Review

အပြောခံနေရတဲ့ Acerမှ Windows 8 သုံး Tablet အသစ် “Acer Iconia W3”

ကီးဘုတ်ပါ တွဲဖက်ပါ၀င်လာပြီး PC နှင့် Tablet ရောစပ်ထားသည့် ပုံစံမျိုးဖြင့် Windows 8 OSသုံး Tablet တစ်မျိုး Acer မှဖြန့်ချိလိုက်သည်။ မျက်နှာပြင်အကျယ် ရှစ်လက်မရှိပြီး Windows 8ကို ပထမဆုံး အသုံးပြုသည့် Tabletလည်း ဖြစ်သည်။ သုံးစွဲသူ များကမူ အဆိုပါ Tablet ကို မနှစ်မြို့ကြပေ။ အထူးသဖြင့် ၎င်း၏ အရည်အသွေး ညံ့သော Screenနှင့် ဘော်ဒီကာဗာတို့ကြောင့် ဖြစ်သည်။ Intel Atom Dual-Core Processor Z2760- 1.5 GHz (1MB Cache) နှင့်
RAMကို 2GB အသုံးပြုထားကာ Flash Memory 64GB တပ်ဆင်ထားရှိသည်။ ဘက်ထရီ သက်တမ်း ရှစ်နာရီရှိပြီး ဒေါ်လာ ၃၅၀ဖြင့် သဘောၤပို့ခအပြီး Amazon.comတွင် မှာယူနိုင်သည်။ ရှေ့ကင်မရာ၊ နောက်ကင်မရာ နှစ်မျိုးပါပြီး 2 megapixleစီပင် ဖြစ်သည်။ သုံးစွဲသူ အချို့က “Acer အနေနဲ့ Tabletကို ဒီထက် ကောင်းအောင် ထုတ်သင့်ပါတယ်။ ၎င်းတို့အနေနဲ့ ထုတ်လည်း ထုတ်နိုင်ပါတယ်။ အခုတော့ Hardwareပိုင်းကလည်း အဆင်မပြေ၊ Screenရဲ့ Colour ပိုင်းကလည်း ကြည့်ရတာ အဆင်မပြေဘူး”ဟု ေ၀ဖန်ပြောကြားခဲ့သည်။

Ref : http://www.businessinsider.com/acer-iconia-w3-bad-reviews-2013-7

Leave a Reply

Your email address will not be published. Required fields are marked *