News

အင်တာနက်မှ ငွေပေးချေမှုစနစ် Ypay အားစတင်အသုံးပြုနိုင်ပြီ

အင်တာနက်မှ ငွေပေးချေမှုစနစ်တစ်ခုဖြစ်သည့် Ypay စနစ်အား စတင်အသုံးပြုနိုင်ခြင်း အခမ်းအနားအား ဇွန်လ ၁၉ရက်နေ့လည် ၁နာရီတွင် MICT Park Main Building အဆောက်အဦတွင် ကျင်းပခဲ့သည်။

Ypay စနစ်သည် အွန်လိုင်းတွင် အကောင့်ရှိရုံဖြင့် Bill ပေးချေနိုင်သည့်စနစ်တစ်မျိုးဖြစ်ပြီး ဘဏ်အကောင့်တစ်ခုရှိရန် လိုအပ်သည်။Ypay ကို အသုံးပြုနိုင်ရန် ကိုယ်ပိုင် အကောင့် တစ်ခုဖွင့်ထားရမည်ဖြစ်ကာ Ypay အကောင့်ကို Personal နှင့် Business ဟူ၍ နှစ်မျိုးခွဲခြားထားသည်။ Personal အကောင့်ကို အသုံးပြုသူ၍ ပစ္စည်းများ၊ဘေလ်ပေးချေသူများအတွက် အတွက် ၀န်ဆောင်ခပေးရန်မလိုအပ်သော်လည်း Business အကောင့်အသုံးပြု၍ ပစ္စညး်များရောင်းချမည့် အွန်လိုင်းစတိုးများအတွက်မူ သုံးစွဲသူမှ ပေးချေသော စုစုပေါင်း ငွေပမာဏ၏ ၂ရာခိုင်နှုန်း ကို နှစ်ရာကျပ်ပေါင်းကာ ပေးဆောင်ရမည်ဖြစ်သည်၊ ၀န်ဆောင်ခကို မြန်မာငွေဖြစ်စေ၊ဒေါ်လာဖြစ်စေ ပေးဆောင်နိုင်သည်။

လက်ရှိတွင် Ypay စနစ်ဖြင့် Bill ပေးဆောင်နိုင်သည်မှာ လျှပ်စစ်မီတာ ဘေလ်၊ ရတနာပုံတယ်လီပို့၏ ADSL ဘေလ် နှင့် GSM CDMA Phone ဘေလ် များဖြစ်သည်၊ ရတနာပုံတယ်လီပို့ ADSL ဘေလ်နှင့် ဖုန်းဘေလ် ပေးချေမှုများကို ရရှိနေပြီးဖြစ်ပြီး လျှပ်စစ်မီတာဘေလ်အတွက် နေပြည်တော်နှင့် မန ္တလေးတွင်ရရှိနေပြီဖြစ်ကာ ရန်ကုန်တိုင်းအတွက် အကောင်အထည်ဖော်နေလျက်ရှိကြောင်း သိရသည်။

Ypay စနစ်လုပ်ဆောင်ပုံအသေးစိတ်နှင့်အချက်အလက်များကို www.ypay.com.mm တွင် ၀င်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး သိလိုသည့်အချက်များကို Ypay Office Building 6, Room 3,MICT Park လှိုင်တက္ကသိုလ်နယ်မြေ၊ဖုန်း 01-507049၊01-507051 သို့မေးမြန်းနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *