Desktop, News, Review

စွမ်းဆောင်ရည်မြင့် နေရာမစားတဲ့ Lenovo IdeaCentre AIO 330 (20″, AMD)

ICT-Lenovo-All-In-One-IdeaCentre-AIO-330-20AST-Black-(AMD)_FB-Post

တပ်ဆင်ရတာလွယ်ကူတယ်။ သုံးရတာလည်းလွယ်ကူတယ်။ စွမ်းဆောင်ရည်ပိုင်းကလည်း စိတ်ချလို့ရတယ်။ ဒေတာတွေလည်း အများအပြားသိမ်းလို့ရတယ်။ ရုံးမှာသုံးသုံး၊ အိမ်မှာပဲသုံးသုံး နေရာလည်း မစားဘူး။ အဲ့ဒီလို Desktop Computer လိုချင်တယ်ဆိုရင်တော့ Lenovo All in One IdeaCentre AIO 330 (20″, AMD) ရှိပါတယ်ဗျ။ 20” Display, 7th Generation AMD Processor, RAM 8GB, Storage 1TB HDD နဲ့ Windows 10 Home (License) နဲ့ကိုမှ ဈေးနှုန်းက ၅၂၁,၀၀၀ ကျပ်ပဲ ရှိတာမို့ အလွန်တန်တဲ့ Desktop တစ်လုံးဖြစ်ပါတယ်။

All in One Desktop ဖြစ်တာကြောင့် မျက်စိရှုပ်စရာ ကြိုးတွေ၊ System Box တွေ ပါဝင်လာမှာမဟုတ်ပါဘူး။ ပါဝင်လာမှာကတော့ Orginal ကီးဘုတ်နဲ့ မောက်စ် ပဲဖြစ်ပါတယ်။ Advanced Cooling Technology သုံးထားတဲ့ အပူထုတ်ပန်ကာရဲ့အစွမ်းကြောင့် ကွန်ပြူတာကို သက်တောင့်သက်သာအသုံးပြုနိုင်သလို ပုံမှန် Desktop တွေမှာ ကြုံရတဲ့ ဆူညံမှုဒုက္ခကနေ ကင်းလွတ်စေပါတယ်။ Desktop ချစ်သူတိုင်းမကြိုက်တဲ့အရာက ကြိုးတွေရှုပ်ထွေးခြင်းဖြစ်ပါတယ်။ AIO 330 မှာတော့ ဒီကြိုးတွေကို သိမ်းဆည်းပေးဖို့အတွက် Desktop နောက်မှ Orginal Wire Collector ထည့်သွင်းပေးထားလို့ ကြိုးတွေအတွက် စိတ်ရှုပ်စရာမလိုတော့ဘဲ လှလှပပနဲ့ စတိုင်ကျကျ အသုံးပြုနိုင်မှာပါ။ 1TB ထိ ထည့်သွင်းပေးထားတဲ့ Data Storage ကလည်း Data အများအပြားကို သိမ်းဆည်းနိုင်ဦးမှာဖြစ်ပါတယ်။ RAM 8GB ပါဝင်တဲ့အတွက်ကြောင့် အလုပ်တွေကို Performance မြင့်မြင့်ဆောင်ရွက်နိုင်မှာပါ။ RAM နည်းတဲ့အတွက်ကြောင့် Software တွေတပြိုင်နက်အသုံးပြုလို့ မရတဲ့ ပြဿနာတွေ ရှိတော့မှာမဟုတ်ပါဘူး။ Operating System အနေနဲ့လည်း Windows 10 Home လိုင်စင်ဗားရှင်းကို ထည့်သွင်းပေးထားတာကြောင့် Windows 10 ရဲ့ featue တွေကို အပြည့်အဝခံစားနိုင်မှာဖြစ်ပြီး Digital Assistant Cortana ကိုလည်း သင့်ရဲ့အလုပ်တွေကို အသံနဲ့စေခိုင်းနိုင်ပါသေးတယ်။

ဒီ Desktop လေးကို စိတ်ဝင်စားလို့မှာယူချင်တယ်၊ လေ့လာချင်တယ်ဆိုရင် အောက်ပါ Link ကနေတဆင့် ict.com.mm မှာ ယုံကြည်စိတ်ချစွာ လေ့လာမှာယူနိုင်ပါတယ်ဗျ။

https://ict.com.mm/product/lenovo-all-in-one-ideacentre-aio-330-20ast-black-amd/

Leave a Reply

Your email address will not be published. Required fields are marked *