News

ဇွန်လ ၂၆ရက်နေ့မှ စတင်ကာ မြန်မာပြည်ဈေးကွက်အတွင်း ဝင်ရောက်လာတော့မည့် Dell ရဲ့ PowerEdge VRTX Server စက်

Dell ထုတ်ကုန်များထဲမှ တစ်ခုဖြစ်သော Dell Power Edge VRTX Server မိတ်ဆက်ပွဲကို ရန်ကုန်မြို့ တာမွေမြို့နယ်၊ ဖိုးစိန်လမ်းမှာရှိတဲ့ Green Hill Hotelတွင် ဇွန်လ ၁၉ရက်နေ ့ နံနက် ၈နာရီတွင် ကျင်းပခဲ့ပါတယ်။

အဆိုပါပွဲသို့ Dellကုမ္ပဏီ၏ အင်ဒိုချိုင်းနားဒေသဆိုင်ရာ တာဝန်ခံ Mrs. Lertluk Kunlasutti၊ စီးပွားရေးတာဝန်ခံ Mr. Santi Apichairojkul၊ Dellကုမ္ပဏီ၏ မြန်မာပြည်ရုံးခွဲမှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တာဝန်ခံ မချယ်ရီသောင်း နှင့် CTT(Computer Trading Term Co.,Ltd ) မှ ဦးခွန်ဦးတို ့တက်ရောက်ခဲ့ဲပြီး Dell Power Edge VRTX Serverအကြောင်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။အဆိုပါDell၏ နောက်ဆုံးထွက်ရှိထားသော Dell Power Edge VRTX Serverသည် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် အကြီးစားလုပ်ငန်းများရဲ့ ဆိုင်ခွဲများအတွက် ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။

Dell Power Edge VRTX တွင်Processor (၂)လုံးပါဝင်သော Server (၄)လုံးအထိ တပ်ဆင်အသုံးပြုနိုင်ကာ Storage အနေဖြင့် 48TB အထိ Dataများကို သိမ်းဆည်းနိုင်ပါတယ်။Dell Power Edge VRTX Serverသည် Servers၊ Storage၊ Networking နှင့် Management အစိတ်အပိုင်းများကို စက်တစ်လုံးထဲတွင် ထည့်သွင်းထားသောကြောင် ့အခြားစက်များထက် ၈၆ရာခိုင်နှုန်း Cables အသုံးပြုမှုလျှော့ချနိုင်ကာ လုပ်ငန်းခွင် သပ်ရပ်မှုကိုပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
VRTX’s Chassis Management Controller ကိုအသုံးပြုထားသောကြောင့် Server Storageနှင့် Network စနစ်များကို သုံးစွဲသူများအနေနှင့် ပိုမိုအဆင်ပြေစွာ သုံးစွဲနိုင်မှာဖြစ်ပါတယ်။

ပုံမှန်Serverများထက် လျှပ်စစ်စွမ်းအင် အသုံးပြုမှုကို လျှော့ချပေးထားသော Dell Power Edge VRTX Serverသည် အရွယ်အစားသေးငယ်သဖြင့် လုပ်ငန်းခွင်နေရာယူ
မှုကိုလည်း လျှော့နည်းစေနိုင်ပါတယ်။

Dell Power Edge VRTX Tower အရွယ်အစားမှာ အမြင့် ၁၉.၁လက်မ၊ အနံ ၁၂.၂လက်မ နှင့် အလျား ၂၈.၇လက်မရှိကာ အလေးချိန်အားဖြင့် Tower အလွတ်မှာ ၆၉.၇ပေါင် ရှိပါတယ်။ Rack အရွယ်အစားမှာ အမြင့် ၈.၆လက်မ၊ အနံ ၁၉လက်မ နှင့် အလျား ၂၈.၇လက်မရှိကာ အလေးချိန်အားဖြင့် Rack အလွတ်မှာ ၅၄.၅ပေါင် ရှိပါတယ်။ Server Nodes လေးခုစလုံးမှ အတွင်းShareလုပ်ထားတဲ့ Storageကို လှမ်းသုံးနိုင်မှာဖြစ်ပြီး Network Interface Cardအနေနှင့် 1GB Ethernet Internal Port ၁၆ခုနှင့် External Port ၈ခုပါဝင်ပြီး နောက်ထပ် External Port ၈ခု ကို အသုံးပြုသူအနေနှင့် ထပ်မံတပ်ဆင်နိုင်ပါတယ်။

ဈေးနှုန်းကို လက်ရှိမှာ မသတ်မှတ်ရသေးသော်လည်း ဝယ်ယူအသုံးပြုသူ၏ လိုအပ်မှုပေါ်မူတည်၍ ပစ္စည်းများထည့်သွင်းနိုင်ပြီး အနည်းဆုံးဈေးအနေနှင့် ခန့်မှန်းခြေ ဒေါ်လာ ၅, ၀၀၀ခန့် ရှိနိုင်မည်ဟု Dellကုမ္ပဏီ၏ အင်ဒိုချိုင်းနားဒေသဆိုင်ရာ တာဝန်ခံ Mrs. Lertluk Kunlasuttiက ပြောကြားခဲ့တယ်။

အဆိုပါServer ကို လာမည့်ဇွန်လ ၂၆ရက်နေ့တွင် ကမ္ဘာအနှံ့အပြားသို့ Dellကုမ္ပဏီမှ ဖြန့်ချီမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း အဆိုပါနေ့တွင် ရရှိနိုင်အောင် CTT မှဆောင်ရွက်ပေးသွားမည်ဟုသိရပါတယ်။ Dell၏ တရားဝင်ပြည်တွင်း Distributorအဖြစ် သုံးနှစ်ကြာ ဆောင်ရွက်ခဲ့သော CTTက လက်ရှိမှာ Server နှင့်ပတ်သက်သော International Warranty Service 3 year’s ကိုပေးသွားမည်ဖြစ်ပါတယ်။

Ref: www.dell.com

One thought on “ဇွန်လ ၂၆ရက်နေ့မှ စတင်ကာ မြန်မာပြည်ဈေးကွက်အတွင်း ဝင်ရောက်လာတော့မည့် Dell ရဲ့ PowerEdge VRTX Server စက်

  1. KST says:

    တော်တော်မိုက်တယ် Server ကြီးက

Leave a Reply

Your email address will not be published. Required fields are marked *