News

၈.၉ လက်မရှိတဲ့ Kindle Fire HDX Tablet ကိုရောင်းပြီ

၈.၉ လက်မရှိတဲ့ Kindle Fire HDX ကို ဒီနေ့စတင်ရောင်းချပေးလိုက်ပါပြီ။ Tablet အသစ်မှာ Mayday Button ပါရှိလာပြီး Tablet အသုံးပြုသူဟာ နည်းပညာ အခက်အခဲကြုံတွေ့ရရင် ၁၅ စက္ကန့်အတွင်းမှာ နည်းပညာအကူအညီ ရရှိအောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

Kindle Fire HDX ဟာ ၃၇၄ ဂရမ် အလေးချိန်ရှိပြီး သူ့အရင် Kindle Fire Tablet ထက် ၃၄ ရာခိုင်နှုန်းပေါ့ပါးပါတယ်။ ၈.၉ လက်မ Display က 2560×1600 Resolution ရှိပါတယ်။ တစ်လက်မကို Pixel သိပ်သည်းဆ ၃၃၉ ရှိပြီး 2.2GHz quad-core Processor ကိုအသုံပြုထားပါတယ်။ 2GB RAM ပါရှိပြီး 8Megapixel Camera တပ်ဆင်ထားပါတယ်။ 4G အသုံးပြုနိုင်မှာဖြစ်ပြီး နည်းပညာအကူအညီအတွက် Mayday Button ပါရှိပါတယ်။

Mayday Button ကိုပြုလုပ်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ အသက်အရွယ်ကြီးပြီး နည်းပညာ မကျွမ်းကျင်တဲ့သူတွေ အတွက် အဆင်ပြေစေဖို့ဖြစ်ပါတယ်။

Kindle Fire HDX ရဲ့ 16GB Wi-Fi Only Model ကို £329 ဖြင့်၀ယ်ယူနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

2 thoughts on “၈.၉ လက်မရှိတဲ့ Kindle Fire HDX Tablet ကိုရောင်းပြီ

  1. Zaw Myo Oo says:

    ဘယ်မှာရောင်းတာလဲ
    ဘယ်လောက်လဲ

  2. Phoe Tpzt says:

    ရောင်းဈေးလဲ ရေးခဲ့အုံး

Leave a Reply

Your email address will not be published. Required fields are marked *