News

ရုရှား Search Engine Yandex က စမတ်ဖုန်း ရောင်းမည်

ရုရှား နာမည်ကြီး Search Engine တစ်ခုဖြစ်တဲ့ Yandex က သူ့ရဲ့ ၀န်ဆောင်မှုများကို ထည့်သွင်းထားတဲ့ စမတ်ဖုန်းနှစ်လုံးကို ဖုန်းထုတ်လုပ်သူနှစ်ယောက်ဆီကနေ ထုတ်လုပ်ရောင်းချမယ်လို့ ပြောပါတယ်။ အခုလိုပြုလုပ်ခြင်းဟာ စမတ်ဖုန်းတွေမှာ Google ရဲ့ ၀န်ဆောင်မှုတွေ ကြီးစိုးနေတာကို ယှဉ်ပြိုင်ချင်လို့ ဖြစ်ပါတယ်။

အဲဒီဖုန်း နှစ်မျိုးမှာ Yandex ရဲ့ Browsers, Maps, Search, Cloud Storage နဲ့ Applications တစ်သိန်းကျော် ရှိတဲ့ App Store ပါရှိမှာ ဖြစ်ပါတယ်။ အဲဒီဖုန်း နှစ်လုံးကို Huawei နဲ့ ZAO Explay တို့က ထုတ်လုပ်ပေးမှာ ဖြစ်ပြီး မတ်လမှာ ရုရှားမှာစတင် ရောင်းချမှာ ဖြစ်ပါတယ်။

ရုရှား မှ အင်တာနက် အသုံးပြုသူအတော်များများဟာ စမတ်ဖုန်းကနေ အသုံးပြုကြတာဖြစ်တဲ့အတွက် Yandex က စမတ်ဖုန်း ဈေးကွက် ကိုချဲ့ထွင်လာတာ ဖြစ်ပါတယ်။ အထူးသဖြင့် Android Smartphone တွေကနေ အသုံးပြုကြတာ ဖြစ်ပါတယ်။ Google ရဲ့ ၀န်ဆောင်မှုတွေ နေရာမှာ သူတို့ကိုယ်ပိုင် ၀န်ဆောင်မှုတွေ ထည့်သွင်း အသုံးပြုတဲ့ Amazon နဲ့ Nokia Oyj တို့နဲ့လည်း Yandex က ပူးပေါင်းနေပါတယ်။

“ စမတ်ဖုန်းထုတ်လုပ်သူတွေဟာ Android Platform ကို အသုံးပြုမယ်ဆိုရင် Search ကနေ Application Store အထိ Google ရဲ့ ၀န်ဆောင်မှု တွေကို အသုံးပြုကြရပါတယ်။ ကျွန်တော်တို့ကတော့ Google ရဲ့ ၀န်ဆောင်မှုတွေအစား ကျွန်တော်တို့ရဲ့ ၀န်ဆောင်မှုတွေနဲ့ အစားထိုးပေးထားပါတယ်။. ဒါမျိုးလုပ်နိုင်တဲ့ Company အနည်းငယ်သာ ရှိပါသေးတယ်။ “ လို့ Yandex ရဲ့ မိုဘိုင်းဌာနမှ Alexander Zverev က ပြောပါတယ်။

ဇန်နဝါရီလက ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ ရုရှားမှာ Yandex Search ကို အသုံးပြုသူ (၆၂) ရာခိုင်နှုန်း ရှိပြီး Google Search ကို အသုံးပြုသူ (၂၇) ရာခိုင်နှုန်း ရှိပါတယ်။ ရုရှားမှာ Yandex Search ကို အသုံးပြုသူ အနည်းဆုံး (၅၂) ရာခိုင်နှုန်း ရှိတယ်လို့ Yandex က ပြောပါတယ်။

“ ကျွန်တော်တို့ဟာ Android Smartphone များမှာ Yandex Search ကို အသုံးပြုမှုပိုမိုများပြားအောင်ပြုလုပ်မှာ ဖြစ်ပြီး ကြော်ညာတွေကနေ အမြတ်အစွန်း ပိုမိုရရှိစေမှာ ဖြစ်ပါတယ်။ Microsoft ရဲ့ ၀င်းဒိုးဖုန်းတွေမှာ Yandex Search ကို အသုံးပြုသူ ကိုးဆယ်ရာခိုင်နှုန်း ရှိတယ် “ လို့ Zverev က ပြောပါတယ်။

ရုရှားမှာ ၂၀၁၃ ခုနှစ်က Android Smartphone တွေ နှစ်ဆ ရောင်းချခဲ့ရပြီး (၁၄.၁) သန်း ရောင်းချခဲ့ရတာဖြစ်ပါတယ်။ စမတ်ဖုန်း ဈေးကွက် ရဲ့ ရှစ်ဆယ် ရာခိုင်နှုန်း ဟာ Android Smartphone တွေ ဖြစ်ပါတယ်။ Explay နဲ့ Huawei တို့က အလုံးရေ (၈၂၈၀၀၀) နဲ့ (၂၁၂၀၀၀) အသီးသီး ရောင်းချခဲ့ရပါတယ်။ အဆိုပါ ရောင်းအားဟာ ဈေးကွက် ရဲ့ (၅.၉) ရာခိုင်နှုန်း ရှိပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ New York မှာ Yandex ရဲ့ Share တွေ ၂.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး Share တစ်ခုကို ဒေါ်လာ (၄၁.၂၁) ဖြစ်လာပါတယ်။ စတော့ဈေးကွက်မှာ တော့ ၄.၅ ရာခိုင်နှုန်း ကျဆင်းနေပါတယ်။

နောက်တစ်ပတ် မှာ ဘာစီလိုနာတွင် ပြုလုပ်မယ့် Mobile World Congress မှာ Yandex က သူ့ရဲ့ မိုဘိုင်း၀န်ဆောင်မှုကို ကြေညာမှာ ဖြစ်ပါတယ်။ ရုရှားက Android တက်ဘလက်တွေမှာ သူတို့ရဲ့ ၀န်ဆောင်မှုတွေကို ဒီနှစ်ကုန်ပိုင်းမှာ ထည့်သွင်းဖို့ Yandex က စီစဉ်နေပါတယ်။

ကမ္ဘာ့အကြီးဆုံး အွန်လိုင်း အရောင်းဆိုင် Amazon က သူ့ရဲ့ ကိုယ်ပိုင် ၀န်ဆောင်မှုတွေ ဖြစ်တဲ့ App Store ကို သူ့ရဲ့ Kindle Device မှာ ထည့်သွင်းပေးထားပါတယ်။ Kindle Device တွေကလည်း Android OS ကို အသုံးပြုတာဖြစ်ပါတယ်။ Nokia ကလည်း သူ့ရဲ့ စမတ်ဖုန်းတွေမှာ သူ့ကိုယ်ပိုင် App Store ထည့်သွင်းဖို့ စီစဉ်နေပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *