News

တောင်ကိုရီးယားတွင် တိုးရစ်များ အတွက်ဂမ်နမ်စတိုင် ရဲတပ်ဖွဲ့သစ် ဖွဲ့စည်း

ဂမ်နမ်စတိုင် သီချင်းဖြင့်ကမ္ဘာကျော် ခဲ့သော PSYအတွက်၀တ်စုံ ဒီဇိုင်းများဖန်တီး သူများအနက် တစ်ဦးက ဖန်တီးပေးခဲ့ သည့်ရဲ၀တ်စုံ ၀တ်ဆင်မည့် ကမ္ဘာလှည့် ခရီးသွားများ စောင့်ရှောက်ရေး ရဲတပ်ဖွဲ့ သစ်ကို တောင်ကိုရီးယား နိုင်ငံမြို့တော် ဆိုလ်းတွင် အောက်တိုဘာ ၁၆ ရက်ကယင်း သီချင်းဖြင့် ဖျော်ဖြေပြီး မိတ်ဆက် ခဲ့ကြောင်း သိရသည်။

ကမ္ဘာလှည့် ခရီးသွားများဆိုလ်းတွင် နေထိုင်စဉ်အတွင်း လုယက် ခိုးယူခံရမှုမှ ကာကွယ် နိုင်ရေးအတွက် ဖွဲ့စည်းခဲ့ သည့် ယင်းရဲတပ်ဖွဲ့ တွင်လူငယ်ရဲ နှင့် ရဲမေ ၁၀၀ ၀န်းကျင် ပါ၀င်ကြောင်းသိရသည်။ ယင်းရဲတပ်ဖွဲ့ ၀င်များကို အင်္ဂလိပ် ၊ ဂျပန်၊ မန်ဒရင်း အပါအ၀င် ဘာသာစကား ကျွမ်းကျင် မှုအလိုက် ရွေးချယ်ထားခြင်း ဖြစ်သည့် ဟုဆို သည်။

တက္ကစီ ဒရိုင်ဘာ များသို့မဟုတ် လမ်းဘေးဈေးသည် များက ကျသင့်သည်ထက် ပိုယူသည်ဟု ထင်ပါက မိမိတို့ ထံလာရောက်ပြီး ပြောပြနိုင်ကြောင်း ၊ မိမိတို့ကဖြေရှင်း ပေးမည်ဖြစ်ကြောင်း အင်္ဂလိပ်စကား ပြောသော ပက်ဂျေယောင် ကပြောကြားခဲ့သည်။ အဆိုပါရဲတပ်ဖွဲ့ ၀င်များသည် အထူးဖန်တီးထားသော နက်ပြာရောင် ယူနီဖောင်းတွင် ကျွမ်းကျင်သော ဘာသာစကား ဖေါ်ပြသည့် ရင်ထိုးတပ်ဆင်ရမည် ဖြစ်သည်။

သို့သော် ယင်းရဲတပ်ဖွဲ့ ၀င်များသည်လက်နက် ကိုင်ဆောင်မည် မဟုတ်ပဲ ရာဇ၀တ် မှုကြီးကြီးမားမား ဖြစ်ပွား ခဲ့ပါက လက်နက် ကိုင်ရဲတပ်ဖွဲ့၀င် များကို ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *