Review

Switch တွေရဲ့ Trunk Link ကို Bandwidth များများရအောင် ဘယ်လိုချိတ်ဆက်ကြမလဲ

ကျွန်တော် ပထမဦးဆုံး Trunk Link ဆိုတာ ဘာကိုခေါ်ဝေါ်သလဲ ဆိုတာ ရှင်းပြချင်ပါတယ်။ Trunk Link ဆိုတာ Network Switch တွေ အချင်းချင်း ချိတ်ဆက်ထားတဲ့ Network ကြိုးကို ပြောတာပါ။ Switch တစ်ခုမှာ ရှိတဲ့ Computer တွေ အားလုံးက နောက် Switch တစ်ခုမှာရှိတဲ့ Computer တွေဆီကို Data ပို့မယ်ဆိုရင် ထို Trunk Link တစ်ခုကိုဘဲ အားလုံးက Share သုံးရမှာပါ။ ဒါကြောင့် Trunk Link ရဲ့ Bandwidth က များရင် ပို ကောင်းတာပေါ့။ ထို့အတွက် Switch တွေ အချင်းချင်း ချိတ်ကျတဲ့ အခါ Bandwidth များအောင် Port တွေ (Uplink Port လို့လည်း ခေါ်ကြတယ်) ကို 100 Mbps, 1 Gbps, 10 Gbps စတာတွေ သုံးပြီး ချိတ်လာကြတယ်။ နောက်တစ်နည်းကတော့ Trunk Link အတွက် ကြိုးတစ်ကြိုးတည်းသာ မသုံးတော့ဘဲ ကြိုးတွေအများကြီးကို ချိတ်ပြီးသုံးလာကြတယ်။

trunk-link-1

ပုံမှာဆို Switch A မှာ Server Computer တွေ ချိတ်ထားကြတယ်။ Switch B မှာရှိတဲ့ Computer အလုံး 100 က Switch A မှာ ရှိတဲ့ Server တွေဆီကို တပြိုင်နက်တည်း Trunk Link ကိုဖြတ်ပြီး Data ပို့ကြတယ်။ Switch A နဲ့ Switch B ချိတ်ထားတဲ့ Link ရဲ့ Speed က 1 Gbps (1000Mpbs)။ Computer အလုံးတစ်ရာက တပြိုင်နက်တည်း ထို Trunk Link ကို Share လုပ်ပြီး Server တွေဆီကို Data ပို့နေကြတယ်။ဒါကြောင့် Computer တစ်လုံးချင်းစီက ထို Link ပေါ်မှာ Speed  10 Mbps နဲ့ဘဲ data ပို့နိုင်တယ်။ ကိုယ်က Computer တစ်လုံးချင်းစီအတွက် ထို Link ပေါ်မှာ ရမယ့် Bandwidth ကို ချဲ့ချင်တယ်။ ဒါဆိုရင် အောက်က ပုံစံလိုမျိုး လုပ်ပေးနိုင်တယ်။

trunk-link-2

1Gbps Link ကြိုးလေးကြိုးကို သုံးပြီး Trunk Link လုပ်ထားတာ။ ပုံမှာက ကြိုး4  ကြိုးကိုသုံးပြီး Switch နှစ်ခုကို ချိတ်ထားတာ။ ဒါဆိုရင် Computer တစ်လုံးချင်းစီက 40 Mbps နဲ့ Trunk Link ပေါ်မှာ data ပို့နိုင်ပြီ။ အဲ့ဒီလို TrunkLink တွေကို ပေါင်းပြီး Data ပို့တာနိုင်တာက Trunk Link တွေကို Ether Channel လုပ်ထားလို့။ Ether Channel က Trunk Link ကို အများဆုံး ကြိုး 8 ချောင်း အထိ လုပ်နိုင်တယ်။ ဒီမှာ ကြိုး 4 ချောင်းအစား 8 ချောင်းသုံးမယ် ဆိုရင် Computer 1 လုံးစီက 80 Mbps နဲ့ Trunk Link ကနေ Data ပို့နိုင်သွားလိမ့်မယ်။ 10 Gbps Uplink Port 8 ခုကို သုံးပြီး Ether Channel လုပ်မယ်ဆိုရင် Backbone Link ရဲ့ Bandwidth က 80 Gbps ဖြစ်သွားမယ်။ နဲနဲ နောနောတော့ မဟုတ်ဘူး။

Switch တွေအချင်းချင်း ကြိုးကို အဲ့လို ချိတ်ထားရုံနဲ့ Bandwidth ကို အလိုလို ချဲ့ပေးမှာ မဟုတ်ပါဘူး။ Configuration လုပ်ပေးမှရမှာပါ။ တနည်းဆိုရင် Ether Channel Configuration ကို လုပ်ပေးရမယ်။ Ether Channel Feature မပါတဲ့ ရိုးရိုး Unmanaged Switch မှာတော့ အဲ့ဒီလို ကြိုးတွေ အများကြီးနဲ့ Switch အချင်းချင်းကို သွားမချိတ်နဲ့။ သေချာတယ်။ Network တစ်ခုလုံး Down သွားလမ့်မယ်။

cisco

Cisco Management Switch တွေလည်း  Switch အချင်းချင်း ချိတ်တဲ့ Trunk Link အတွက် ကြိုးအများကြီး သုံးထားပြီး Ether Channel Configuration မလုပ်ထားရင် STP effect ၀င်သွားလိမ့်မယ်။ STP effect ၀င်ရင် Trunk Link မှာ ကြိုးတစ်ကြိုးဘဲ အလုပ်လုပ်ပြီး ကျန်တဲ့ ကြိုးတွေက ရိုးရိုး Backup အနေနဲ့ဘဲ ရှိနေလိမ့်မယ်။ အလုပ်လုပ်တဲ့ ကြိုးတစ်ကြိုး Down သွားမှသာ ကျန်တဲ့ Backup ကြိုးတစ်ကြိုးက အလုပ်ထ လုပ်လိမ့်မယ်။ ဆိုရရင် Ether Channel Configuration မလုပ်ထားရင် STP Effect ၀င်မယ်။ဒါဆို Trunk Link တွေမှာသုံးတဲ့ ကြိုးတွေအားလုံးက တပြိုင်နက်တည်း အလုပ်လုပ်နေမှာ မဟုတ်ဘူး။ ကြိုး တစ်ကြိုးကဘဲ အလုပ်လုပ်မယ်။ တစ်ကြိုး Down မှ နောက်တစ်ကြိုးက ထ အလုပ်လုပ်မှာ ဖြစ်ပါတယ်။

author-avatar

About Kyaw San Tun

ကျော်ဆန်းထွန်းမှာ Myanmar ICTတွင် နည်းပညာဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *