How-to

Commond Line ကိုအသုံးပြု၍ IP ပေးခြင်း

ကျွန်တော်တို့ Network ချိတ်ဆက်တော့မယ်ဆိုရင် ကျွန်တော်တို့ရဲ့Computer တွေမှာ IP Addressတွေကို ပေးရပါတယ်။ ရိုးရိုးသာမန် LAN Network တစ်ခုမဟုတ်ဘဲ Internet ဆိုပါက IP Address တွေအပြင် Default Gateway Address တွေ၊ DNS Server Addressတွေကိုပါ Assign လုပ်ရပါတယ်။ ယနေ့ ကျွန်တော်တို့ Network ချိတ်ဆက်လို့ IP Address တွေကို ပေးတဲ့အခါ GUI (Graphical User Interface) ကနေ assign လုပ်ကြပါတယ်။ ဒါပေမယ့် စာဖတ်သူ အနေနဲ့GUI အား CLI (Command Line Interface)ကနေ ယနေ့အခေါ်အဝေါ် Commond Promptကနေ IPတွေ၊ Gatewayတွေ၊ DNS Address တွေကို ပေးချင်တယ်ဆိုရင်လည်း ပေးလို့ရပါတယ်။

ကဲ…  အခု ကျွန်တော်တို့ စပြီး ကျွန်တော်တို့ရဲ့ Computerမှာ Commandတွေကို အသုံးပြုပြီး IP Addressတွေ ပေးကြည့်ရအောင်၊ ကဲ…အခု Command Promptကို ခေါ်ဖို့ Start > Run , Run box ထဲမှာ cmd လို့ ရိုက်ထည့်ပါ ။ Windows Xp, Vista, 7 နဲ့ 8တို့ မှာဆိုရင်တော့ Start > All Program > Accessories > Command Prompt ပေါ်မှာ Right Click လုပ် Run as Administratorကို ရွေးပေးရပါတယ်။

IP Address နဲ့ Subnet Mask ပေးခြင်း

Command  Prompt ထဲမှာ အောက်ပါ အတိုင်းရိုက်ထည့်ပါ ။ netsh interface ip set address name =”Local Area Connection” Static 192.168.1.7 255.255.255.0 ကဲ… ဒီ Commandကို လေ့လာကြည့်ရအောင်။ ရှေ့က netsh interface ip set address name = အထိကတော့ အသေပါ။ Local Area Connectionဆိုတဲ့ နေရာမှာ အပြောင်းအလဲ ရှိနိုင်ပါတယ်။ ဒီ Local Area Connection ဆိုတာဟာ ကျွန်တော့် Computerက Network Card ရဲ့ Nameပါ။ Windows XPမှာဆိုရင်တော့ Network Card တွေကို Default Name အဖြစ် OS က Local Area Connection ဆိုပြီး ပေးတတ်ကြပေမယ့် Windows 7 တို့ 8 တို့မှာတော့ Ethernet ဆိုပြီး ပေးတတ်ကြပါတယ်။ တချို့ကလည်း မိမိရဲ့ Network Card အမည်တွေကို Rename ပြောင်းထားတတ်ကြပါတယ်။ အတိအကျ သိချင်ရင်တော့ Run Box ထဲမှာ ncpa.cplလို့ ရိုက်ထည့်ပြီး မိမိရဲ့ Network Card Name ကိုစစ်ပါ ။ ကဲ… ကျွန်တော်တို့ဆက်ရအောင်။    ” ” ထဲမှာ ကျွန်တော်တို့ IP ပေးချင်တဲ့ Network Card ရဲ့ အမည်ကို ရိုက်ထည့်ပါ ။ ပြီးရင် Static ၊ Static ဆိုတာဟာ IP ပေးတဲ့ နည်းစနစ်ပါ။ မိမိရဲ့ Network ထဲမှာ DHCP Server <IP ချပေးတဲ့ Server> မရှိခဲ့ဘူးဆိုရင် Administratorက Manual ချတဲ့ နည်းကို ပြောတာပါ။ ဒီ Commandမှာဆိုရင် ကျွန်တော်တို့ IPကို Static ပေးမယ်။ ပြီးရင် ကျွန်တော်တို့ ပေးချင်တဲ့ IP Address နဲ့ Subnet Maskကို ရိုက်ထည့်ပါ။ ဒါဆိုရင်တော့ ကျွန်တော်တို့မှာ IP ကို Static နဲ့ Command Lineကနေ ပေးပြီးသွားပြီ ဖြစ်ပါတယ်။

Default Gateway Address ပေးခြင်း

မိမိရဲ့ Computerမှာ IP အပြင် Gateway Address ပါ ပေးချင်တယ်ဆိုရင်တော့ netsh interface ip set address “Local Area Connection” gateway=192.168.1.1 gw=1 အထက်ပါ Commandမှာ ကျွန်တော် စောစောက ပြောတဲ့အတိုင်း “Local Area Connection”ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ Network Card ရဲ့ Nameပေါ်မူတည်ပြီး အမည် ကွဲပြားနိုင်ပါတယ်။ Gateway=ရဲ့ နောက်မှာ ကျွန်တော့် Network မှာရှိတဲ့ Default Gateway ရဲ့ IPကို ရိုက်ထည့်ပါ။

DNS Server Adderss ပေးခြင်း

DNS Server Addressကို Assign ပေးချင်တယ် ဆိုရင်တော့ အောက်ပါ Command ကို ရိုက်ထည့်ပေးပါ။ netsh interface ip set dns name=”Local Area Connection”static 203.81.162.22  netsh interface ip set dns name= ကအသေပါ။ Network Cardက အမည်ပေါ်မူတည်ပြီး ” ” ထဲမှာ အပြောင်းအလဲ ရှိနိုင်ပါတယ်။ DNS Serverကို Manual ပေးချင်တယ်လို့ Staticကို ရွေးပေးပါတယ်၊ ပြီးရင် မိမိ Networkမှာရှိတဲ့ DNS Serverရဲ့ Addressကို ရိုက်ထည့်ပေးရပါတယ်။

DHCP Server မှာ IP Addressတွေ Default Gateway DNS Server Addressတွေကို လှမ်းယူခြင်း

ကျွန်တော်တို့ရဲ့ Networkထဲမှာ IP တွေ၊ Gatewayတွေ DNS Serverတွေရဲ့ Address တွေကို Auto ချပေးတဲ့ DHCP Serverသာ ရှိခဲ့မယ်ဆိုရင်တော့၊ Computerတွေဟာ ဒီ Addressတွေကို DHCP Serverကနေ IPကို လှမ်းယူချင်တယ် ဆိုရင်တော့ netsh interface ip set address name=”Local Area Conncetion ” dhcp
IPကို Staticနဲ့ ပေးတုန်းက Command  အတိုင်းပါပဲ။ Staticအစား dhcp ဆိုတာပဲ ကွာသွားတာပါ။ DNS Serverအတွက် DHCP Server ဆီကနေ IPကို လှမ်းတောင်းချင်တယ် ဆိုရင်တော့ netsh interface ip set dns name = “Local Area Connection ” dhcp ပါ။

One thought on “Commond Line ကိုအသုံးပြု၍ IP ပေးခြင်း

  1. Myanmar ICT says:

    Router က DHCP Auto ချပေးရင် IP Address မထဲ့ပဲနဲ့ သုံးလို့ရပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *