News

Apple ၏ ပထမဦးဆုံး ကွန်ပျူတာလေလံ ဒေါ်လာ ၃၈၈,၀၀၀ ရရှိ

နာမည်ကျော် ခရစ္စတီ လေလံအဖွဲ့ကြီးက Apple ကုမ္ပဏီမှ ပထမဦးဆုံး တီထွင်ခဲ့သည့် Apple 1 ကွန်ပျူတာကို ဒေါ်လာ၃၈၈,၀၀၀ဖြင့် အွန်လိုင်းမှတစ်ဆင့် စံချိန်တင်ရောင်းချပေးနိုင်ခဲ့ကြောင်းသိရသည်။ ထိုကွန်ပျူတာသည် Apple ကုမ္ပဏီကို ထူထောင်ခဲ့သူ ၊ကွယ်လွန်သွားြ့ပီဖြစ်သော စတိဗ်ဂျော့ဘ်ကမိဘများ၏ ကားဂိုထောင်အတွင်း တီထွင်ထားခဲ့သည့် ကွန်ပျူတာဖြစ်ပြီး ၁၉၇၆ ခုနှစ်တွင် စတိဝေါ့ဇ်နစ်နှင့် အတူ ဒီဇိုင်းထုတ်ကာ ပူးပေါင်းတီထွင်ထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကမ္ဘာပေါ်တွင် အလုံး၅၀ခန့်သာ ကျန်ရှိနိုင်တော့ကြောင်းခန့်မှန်းထားသည်။ဝေဖန်သူ အချို့က ယင်းကွန်ပျုတာကို ဒေါ်လာတစ်သန်းခန့် ရနိုင်ကြောင်းခန့်မှန်းထားသော်လည်း ခရစ္စတီလေလံအဖွဲ့က ကြမ်းခင်းဈေး ဒေါ်လာ၃သိန်းဖြင့် စတင်ဈေးဖွင့်ခဲ့ပြီး ဒေါ်လာ၅သိန်းခန့် ရလိမ့်မည်ဟု ခန့်မှန်းထားသော်လည်း လက်ရှိထိုဈေးဖြင့်သာ ပိတ်သွားခဲ့ခြင်းဖြစ်သည်။

ဂျာမနီနိုင်ငံ ကိုလုံးမြီု့တွင် ပြီးခဲ့တဲ့မေလက Apple1 ကွန်ပျူတာကို လေလံပစ်ခဲ့ရာ ဒေါ်လာ ၆၆၃,၀၀၀ရရှိခဲ့သည်ဟု သိရသည်။Apple ကွန်ပျူတာ အဟောင်းများဈေးကောင်းရနေသဖြင့် ယခင်သိမ်းဆည်းထားသူများသည် ကားဂိုဒေါင် အဟောင်းများတွင် လှန်လျောရှာဖွေကာ လေလံတင်နိုင်ရန်ကြိုးပမ်းနေကြသည်။ ၁၉၈၄ ခုနှစ် Apple Lisa ကွန်ပျူတာများသည် ခရစ္စတီ အွန်လိုင်းလေလံဈေးကွက်သို့ ရောက်လာရာ ဒေါ်လာ ၂၀၀၀၀ မှ ဒေါ်လာ ၃၀၀၀၀ အတွင်း ရရှိလိမ့်မည်ဟု ခန့်မှန်းထားသည်။ ၁၉၈၆ ခုနှစ်တွင် ထုတ်ခဲ့သည့် Apple IIGS ကွန်ပျူတာများကို ဒေါ်လာ၁၀,၀၀၀မှ ဒေါ်လာ ၁၅,၀၀၀ အတွင်းရရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ယခုလေလံအောင်သွားသော Apple1 ကွန်ပျူတာများကို စတင်ထုတ်လုပ်စဉ်က ဒေါ်လာ ၇၀၀၀ ဝန်းကျင်ဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *