News

skeuomorphism ဒီဇိုင်းကို အဆုံးသတ်ခဲ့တဲ့ iOS 7

www.apple.com

မကြာသေးခင်ကမှ မိတ်ဆက်ရှင်းလင်းခဲ့ပြီး ဒီနှစ်ကုန်ပိုင်းမှာ ရယူသုံးစွဲနိုင်တော့မယ့် Appleရဲ့ OSစနစ်သစ် iOS 7က ဒီနေ့ နည်းပညာ နယ်ပယ်အပေါ်မှာ အကောင်းဆုံး လွှမ်းမိုးမှုတွေ ရရှိထားပြီး အားလုံးရဲ့ စိတ်၀င်စားမှုကို ရရှိနေပါတယ်။ ဒါကြောင့် အသစ်ထွက်ရှိလာတဲ့ iOS 7ရဲ့ အကြောင်းကို စိတ်၀င်စားတဲ့သူတွေ အားလုံး အတွက် မျှေ၀ပေးလိုက်ပါတယ်။

Design
အခြေခံ ဒီဇိုင်း ရယူမှု – ရိုးရှင်းမှုဆိုတာ အပေါ်ယံကြောပဲ ကြည့်မယ်ဆိုရင်တော့ လွယ်ကူကောင်းမွန်တယ်လို့ ထင်ရပေမယ့် ပိုမိုရှုပ်ထွေးစေတာ အမှန်ပါ။ အဲဒီ အရာကို နေရာမှန်၊ အချိန်မှန်၊ ပုံစံမှန်သာ ထားရှိမယ်ဆိုရင်တော့ သင့်ကို အကောင်းဆုံး ကူညီဆောင်ရွက်ပေးနိုင်မှာ ဖြစ်တာကြောင့် iOSအသစ်ရဲ့ ဒီဇိုင်းက အရိုးရှင်းဆုံးနဲ့ အမှန်ကန်ဆုံး ဖြစ်အောင် ရေးဆွဲထုတ်လုပ်ထားတာ တွေ့နိုင်ပါတယ်။

စိတ်ကြိုက်ဖြစ်စေနိုင်မှု – အရင်က အသုံးပြုခဲ့ဖူးတဲ့ iOSတွေနဲ့ ကွာဟချက်ကို သင် လက်တွေ့ အသုံးပြုချိန်မှာ မြင်နိုင်မှာ ဖြစ်ပါတယ်။ အကြောင်းကတော့ iOS 7ဟာ ရိုးရှင်းမှုဆိုတဲ့ အရာအပေါ်မှာ အခြေခံ တည်ဆောက်ထားတာကြောင့် သုံးစွဲရမှု လွယ်ကူစေမယ့် အပြင် အကျွမ်းတ၀င်ဖြစ်မှုလည်း မြန်ဆန်စေမှာ ဖြစ်ပါတယ်။

စွမ်းဆောင်ရည် – လုပ်ဆောင်ချက်တွေ အတွက် အမြန်နှုန်းက တိကျ မြန်ဆန်မှာ ဖြစ်ပြီးတော့ ရုပ်ထွက်တွေက ကြည်လက်ကောင်းမွန်ပါလိ်မ့်မယ်။ နောက်ပြီး အထူးခြားဆုံး တစ်ခုက Weather Sensorဖြစ်ပြီးတော့ အပြင်က ရာသီဥတု အတိုင်း ပြသပေးနိုင်မှာ ဖြစ်တာကြောင့် လူတိုင်းသဘောကျလောက်မယ့် စွမ်းဆောင်ရည် ဖြစ်ပါတယ်။

Features
Notification Center – iOS 7ရဲ့ အဓိက အားသာချက် တစ်ကတော့ Notification Centerရဲ့ လုပ်ဆောင်နိုင်စွမ်း မြင့်မားကောင်းမွန်လာတာပဲ ဖြစ်ပါတယ်။ အရင်က ကျွန်တော်တို့ အသုံးပြုခဲ့တဲ့ Notificationအပိုင်းတွေမှာ Mailတွေနဲ့ Missed Callတွေ အကြောင်းကို အချက်ပြရုံလောက်ပဲ အသုံးပြုနိုင်ခဲ့တာ ဖြစ်ပြီးတော့ iOS 7မှာတော့ Reply(အကြောင်းပြန်) အပိုင်းထိအောင် အသုံးပြုနိုင်အောင် တီထွင် ဖန်တီး ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ ချက်ချင်း Replyပြန်နိုင်မှာ ဖြစ်ပြီး သက်ဆိုင်ရာ Siteဆီသွားပြီး Replyလုပ်ရတဲ့ အဆင့်ကို အလွယ်တကူ ကျော်လွှားလုပ်ဆောင်နိုင်မှာ ဖြစ်တာကြောင့် အချိန်ကုန် အထူးသက်သာစေမှာပါ။

Multitasking – လက်ရှိ အသုံးပြုနေတဲ့ Multitaskingတွေထက် ပိုမိုကောင်းမွန်တဲ့ စနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အပြိုင်သုံးနေတဲ့ Appတွေကို အလွယ်ကူဆုံးနဲ့ အမြန်ဆုံး ပြောင်းလဲ အသုံးပြုနိုင်အောင် ဖန်တီးထားပါတယ်။ နောက်ပြီး အချိန်မှန် သုံးစွဲတတ်တဲ့ Appတွေကိုလည်း ဖွင့်စရာ မလိုပဲ သုံးနေကျ အချိန်တွေမှာ အလိုအလျောက် ဖွင့်ပြီးသား ဖြစ်နေစေမယ့် လုပ်ဆောင်ချက်လည်း ပါ၀င်ပါသေးတယ်။ နောက်ပြီး အချိန်မှန် မသုံးစွဲရင်တောင်မှ ကြိုတင် အချိန်ပေးမှတ်သားပြီး လုပ်ဆောင်လည်ပတ်နေစေချင်တယ် ဆိုရင်လည်း ရပါသေးတယ်။

Camera – Formatလေးမျိုးကို အဓိက ခွဲခြား ဖန်တီးရိုက်ကူးနိုင်မှာ ဖြစ်ပြီး Still, Video, Panoramaနဲ့ Squareတွေ ဖြစ်ပါတယ်။ နောက်ပြီး Filterပေါင်း ၉ မျိုးကို Stillနဲ့ Squareတွေမှာ ရွေးချယ် အသုံးပြုနိုင်ဦးမှာ ဖြစ်တာကြောင့် ကောင်းမွန်တဲ့ ရုပ်ထွက်တွေကို စိတ်ကြိုက်ရွေးချယ် ရိုက်ကူးစေနိုင်မှာပါ။ ပြီးတော့ Filterတွေရဲ့ စွမ်းဆောင်ပေးနိုင်မယ့် လုပ်ဆောင်ချက်တွေကို ဥပမာတွေနဲ့ ပြသပေးထားမှာ ဖြစ်တာကြောင့် အလွယ်တကူ ရွေးချယ် ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။နောက်ပြီး ဓါတ်ပုံရိုက်ကူးပြီးမှလည်း အဲဒီ Filterတွေကို Apply(ထည့်သွင်း)နဲ့ Remove(ဖယ်ထုတ်)တွေလုပ်ပြီး သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

Photos – အချိန်နဲ့ နေရာတွေ အပေါ်မှာ မူတည်ပြီးတော့ Fileတွေကို Collections, Momentsနဲ့ Yearsတွေလို အကန့်တွေ ခွဲပြီး သိမ်းဆည်း စုဆောင်းထာရှိမှာ ဖြစ်ပါတယ်။ နောက်ပြီး ဓါတ်ပုံတွေ ပြန်လည် ရှာဖွေတဲ့ အခါမှာလည်း Yearကို နှိပ်ပြီး တစ်နှစ်လုံးစာ သိမ်းဆည်းထားရှိတဲ့ Fileတွေကို ချက်ချင်း ကြည့်ရှုနိုင်မှာလည်း ဖြစ်ကာ အဲဒီ တစ်နှစ်လုံးစာထဲကမှ တည်နေရာနဲ့ ထပ်ပြီး ခွဲခြားကြည့်ရှုနိုင်မှာ ဖြစ်တာကြောင့် အမြန်ဆုံး ရှာဖွေနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း Collectionsအပိုင်းမှာ ၀င်ပြီး တည်နေရာတွေ ရွေးချယ်ပြီး ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး iCloudရဲ့ အကူအညီနဲ့ ဓါတ်ပုံတွေကို အကောင်းဆုံးနဲ့ အမြန်ဆုံး Share(ေ၀ငှ)နိုင်ဦးမှာလည်း ဖြစ်ပါတယ်။

Safari – အရင်တုန်းက Browserတွေထက် ပိုမိုကောင်းမွန် မြန်ဆန်အောင် ဖန်တီး ထုတ်လုပ်ထားပါတယ်။ Searchတွေကို အပြိုင်အနေနဲ့ အများအပြား လုပ်ဆောင်ကြည့်ရှုနိုင်မှာ ဖြစ်သလို ကိုယ်ရှာချင်တဲ့ Websiteတွေနဲ့ နီးစပ်တဲ့ နာမည်တွေကိုလည်း ဖော်ပြပေးမှာ ဖြစ်တာကြောင့် သေချာ မသိတဲ့ Siteတွေကိုတောင် လွယ်ကူစွာ ရှာဖွေနိုင်မှာပါ။ နောက်တစ်ချက်ရှိသေးတာက Linkတွေကို သင့် Shareလုပ်ချင်တဲ့ သူတွေဆီ လွယ်ကူစွာ Shareလုပ်နိုင်ဦးမှာ
ဖြစ်ပါတယ်။ ပြီးတော့ iCloud Keychainစနစ် ပါ၀င်တာကြောင့် သင့်ရဲ့ Acc အမည်တွေ၊ Passwordတွေနဲ့ Credit Card နံပါတ်တွေကို မှတ်သားပေးထားမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင် Sign Inလုပ်ချင်ရင် ဘာမှ ရိုက်ထည့်စရာ မလိုတော့ပဲ ၀င်နိုင်မှာ ဖြစ်ပါတယ်။

Find My iPhone – နောက်ထပ် အရမ်းအသုံး၀င်မယ့် စနစ်တစ်ခုက ဖုန်းပျောက် ရှာဖွေပေးမယ့် စနစ်တစ်ခု ဖြစ်ပါတယ်။ သင့်အနေနဲ့ ဖုန်းပျောက်သွားပြီး တစ်ပါးသူလက်ထဲမှာ ဖုန်းရောက်နေချိန်မှာတောင်မှ ဖုန်းက သင့် ဖုန်း ဖြစ်နေဦးမှာပါ။ အကြောင်းကတော့ သင့် iPhoneရဲ့ Apple IDနဲ့ Passwordကို သင်တစ်ယောက်ပဲ သိတာကြောင့် အဲဒီ အရာတွေကို ဖုန်းခိုးယူထားသူ ဒါမှမဟုတ် ကောက်ရထားသူက မသိသ၍ This iPhone has been lost, အစရှိတဲ့ Messageကို တောက်လျှောက်ပြသပေးနေမှာ ဖြစ်တာကြောင့် ဘယ်သူကမှ ကိုယ်ပိုင်မဟုတ်တဲ့ ဖုန်းတစ်လုံးကို ပိုင်ဆိုင်ချင်မှာ မဟုတ်ပဲ သင့်ဆီကို ပြန်လည် ဆက်သွယ်ပေးအပ်မှာ ဖြစ်တာကြောင့် iOS 7ကို အသုံးပြုထားရင် ဖုန်းပျောက်မှာတော့ မပူရတော့ပါဘူး။

Ref: www.apple.com

Leave a Reply

Your email address will not be published. Required fields are marked *