News

၁၈နှစ်အရွယ် အလှမယ်ကို ၁၄ဦးမြောက်ဇနီးအဖြစ် ဆွာဇီလန်ဘုရင် ရွေးချယ်

များစွာဝေဖန် ခံနေရသည့် ပါလီမန်ရွေးကောက်ပွဲ မတိုင်မီ ရက်ပိုင်းအလိုတွင် ဘုရင်အမ်ဆွာတီ (၃)က ၄င်း၏ ၁၄ယောက်မြောက် ဇနီးအဖြစ် အသက် ၁၈နှစ်အရွယ် ပြိုင်ပွဲ၀င် အလှမယ်လေးတစ်ဦးကို ရွေးချယ်ထားကြောင်း နန်းတော်ပြောခွင့်ရ ပုဂ္ဂိုလ်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်ဟု သိရသည်။

“ကျွန်တော် အတည်ပြုနိုင်တာကတော့ သူနဲ့စေ့စပ်ထားတဲ့ မိန်းကလေးအမည်နဲ့ နိုင်ငံကို မိတ်ဆက်ပေးလိုက်ပါပြီ”ဟု လတ်ဒ်ဇစ်ဇီ နန်းတော် အုပ်ချူပ်ရေးမှူး တင်မသီအမ်တက်တွားက ပြောကြားခဲ့သည်။ ဆာဟာရအောက်ပိုင်း အာဖရိက၏ နောက်ဆုံးသက်ဦးဆံပိုင် ဘုရင် အသက် ၄၅နှစ်အရွယ်ရှိ အမ်ဆွာတီသည် သီတင်းပတ် အကုန်က Reed Dance ကျူရိုးနီအကပွဲတွင် ဆင်းဒစ်စဝါဒီလာမီနီနှင့် မိတ်ဆက်ပေးခဲ့သည်ဟု အမ်တက်တွားက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

သူမသည် တော်၀င်သင်္ကေတတစ်ခုအဖြစ် ၄င်း၏ဦးခေါင်းတွင် ကျူရိုးများ ၀တ်ဆင်ခဲ့သည်။ ဘုရင်နှင့် စေ့စပ်ထားသည့် အမျိုးသမီးငယ်သည် လွန်ခဲ့သည့်နှစ်ကမှ အမ်ဘာဘိန်းရှိ စိန့်ဖရန်စစ် အထက်တန်းကျောင်းမှ အောင်မြင်ထားသူဖြစ်ပြီး Miss Cultural Heritage အလှမယ်ပြိုင်ပွဲမှ နောက်ဆုံး ဆန်ခါတင်တစ်ဦးဖြစ်သည်။ ပြိုင်ပွဲအနိုင်ရသူ၏ အမည်ကို စက်တင်ဘာ ၂၈ရက်တွင် ကြေညာမည်ဟု ဆိုသည်။

တောင်ပေါများသော ဘုရင်ပိုင်နိုင်ငံလေး၏ ၁ ဒဿမ ၂သန်းသော ပြည်သူများစွာ စား၀တ်နေရေးအတွက် ရုန်းကန်နေရစဉ် အိမ်တော်၏ အသုံးအစွဲ လက်ဖွာမှုကြောင့် ဘုရင်များ ဝေဖန်ခံနေရသည်။ ပြည်သူရာခိုင်နှုန်း ၇၀မှာ ဆင်းရဲမှုမျဉ်းအောက် ရုန်းကန်နေကြရသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသော်လည်း ဘုရင်၏ ပုဂ္ဂလိက ပိုင်ဆိုင်မှုမှာ ဒေါ်လာ သန်း ၂၀၀ခန့်ရှိသည်ဟု သိရသည်။ ပြုပြင်ပြောင်းလဲရေး လုပ်ရန်ကိုလည်း စွဲစွဲမြဲမြဲ ဆန့်ကျင်နေသည်။

နိုင်ငံရေးပါတီများကို ပိတ်ပင်ပြီး ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကိုလည်း ရိုးရာအစဉ်အလာ ခေါင်းဆောင်များ ရွေးချယ်ထားသောကြောင့် ရွေးကောက်ပွဲမှာ အတုအယောင်သာ ဖြစ်သည်ဟု ေ၀ဖန်သူများက ဆိုသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

16 thoughts on “၁၈နှစ်အရွယ် အလှမယ်ကို ၁၄ဦးမြောက်ဇနီးအဖြစ် ဆွာဇီလန်ဘုရင် ရွေးချယ်

  1. Ba Nyar Win says:

    အချစ်တွေများပေါလိုက်တာနော်

  2. D Bell Gyii taw taw myarr nay pi naw …..

  3. စားချင်တဲ့ဟာ ကောက်စားနေပါလား

  4. ယောကျာင်္းဆိုတာ နှာဘူးနဲ့ ဂန်ဒူး ပဲရှိတာ……………………..ဒီဘဲကြီး ဘူးပုံကတော့………………………….တဏာရူးတောင်…….အရှူံးပေးရမယ်………

  5. Phyo Naykha says:

    ငါ့ယီး.. :3 ဘုရင်တဲ့ ရုပ်ကိုက ကြည်ညိုစရာကြီး :3

  6. တနှာရူး ပါလား

  7. Wan Na says:

    မိုက်ရိုင်းလွန်းတယ်

  8. Wai Yan Htat says:

    နွားအိုမြက်နုကြိုက်ဆိုတာလေ

  9. Hein Tayzar says:

    ဘုရင်တွေများ မိဖုရားတွေသောက်သောက်လဲယူ။ ကလေးတွေတန်းစီမွေး။ မိဖုရားအချင်းချင်းရန်ဖြစ်.. မွေးလာတဲ့ကလေးတွေကြီးလာတော့ နန်းလု.. အရှုပ်တော်ပုံတွေ :/

    1. 21st century yout nay par p byar..ae lout tot ma lote lout tot bar buu..

    2. What the Fuck kings,take marriage >>???She look like his grand daughter.What the Mother fucker KING????

  10. မင်း တို. ခေတ် ဘဲ လုပ် ပေါ. ကွာ ……

  11. Nay Gyi says:

    အားကျတယ်ဗျာ

  12. maungpauk says:

    ဒို့ မင်းတုန်းမင်းကိုအမီလိုက်နေတာထင်တယ်.. ကြိုးစားပါအုံး. 😛

Leave a Reply

Your email address will not be published. Required fields are marked *