Gamer လည်းလုပ်ချင်တယ်၊ အလုပ်လုပ်ဖို့လည်းသုံးချင်သေးတယ်ဆိုတဲ့သူတွေအတွက် Lenovo ရဲ့ IdeaPad L340 Gaming (15 inch) Laptop ဟာ ရွေးချယ်ဖို့ သင့်တော်တဲ့ Laptop အမျိုးအစားပဲဖြစ်ပါတယ်။ Gamer တစ်ယောက်အနေနဲ့ သင့်ရဲ့ စွမ်းရည်တွေကို ပြသဖို့ Power ကောင်းကောင်း၊ Performance မြင့်မြင့်ရအောင် တပ်ဆင်ပေးထားပြီး အလင်းပါဝင်တဲ့ ကီးဘုတ်နဲ့အတူ စွဲမက်ဖွယ်ဒီဇိုင်းကလည်း ဘယ်လိုပဲကြည့်ကြည့် တကယ့် Gamer တစ်ယောက်ရဲ့ Laptop ဆိုတာ ပြောနိုင်လောက်အောင် ပေါ်လွင်လှပါတယ်။ 9th Gen Intel® Core™ i7 Processor တပ်ဆင်ပေးထားတာကြောင့် IdeaPad L340 Gaming နဲ့ဆိုရင် ကိုယ့်ရဲ့ ပြိုင်ဘက်တွေကို ပိုမိုသာလွန်တဲ့ ပစ်ချက်တွေ၊ Skill တွေနဲ့ အနိုင်ယူပြနိုင်မှာပါ။ ဂိမ်းကစားတဲ့နေရာမှာ ပိုမိုကောင်းမွန်စေဖို့ Intel® Optane™ option ကိုထည့်သွင်းပေးထားပြီး စက်ဖွင့်ချိန်ကို ပိုမိုမြန်ဆန်စေသလို ဂိမ်းတွေကိုလည်း အလျင်အမြန် စတင်နိုင်စေမှာပါ။
ဆုတံဆိပ်တွေရရှိထားတဲ့ NVIDIA Turing™ architecture ကိုအသုံးပြုထားတဲ့ GeForce® GTX 1650 ကိုတပ်ဆင်ပေးထားတဲ့ ဒီ Gaming laptop ဟာ သင့်အတွက် နှစ်သက်ရာ Game တွေရဲ့ ရုပ်ထွက်ကို အပြည့်အဝခံစားနိုင်စေပါလိမ့်မယ်။ ဒီ Laptop မှာ နောက်ထပ်ဆွဲဆောင်နေတဲ့အရာတစ်ခုကတော့ Dolby Audio™ ပဲဖြစ်ပါတယ်။ ဒီအဆင့်မြင့် အသံနည်းပညာဟာ သင် ဂိမ်းကစားနေတဲ့တစ်လျှောက် တစ်ကယ့်အပြင်မှာ ရင်ဆိုင်လှုပ်ရှားနေရသလို ခံစားရစေမှာဖြစ်ပါတယ်။ IdeaPad L340 ရဲ့ အထူးခြားဆုံးကတော့ ဂိမ်းကစားဖို့အတွက် “Quick” Mode နဲ့ အလုပ်လုပ်ဖို့အတွက် “Quiet” Mode ဆိုပြီး ထည့်ပေးထားခြင်းပဲဖြစ်ပါတယ်။ Mode တစ်ခုချင်းစီဟာ အသွင်အပြင်၊ သုံးရတဲ့ ခံစားချက်နဲ့ အလုပ်လုပ်ပုံတွေ ကွဲပြားပါတယ်။ ဒါ့ကြောင့်မို့လို့ ဂိမ်းကစားတဲ့အချိန်မှာ ဂိမ်းရဲ့ အနှစ်သာရကို အပြည့်အဝခံစားနိုင်မှာဖြစ်သလို အလုပ်လုပ်တဲ့အချိန်မှာလည်း ပရော်ဖက်ရှင်နယ်ဆန်ဆန် အလုပ်လုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကင်မရာမှာ Physical Shutter ပါဝင်လာတဲ့အတွက် Livestream ကစားတတ်တဲ့သူတွေအတွက် ကိုယ့်ရဲ့ ကင်မရာကို အချိန်မရွေးပိတ်လို့ ရမှာပဲဖြစ်ပါတယ်။
အချိန်အကြာကြီး ဂိမ်းကစားရင် မျက်စိကို ဆိုးရွားစွာထိခိုက်နိုင်ပါတယ်။ ဒါပေမဲ့ Lenovo ရဲ့ Vantage’s Eye Care Mode ဟာ ကွန်ပြူတာမျက်နှာပြင်က အပြာရောင်အလင်းထုတ်လွှတ်မှုကို လျှော့ချပေးပြီး အရောင်တွေကိုလည်း ချိန်ညှိပေးပါတယ်။ ဒါ့ကြောင့်မို့ ဂိမ်းကစားသူတွေမှာ အဖြစ်များတဲ့ မျက်စိညောင်းညာတာနဲ့ မျက်စိနာတာတွေကို လျှော့ချပေးနိုင်ပါတယ်။ ၉ နာရီထိခံနိုင်တဲ့ ဘတ္ထရီကို ထည့်သွင်းပေးထားတဲ့အတွက် တစ်နေ့လုံးနီးပါး အသုံးပြုနိုင်မှာဖြစ်သလို တစ်နာရီအတွင်းမှာ ဘတ္ထရီရဲ့ ၈၀% ထိ အားပြန်ပြည့်စေပြီးတော့ ၂ နာရီအတွင်းမှာ ၁၀၀% အထိ အားပြန်ပြည့်စေမှာပဲ ဖြစ်ပါတယ်။ စျေးနှုန်းကလည်း ၁,၀၂၇,၀၀၀ ကျပ် မို့လို့ Gaming Laptop တွေထဲမှာ စျေးအတန်ဆုံး Laptop တစ်လုံးဆိုရင်လည်း မမှားပါဘူး။ အခြား Specification တွေကို လေ့လာကြည့်ချင်တယ်၊ စိတ်ဝင်စားလို့ မှာယူချင်တယ်ဆိုရင်တော့ အောက်ပါလင့်ကနေ မှာယူနိုင်ပါတယ်။
🛍 https://ict.com.mm/product/lenovo-l340-gaming-black-i5-9th-gen-nvidia-gtx-1050-graphic/
ဂိမ်မာတွေအတွက် IdeaPad L340 Gaming (15 inch) Laptop

28
Oct