How-to

iOS 7.0.3 ရဲ့ iCloud Keychain ကို အသုံးပြုခြင်း

iOS 7.0.3 မှာ iMessages တွေမှာဖြစ်တဲ့ Bugs တွေကိုပြုပြင်ပေးထားပြီး UI Animations တွေအနည်းငယ်ပြောင်းလဲလိုက်ပါတယ်။ Features အသစ်တွေလည်းပါရှိလာပြီးအဲဒီထဲကအလွန်ကောင်းမွန်တဲ့ iCloud မှာအသစ်ပါလာတဲ့ Sub-Feature တစ်ခုဖြစ်တဲ့ Keychain အကြောင်းကိုရေးပေးလိုက်ပါတယ်။

What is Keychain?

Keychain က နာမည်ကြီး Password Manager တွေဖြစ်တဲ့ LastPass , Dashlane တို့လိုဖြစ်ပါတယ်။ သင့်ရဲ့ Passwords, Credit Card Information တွေကို Encrypted လုပ်ပြီး Cloud မှာသိမ်းပေးထားမှာဖြစ်ပြီး iOS Devices တွေအားလုံးမှာ Sync လုပ်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Encryption Key or PIN Code ကိုပြုလုပ်ရမှာဖြစ်ပြီး သင့်ဒေတာတွေကို လုံခြုံအောင်ကာကွယ်ထား နိုင်ပါတယ်။ အဲဒီ Feature က iOS, Mac တို ့မှာ Default အားဖြင့် Disable လုပ်ထားတာဖြစ်ပါတယ်။ သင့် Passwords တွေကို Device အားလုံးမှာ Sync လုပ်ပြီးအသုံးပြုဖို့ Keychain ကို Enable လုပ်ပြီးအသုံးပြုနည်းကို အောက်မှာဆက်လေ့လာပါ။

iOS မှာ iCloud Keychain ကို Enable ပြုလုပ်ခြင်း။

ပထမဆုံး Safari Browser မှာ Passwords , Credit Card Info တွေကိုသိမ်းခိုင်းရမှာဖြစ်ပါတယ်။ Settings>Safari>Passwords & AutoFill ကိုသွားပြီးလိုအပ်တာတွေကို Enable လုပ်ပါ။

2

ပြီးရင် Settings App ရဲ ့Main Menu ကိုပြန်သွားပါ။ iCloud>Keychain ကိုသွားပြီး Enable လုပ်ပါ။ Apple ID ထည့်ပေးပြီး Security Code သတ်မှတ်ပေးပါ။

3

Advanced Options ကိုနှိပ်ရင် Security Code ပြုလုပ်စရာမလိုတဲ့ Option ကိုလည်းရွေးချယ်နိုင်ပါတယ်။ တစ်ခုမှတ်ထားရမှာက Security Code ပြုလုပ်ထားမှသာ တစ်ခြား Device တွေနဲ့ Sync လုပ်နိုင်မှာပါ။ တစ်ခြား Device တစ်ခုမှာ Keychain ကို Setup လုပ်တဲ့အခါမှာ အဲဒီ Security Code ကိုအသုံးပြုရမှာပါ။ တစ်ခြား Device တစ်ခုမှာ Setup လုပ်တဲ့အခါ သင့်ရဲ့ လက်ရှိအသုံးပြု နေတဲ့ Device မှာ Notification ပေါ်မှာဖြစ်ပြီး Approve လုပ်ပေးရမှာပါ။ နောက်တစ်ချက်က သင့် Device တွေအားလုံး ပျောက်ဆုံးသွားတယ်ဆိုရင် Security Code ကိုသုံးပြီး သင့် Keychain ကို ပြန် Recover လုပ်နိုင်ပါတယ်။

4

4-digit PIN Code အပြင် ပိုမိုရှုပ်ထွေးပြီး လုံခြုံတဲ့ Password တွေကိုပြုလုပ်နိုင်သလို Random Security Code ကိုနှိပ်ပြီး iOS ကပြုလုပ်ပေးတဲ့ Passwords ကိုသုံးနိုင်ပါတယ်။ Security Code ကိုသေချာမှတ်သားထားဖို့အရေးကြီးပါတယ်။

PIN Code ပြုလုပ်ပြီးရင် Phone Number တွေထည့်ပေးဖို့ တောင်းပါမယ်။ ဖုန်းနံပါတ်ထည့်ပေးပါ။ Device အသစ်တွေမှာ Keychain ကို Setup လုပ်တဲ့အခါ သင့် Keychain အသုံးပြုထားတဲ့ Device တွေကိုအသုံးပြုလို့ မရနိုင်တဲ့အခြေအနေတွေမှာ အဲဒီဖုန်း နံပါတ်ကို အသုံးပြုနိုင်တဲ့အတွက် အထောက်အကူပြုပါတယ်။

5

အားလုံးပြီးသွားရင်တော့ Safari မှာသိမ်းထားတဲ့ Passwords , Credit Card Info တွေကို Keychain-Enabled Device တွေအားလုံးမှာ Sync လုပ်ပြီးသုံးနိုင်ပါပြီ။ Safari ကနေပြီးသင့်၀က်ဆိုက်တွေကို အသုံးပြုရင် ကီးဘုတ်အပေါ်နားမှာ AutoFill Option ကိုတွေ့မြင်အသုံးပြုနိုင်ပါတယ်။ Setting >Safari>Passwords & AutoFill >Saved Passwords မှာ သိမ်းထားတဲ့ Passwords တွေကို Edit လုပ်နိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *