News

တစ်အိမ်ထောင် ကလေးတစ်ယောက် ပြဌာန်းချက် တရုတ်အစိုးရ ဖြေလျှော့သွားရန်ရှိ

ဆင်ဟွာ သတင်းတစ်ရပ်အရ အနာဂတ်တွင် တရုတ်မိသားစုများအနေဖြင့် တစ်အိမ်ထောင်ကလေး နှစ်ယောက် ယူခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရပါတယ်။ (၁၈) ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးကို ယခုရက်သတ္တပတ်အတွင်းက ကျင်းပပြီးတဲ့နောက် ထိုပြုပြင်ပြောင်းလဲချက် ပေါ်ထွက်လာခြင်း ဖြစ်ပါတယ်။ အခြားသောပြုပြင်ပြောင်းလဲမှုများတွင် စီးပွားရေးနဲ့ ပုဂ္ဂလိကကဏ္ဍမြှင့်တင်ရေးလည်း ပါ၀င်တယ်လို့ သိရပါတယ်။

ပြုပြင်ပြောင်းလဲမှုအများစုဟာ နိုင်ငံအတွင်း စမ်းသပ်ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။ တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒကို ၁၉၇၀ပြည့်လွန်နှစ်များ ကုန်ဆုံးချိန်က စတင်ကျင့်သုံးခဲ့တာဖြစ်ပါတယ်။ လူဦးရေအလျင်အမြန်တိုးပွားမှုကို ထိန်းချုပ်ဖို့ ကျင့်သုံးခဲ့တာဖြစ်ပြီး ၂၀၅၀ ပြည့်နှစ်ရောက်ရင် တရုတ်လူဦးရေရဲ့ လေးပုံတစ်ပုံကျော်ဟာ အသက် (၆၅) နှစ်ကျော် နိုင်ငံသားများဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

တစ်အိမ်ထောင်မှာ ကလေးတစ်ယောက်သာယူရမယ့် ပြဌာန်းချက်ကို ယေဘုယျအားဖြင့် တိကျစွာလိုက်နာကြပေမယ့် ကျေးလက်ဒေသများတွင်မူ ပထမဆုံးမွေးတဲ့ကလေးက မိန်းကလေးဖြစ်ခဲ့ရင် ကလေးနှစ်ယောက်ယူခွင့်ပေးထားတယ်လို့ သိရပါတယ်။အဲဒီဥပဒေကြောင့် အချို့အမျိုးသမီးတွေ ကလေးဖျက်ချရတယ်ဆိုပြီး လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ကြပေမယ့် တရုတ်အစိုးရကတော့ အဲဒီလိုဝေဖန်တာကို ပယ်ချခဲ့ပါတယ်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

One thought on “တစ်အိမ်ထောင် ကလေးတစ်ယောက် ပြဌာန်းချက် တရုတ်အစိုးရ ဖြေလျှော့သွားရန်ရှိ

  1. Sithu Soe says:

    ဒါမှလည်းမြန်မာပြည်က မိန်းမတွေလူကုန်ကူးခံရသက်သာမှာ

Leave a Reply

Your email address will not be published. Required fields are marked *