News

အာလူးကြော်များ နေ့စဉ်စားပါက ကင်ဆာရောဂါဖြစ်ပွားနိုင်

အာလူးကြော် အများအပြားကို နေ့စဉ်စားသုံးလျှင် ကင်ဆာရောဂါများဖြစ်ပွားနိုင်သည်ဟု အာဟာရဆိုင်ရာ အထူးကုဆရာ၀န်ကြီး ဒေါက်တာ၀င်း၀င်းမြင့်က ပြောကြားသည်။ အာလူးတွင် ကာဗွန်ဟိုက်ဒရိတ်များစွာ ပါရှိသောကြောင့် ယင်းကိုထပ်မံ၍ ဆီနှင့်ကြော်စားခြင်းဖြင့် ကင်ဆာရောဂါများပါ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ “အာလူးက Health food ဖြစ်ပေမယ့် ဆီနဲ့ကြော်လိုက်တော့ Health Food မဖြစ်တော့ဘူး။ ဆီနဲ့ကြော်စားမယ်ဆို ကင်ဆာရောဂါတွေတောင် ဖြစ်နိုင်ိ တယ်။ ကြော်မစားသင့်ဘူး။ ပြုတ်စားမှ အာဟာရ ဖြစ်စေနိုင်တယ်”ဟု ဒေါက်တာ၀င်း၀င်းမြင့်က ထပ်မံပြောပြသည်။ အာလူးတွင် ပါ၀င်သော အာဟာရဓာတ်များဖြစ်သည့် အမျှင်ဓာတ်၊ အသားဓာတ်၊ အချိုဓာတ်၊ ဆိုဒီယမ်ပရိုတင်းဓာတ်၊ မက်ဂနီဆီယမ်၊ ဗီတာမင် Bbနှင့် စီဓာတ် (based on 2000 Kcal Diet) ပါ၀င်မှု ရှိသည်ဟုဆိုသည်။

“အာလူးကြော်က စားနေကျဆိုပေမယ့် တစ်နေ့ကို အထုပ်ကြီးတစ်ထုပ်ထက်ပိုပြီး စားမယ်ဆိုရင် ကင်ဆာရောဂါ ဖြစ်နိုင်ခြေအများကြီး ရှိတယ်။ အကောင်းဆုံးကတော့ ပြုတ်စားတာပဲ”ဟု ယင်းကပြောသည်။ အာလူးကိုကြော်စားခြင်းဖြင့် ယင်းကဲ့သို့ ကင်ဆာရောဂါများ ဖြစ်နိုင်သော်လည်း အာလူးစားခြင်းကြောင့်လည်း ကောင်းကျိုးများစွာ ရရှိနိုင်သည်ဟု သိရသည်။ အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ အစာအိမ်ရောင်ရမ်းခြင်း၊ အရိုးနာခြင်းနှင့်ရောင်ခြင်း၊ နှလုံးအားနည်းခြင်းနှင့် ဆောင်းရာသီတွင် လက်ကွဲ ခြေကွဲဖြစ်ခြင်းများကို အာလူးစားသုံးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်သည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

5 thoughts on “အာလူးကြော်များ နေ့စဉ်စားပါက ကင်ဆာရောဂါဖြစ်ပွားနိုင်

  1. Kolin Aung says:

    ဆိုးဆေးတွေပါလို့လား….

  2. Fucking cencer i like potatos

Leave a Reply

Your email address will not be published. Required fields are marked *