လူသားတွေရဲ့ အရည်အချင်း၊ ကိုယ်ရည်ကိုယ်သွေးနဲ့ စွမ်းဆောင်နိုင် မှု၊ စိတ်၀င်စားမှုတွေကို စစ်ဆေးပေးပြီး မိမိနဲ့ သင့်တော်မယ့် အသက် မွေး၀မ်းကျောင်းမှု လုပ်ငန်းတွေကို သုံးသပ်ဆုံးဖြတ်ပေးနိုင်တဲ့ ၀က်ဘ် ဆိုက်ပါ။ ဝါသနာကို အရင်းခံလုပ်ကိုင်ခြင်းနဲ့အတူ လျောက်သင့်တဲ့လမ်း၊ ရောက်နိုင်တဲ့ ပန်းတိုင်တွေအထိ သုံးသပ် အကြံဉာဏ်ပေးထားပြီး ကျွမ်း ကျင် ပညာရှင်တွေရဲ့ အမြင်တွေအပြင် လူတွေ့ စစ်ဆေး မေးမြန်း ရာမှာ တွေ့ကြုံနိုင်တဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်မယ့် Interview Skills တွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။
ဒီ၀က်ဘ်ဆိုက်ကိုတော့ ၂၀၀၀ ခုနှစ် ကတည်းက တည်ထောင်ထားပြီး အသက်မွေး၀မ်းကျောင်းလုပ်ငန်း အကြံပေးဆိုင်ရာ ဘာသာရပ်ကို အထူးပြု လေ့လာထားတဲ့ စိတ်ပညာ ရှင်အဖွဲ့မှ မှန်ကန်သင့်တော်တဲ့ လုပ်ငန်းတွေကို ရွေးချယ်လုပ်ကိုင်နိုင်ဖို့ ဖန်တီးထားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လုပ်ငန်း သဘော သဘာ၀ အကြောင်းအရာတွေကို အသေးစိတ် လေ့လာဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
http://www.analyzemycareer.com