Uncategorized

Fingerprint Scanner ပါတဲ့ HTC One max တရားဝင် ဖြစ်ပြီ

ထွက်ရှိတော့မယ်လို့ ကောလဟာလတွေပြည့်နှက်ခဲ့တဲ့ HTC One maxဟာ ယနေ့ တရားဝင် ဖြစ်လာပါပြီ။ One maxကတော့ ၅.၉ လက်မ မျက်နှာပြင်နဲ. ထွက်ရှိလာတဲ့အတွက် HTC One အကြီးစား ဖြစ်ပါတယ်။ အတွင်းပိုင်းမှာလည်း Snapdragon 600 processor, 4-megapixel UltraPixel cameraတို့နှင့်အတူ အစိတ်အပိုင်းများစွာက HTC Oneနဲ. ဖွဲ.စည်းထားမှု တူညီတယ်လို့ ဆိုပါတယ်။ The One Maxဟာ HTCရဲ. ပထမဆုံး side-mounted ပါဝါ ခလုတ် ပါဝင်လာတဲ့ စမတ်ဖုန်း ဖြစ်သော်လည်း One’s IR blasterကိုတော့ မဖယ်ရှားသေးပါဘူး။ မော်ဒယ်လ်အသစ်မှာ သတိထားမိတာတစ်ခုကတော့ image stabilization မပါဝင်တော့ခြင်းပါပဲဟု The Vergeက ဆိုပါတယ်။

Software ပိုင်းမှာကတော့ Android 4.3 ပေါ်မှာ အသုံးပြုထားတဲ့ မဆိုသလောက် ပြောင်းလဲထားတဲ့ Sense 5.5ကို တွေ.ရမှာ ဖြစ်ပါတယ်။ The One Maxဟာ ဥရောပနဲ. အာရှကို မလွဲ ဦးတည်နေပြီး မနက်ဖြန် မိတ်ဆက်ပွဲပြီးတာနဲ့ ဝယ်ယူရရှိနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ အမေရိကအတွက်ကတော့ Sprint, Verizon တို့မှာ လာမယ့် နိုဝင်ဘာ လောက်မှာ ရရှိနိုင်လိမ့်မယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *