကန့်မှ ကျောက်စိမ်းကုန်သည်က ပြောပြသည်။

ဟားဗတ် Ash Centreမှ David Dapicesက “လက်တွေ့မှာ အစိုးရဆီ ဘာတစ်ခုမှ မရောက်ဘူး။ အစိုးရအနေနဲ့ ဒီသတ္တု တူးဖော်ရေး လုပ်ငန်းတွေမှာ ငှားရမ်းခများရဲ့ အစိတ်အပိုင်း တစ်ချို့ ကောက်ခံနိုင်မည့် ခေတ်မီ ဘဏ္ဍာရေး စနစ်တစ်ရပ် လိုအပ်တယ်”ဟု ပြောကြားသည်။

ဖါးကန့်တွင် ကျောက်စိမ်းတူးဖော်နေသည့် ကုမ္ပဏီ ၂၀ကျော် ရှိရာ အများစုမှာ တရုတ်ကုမ္ပဏီများ သို့မဟုတ် ၎င်းတို့ လက်ဝေခံ ကုမ္ပဏီများ ဖြစ်ကြသည်။ “အကျိုးအမြတ် အချို့ အစိုးရဆီ ရောက်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အများစုဟာ တရုတ်လူမျိုး မိသားစုများနှင့် ယခင်အစိုးရရဲ့ မိသားစုများရဲ့အိပ်ကပ်တွေ အတွင်း ရောက်သွားကြတယ်”ဟု ဖါးကန့်ရှိ Jadeland Burmaကုမ္ပဏီ ဥက္ကဌ Yup Zaw Hkawngက ပြောကြားသည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

7 thoughts on “ကျောက်စိမ်းမှ ရသည့် ဒေါ်လာ ဘီလျံပေါင်းများစွာ မည့်သည့်နေရာသို့ရောက်

  1. Ceute Zani says:

    လူကြီးတွေအိတ်ထဲေ၇ာက်ကုန်ပြီထင်တယ်…..

  2. Minn Naing says:

    ပြည်တန် ပုလဲကြီးတို့ ပြည်တန်ကျောက်စိမ်းတုံးကြီးတို့ န၀တပတ္တမြား ကြီးတို့ဘယ်ရောက်ကုန်ပြီလဲ

  3. Minn Naing says:

    သူတို့ရထားတဲ့ လစာနဲ့ ပင်စင်ကလဲ မတရားပါလား သူတို့လိုမျိုးတိုင်းပြည် ချစ်ချင်လိုက်ပါဘိတော့

  4. မသိလို့ မေးတာလား မနောက်ပါနဲ့ 

  5. Myanmar says:

    Yup Zaw Hkawng

  6. Myanmar says:

    Yup Zaw Hkawng
    က နစ်ဖက်ချွန်
    အစီုးရနဲ့  ကချင်သူပုန်တွေရဲ့
    သူလျှိပဲ
    သူလဲ ကချင်သူပုန်တွေနဲ့ ပေါင်းပြီး
    တရုတ်ပြည်ကို ကျောက်တွေခိုး
    ထုတ်နေတာပဲ
    မဟုတ်ဘူးလား

Leave a Reply

Your email address will not be published. Required fields are marked *