Mobile, Review

Samsung Galaxy Tab 3 Lite ရဲ့ သတင်းအချက်အလက်များထွက်ပေါ်

Samsung က ဖေဖော်ဝါရီလမှာ ဘာစီလိုနာမှာကျင်းပမယ့် Mobile World Congress မှာ ပြသဖို့ ရည်ရွယ်ထားတဲ့ Galaxy Tab 3 Lite ရဲ့ သတင်းအချက်အလက်များကြိုတင်ထွက်ပေါ်လာပါတယ်။ Samsung ရဲ့ ပိုလန်၀က်ဆိုက်မှ ထွက်ပေါ်လာတာဖြစ်ပါတယ်။
Samsung က သူ့၀က်ဆိုက်မှာ Galaxy Tab 3 Lite ရဲ့ Manual ကို Download လုပ်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။ Manual မှာ Tab 3 Lite or SM-T110 လို့ ရေးသားထားပါတယ်။

Tab 3 Lite မှာ 1.2GHz Dual-Core Marvell PXA986 A9 Processor , 1GB DDR2 RAM, 8GB Storage , SD Card Slot တို့တပ်ဆင်ထားပါတယ်။ ခုနစ်လက်မအရွယ် 1024×600 Resolution Display တပ်ဆင်ထားပြီး တစ်လက်မ ကို Pixel သိပ်သည်းဆ ၁၇၀ ပါရှိပါတယ်။ WiFi , 3G မော်ဒယ် နှစ်မျိုးထုတ်လုပ်ပေးထားပါတယ်။ 3600mAh Battery , 2 Megapixel Camera, Android 4.2 Jelly Bean တို့ပါရှိပါတယ်။ ၉.၇ မီလီမီတာ အထူရှိပြီး ၃၁၀ ဂရမ်အလေးချိန်ရှိပါတယ်။

မျှော်လင့်ထားသလိုပဲ Tab 3 Lite ရဲ့ Specification များဟာ သိပ်ပြီး ကောင်းမွန်မှုမရှိပါဘူး။ ဒါပေမယ့် ဈေးသက်သာမှာဖြစ်ပြီး WiFi Model ကို စတာလင်ပေါင် ၁၀၀ နဲ့ရောင်းချမှာဖြစ်ပါတယ်။ 3G Model ကိုတော့ စတာလင်ပေါင် ၁၆၀ ဖြင့်ရောင်းချမယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။ Samsung Galaxy Tab 3 Lite ကို Mobile World Congress မှာ တရား၀င်ထုတ်ဖော် ပြသမယ်လို့ မျှော်လင့်ရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *