Mobile, Review

HP က Slate 6 Phablet နဲ့ Slate 7 VoiceTab Tablet များကိုထုတ်ဖော်ပြသ

HP က Slate Devices များရဲ့ ဓာတ်ပုံများကိုထုတ်ဖော်ပြသလိုက်ပြီး နောက်ပိုင်းရက်များမှာ တရား၀င်ကြေညာမှာဖြစ်ပါတယ်။
HP Slate 6 ဟာ ခြောက်လက်မ Phablet ဖြစ်ပြီး 1280×720 IPS Display တပ်ဆင်ထားပါတယ်။ 5 Megapixel Camera ကို အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ 2 Megapixel Camera တပ်ဆင်ထားပါတယ်။ HP Slate 7 VoiceTab မှာ ခုနစ်လက်မ 1280×800 IPS Display တပ်ဆင်ထားပါတယ်။ သူ့မှာလည်း 5 Megapixel Camera ကို အနောက်ဘက်မှာ တပ်ဆင်ထားပြီး 2 Megapixel Camera ကို မျက်နှာချင်းဆိုင်မှာ တပ်ဆင်ထားပါတယ်။ Device နှစ်ခုစလုံးရဲ့ အရှေ့ဘက် မျက်နှာပြင်မှာ စပီကာ ပါရှိပါတယ်။ Device နှစ်ခုစလုံးဟာ ပါးလွှာပြီး Slate 6 ရဲ့ အထူ ဟာ 9mm တောင်မရှိပါဘူး။ Slate 7 ရဲ့ အထူက 9.5mm ဖြစ်ပါတယ်။ Device နှစ်ခုစလုံးမှာ Android 4.2 Jelly Bean မောင်းနှင်လည်ပတ်မှာ ဖြစ်ပါတယ်။

အမေရိကန် နဲ့ ဗြိတိန် နိုင်ငံများကို နောက်ပိုင်းမှာမှ ရောင်းချမှာဖြစ်ပြီး ဖေဖော်ဝါရီလတွင် India မှာ အရင်ဆုံးရောင်းချမှာ ဖြစ်ပါတယ်။ အဆိုပါ Device နှစ်ခုကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ရောင်းချကောင်းရောင်းချမှာဖြစ်ပေမယ့် India မှာ အရင်ဆုံး ရောင်းချမှာဖြစ်ပါတယ်လို့ HP ရဲ့ Consumer PC Business ဌာနမှ ဒုတိယ ဥက္ကဌ ဖြစ်သူ Ron Coughlin က ပြောပါတယ်။ “ရောင်းချမယ့် နိုင်ငံ နဲ့ အချိန်ကို ပြောကြားမှာ မဟုတ်သေးပါဘူး။ လာမယ့် လများမှာ တိတိကျကျ ထုတ်ဖော်ပြောဆိုဖို့ မျှော်လင့်နိုင်ပါတယ်။ အခုအချိန်မှာတော့ India မှာ ရောင်းအားကောင်းဖို့ အာရုံစိုက်နေပါတယ်။ “ လို့ Ron Coughlin က ဖြည့်စွက်ပြောဆိုပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *