News

မင်္ဂလာဒုံမြို့နယ် အတွင်း လယ်မြေတစ်ဧက ကျပ်သိန်း ၃၀၀ကျော် ဖြင့် အရောင်းအဝယ် ဖြစ်နေ

မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းမကြီးဘေးရှိ လယ်မြေများအား ကုမ္ပဏီအချို့မှ တစ်ဧက ကျပ်သိန်း ၃၀၀ကျော်ဖြင့် ဝယ်ယူနေကြောင်း ဒေသခံများနှင့် လယ်သမားအချို့ထံမှ သိရသည်ဟု ဆိုသည်။ လွန်ခဲ့သော ၁၀နှစ်ကျော်က တပ်မတော်မှ သိမ်းယူထားသည်ဆိုသော အဆိုပါ လယ်ယာမြေများကို ကုမ္ပဏီအချို့မှ လျှော်ကြေးသဘော ပေးအပ်ဝယ်ယူနေခြင်းကြောင့် လယ်မြေဆုံးရံှုးနစ်နာခဲ့သူ လယ်သမားများအတွက် အဆင်ပြေစေခဲ့သည်ဟု သိရသည်။

“လယ်တွေက လုပ်ခွင့်မပေးတော့တာ အချို့ဆို တော်တော်ကို ကြာပြီး အခုမှ လျှော်ကြေးသဘောမျိုး ပေးဝယ်နေတော့ ဆုံးပြီ ထင်ထားတဲ့ လယ်သမား မိသားစုတွေ အတွက် ထီပေါက်သလိုပါပဲ။ အရင်က လယ်၁၀ဧကလောက် ပိုင်ဆိုင်ခဲ့ပြီး အသိမ်းခံရလို့ အခုစီးပွားရေး အဆင်မပြေတဲ့ သူတွေအတွက် ဒီသတင်းကြားရတော့ တော်တော်ဝမ်းသာနေကြတယ်။ အပြီးသတ်ရောင်းပြီးတာတော့ သိပ်မရှိသေးဘူး၊ စရန်သပ်ပြီးတဲ့ သူတွေတော့ ရှိတယ်”ဟု လယ်နှစ်ဧက ပိုင်ဆိုင်သည့် လယ်သမားတစ်ဦးက ပြောသည်။
လာရောက်ဝယ်ယူနေသော ကုမ္ပဏီများမှာ မည့်သည့်ကုမ္ပဏီ ဖြစ်သည်ကို တိတိကျကျမသိရကြောင်း၊ လာရောက်ကြည့်ရူလေ့လာသူများလည်း ရှိကြောင်း ယင်းဒေသခံများထံမှ သိရသည်။ အမှတ် (၃)လမ်းမကြီးအား ယခုအခါ ၄လမ်းသွား လမ်းသို့ တိုးချဲ့ တည်ဆောက်နေပြီး စီးပွားရေးဆိုင်ရာ ဇုန်နေရာ အဖြစ် တည်ဆောက်ရန် ကနဦးသတင်း ထွက်ပေါ်ခဲ့သော်လည်း သက်ဆိုင်ရာကမူ စီမံကိန်းဖော်ဆောင်မူ အပေါ် အတည်ပြု ထုတ်ပြန်ထားသေးခြင်း မရှိကြောင်း သိရသည်။ ယခုကဲ့သို့ ကုမ္ပဏီများမှ ဝယ်ယူရာတွင် တစ်ဧကလျှင် ကျပ်သိန်း ၃၅၀မှ ၄၀၀အထိ ဈေးဖြစ်ပေါ်နေခြင်း ဖြစ်ကာ ဈေးဆက်လက် မြင့်တက်ရန် စောင့်ကြည့်နေသူများလည်း ရှိနေသည်ဟု ဆိုသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *