News

Rolex နာရီ အတုအစစ်ခွဲခြားမယ်

နာရီ အကောင်းစားတွေကို လက်ကောက်၀တ်မှာ ဆင်မြန်းထားခြင်းဟာလည်း ဂုဏ်တစ်ခုပါပဲ။ ကမ္ဘာကျော် Rolex နာရီကတော့ ဈေးလည်းကြီး၊ ဒီဇိုင်းလည်းလှ၊ အကြမ်းခံတဲ့ Brandတစ်ခုပဲ ဖြစ်ပါတယ်။ နာမည်ကြီး Brand ဖြစ်လာတာနဲ့အမျှ အတုအပ ဆင်တူယိုးမှားတွေလည်း ထွက်ပေါ် လာပါတယ်။ ဒါကြောင့် Rolex နာရီ အတု အစစ် ခွဲခြားပုံတွေကို ဖော်ပြ လိုက်ပါတယ်။

ဈေးသက်သာပြီး ပေါပေါ လောလောရတဲ့ Rolex အတုတွေကတော့ ခွဲခြားဖို့ အလွန် လွယ်ကူပါတယ်။ စက္ကန့်လက်တံတွေရဲ့ လှုပ်ရှားချက်တွေဟာ ကြမ်းတမ်းပြီး အချက်တိုင်းကို အတိုင်းသား ကြားနေရပါတယ်။ ဒါဟာ အရည်အသွေး ညံ့ဖျင်းခြင်းရဲ့ လက္ခဏာတစ်ရပ် ဖြစ်ပြီးတော့ Rolex အစစ်ကတော့ စက္ကန့်လက်တံတွေ သွားတာ ညင်သာပါတယ်။ နာရီကို နားကပ်ပြီး နားထောင်ရင် ပိုပြီးသိသာပါတယ်။

နောက်တစ်ချက် ကတော့ Rolex နာရီအတုတွေက ပေါ့ပါးပြီး အစစ်လို လေးလေးပင်ပင် မရှိပါဘူး။ Rolex အစစ်တွေ ကတော့ သတ္တု အကောင်းစားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် အတန်ငယ် အလေးချိန် ရှိပါတယ်။Rolexနာရီ အစစ်တွေရဲ့ ဒိုင်ခွက်မှာ နေ့စွဲ ပြသတဲ့နေရာ Magnify လုပ်ထားပါတယ်။ ဒီစနစ်ဟာ ပုံစံတူပွားဖို့ ခက်ခဲပြီး နာရီအတုတွေမှာ Date ဟာပုံမှန် Sizeပဲ ဖြစ်နေပါတယ်။ ၁၉၇၅ ခုနှစ်ထဲက နာရီတွေကို ရောင်းလာတဲ့ Mr. David Dugganကတော့ နာရီတွေကို ၀ယ်ယူတဲ့နေရာမှာ အတု၊ အစစ်ခွဲခြားဖို့ အထူး သတိထားစေ လိုပါတယ်လို့ ပြောကြား ခဲ့ပါတယ်။ ဒီခေတ်မှာ ပိုပြီးတော့ သတိထား ရမှာဖြစ်ပြီး နာရီတစ်လုံးဟာ ဘာအပြစ်မှ မရှိအောင် စင်းလုံးချော ဖြစ်နေရင် ပိုပြီးတော့ သတိထားဖို့ လိုအပ်ပါတယ်လို့လည်း ပြောခဲ့ပါတယ်။

Ref: http://www.businessinsider.com/how-to-spot-a-fake-rolex-2013-7

Leave a Reply

Your email address will not be published. Required fields are marked *