News

နောက်ထွက်မည့် iPhone အသစ်ဖြင့် Slow-motion ရိုက်နိုင်မည်

၂၀၁၃ခုနှစ် နှောင်းပိုင်းခန့်တွင် ထွက်ရှိမည်ဟု ဆိုထားသော iPhone အသစ်များတွင် high-speed ဗီဒီယို ကင်မရာပါလာပြီး ၄င်းကင်မရာဖြင့် အနှေးရိုက်ချက် (Slow-motion) များကိုပါ ရိုက်ကူးနိုင်မည်ဖြစ်ကြောင်း 9 to 5 mac.com တွင် ဖော်ပြထားသည်။ နောက်ထုတ်မည့် iPhone အသစ်ကို iPhone 5S ဟုခေါ်မည်လော iPhone 6 ဟုခေါ်မည်လော ကွဲပြားစွာမဆိုသေးသော်လည်း iOS 7 ကိုသာ သုံးထားမည်ဖြစ်ပြီး၊ ယင်းတွင် ပါလာမည့် Mogul Mode သည် ဗီဒီယိုရိုက်ချက်များကို တစ်စက္ကန့်တွင် ဖရိန် ၁၂၀ (120 fps) နှုန်းဖြင့် ရိုက်ကူးနိုင်ရန် စီစဉ်ထားကြောင်း ထို blog တွင် ရေးသားထားသည်။ ပုံမှန်ဆိုလျှင် ဖုန်းများတွင် ရိုက်နိုင်သည့်နှုန်းမှာ 30fps ဖြစ်သည်။

အဆိုပါ Mogul Mode ကို iPhone 5 တွင် အသုံးမပြုနိုင်ကြောင်း၊ ဟဒ်၀ဲက မလိုက်နို်င်သောကြောင့်ဖြစ်ကြောင်း၊ နောက်ထုတ်မည့် iPhone တွင် ဟဒ်၀ဲမြင့်သဖြင့် ကင်မရာဆင်ဆာကို ထိန်းနို်င်ကြောင်း၊ ထို Blog တွင် ဖော်ပြထားသည်။ Apple ၏ ပြိုင်ဘက်ကုမ္ပဏီကြီးများဖြစ်ကြသည့် Samsung Galaxy S4 နှင့် Nokia Lumia ဖုန်းသစ်များတွင်လည်း 120fps နှုန်းဖြင့် ဗီဒီယိုရိုက်နိုင်မည့် ကင်မရာများ ထည့်သွင်းလာဖွယ်ရှိသည်။ လက်ရှိ Samsung ထုတ် S4 ဖုန်းတွင် ရှေ့မြင်ကင်မရာဖြင့် animated GIF ဖိုင်များတွင် ရိုက်ကူးနိုင်ရန် စီစဉ်ပေးထားကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *