News

Designer On Runway 2013အတွက် လျှောက်လွှာခေါ်

Fashion Design in Myanmar

ရန်ကုန်နှင့် မန္တလေးမှ ဖက်ရှင်ဒီဇိုင်နာ ဖြစ်လိုသူများအတွက် Designer On Runway 2013 ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် လျှောက်လွှာများကို ဇွန်လ ၃၀ရက်နေ့ နောက်ဆုံး ထား၍ လျှောက်ထားနိုင်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲမှာ ဖက်ရှင် ဒီဇိုင်နာ လောက တိုးတက်လာစေရန်နှင့် ဖက်ရှင် ဒီဇိုင်နာ ဖြစ်လိုသူများအား မြေတောင်မြှောက်ပေးရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပြီး မန္တလေးမြို့၌ ကျင်းပသွားမည် ဖြစ်သည်။

“ကျွန်တော်တို့က မန္တလေးက ဆိုတော့ ပွဲကိုလည်း မန္တလေးမှာပဲ လုပ်ဖြစ်မှာပါ။ ဒါပေမယ့် ရန်ကုန်က ပြိုင်ချင်တဲ့ သူတွေလည်း ဝင်ရောက် ယှဉ်ပြိုင်နိုင်ပါတယ်။ ပထမဆုံးအဆင့်အနေနဲ့ ပြိုင်ပွဲဝင် လျှောက်တဲ့အခါ A4 အရွယ်အစားနဲ့ စိတ်ကြိုက်ဖက်ရှင် ပုံကြမ်း ငါးပုံကို ပေးရပါမယ်။ အဲဒီထဲကမှ ရွေးချယ်ပြီး ပြိုင်ပွဲဝင်ရမယ့် သူတွေကို အွန်လိုင်းကတစ်ဆင့် ကြေညာပေးသွားမှာပါ”ဟု အဆိုပါ ပွဲစီစဉ်သူ Shell Entertainmentမှ တာဝန်ခံတစ်ဦးက ပြောကြားပါသည်။

၎င်းပြိုင်ပွဲကို ဇူလိုင်လတွင် ကျင်းပမည် ဖြစ်ပြီး ဒုတိယအဆင့်အတွက် မိမိတို့ စိတ်ကြိုက် ဝတ်စုံ ဒီဇိုင်းများဖြင့် Shell Entertainmentမှ စီစဉ်ပေးသော မော်ဒယ်လ်များက ဝတ်ဆင်ယှဉ်ပြိုင်သွားစေမည် ဖြစ်ကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

One thought on “Designer On Runway 2013အတွက် လျှောက်လွှာခေါ်

  1. ei hnin phyo says:

    ကောင်းပါတယ် ပြိုင်ပွဲတွေများများလုပ်ပေးတော့ အရည်အချင်းတွေတိုးတက်တာပေါ့

Leave a Reply

Your email address will not be published. Required fields are marked *