News

Flickr က Photo Books ၀န်ဆောင်မှု ကို စတင်ပြုလုပ်ပေး

သင့်ရဲ့ Digital Photo တွေကို Photo Book အဖြစ်ပြုလုပ်ပေးတဲ့ ၀န်ဆောင်မှုတွေအများကြီးရှိပြီး Flickr ကလည်း သူ့ကိုယ်ပိုင် ၀န်ဆောင်မှုကို စတင်လိုက်ပါပြီ။ Yahoo ရဲ့ Company ဖြစ်လာတဲ့ Flickr က သင့်ရဲ့ Flickr အကောင့်က ပုံတွေကို လှပ ခံ့ညားတဲ့ Photo Book အဖြစ် ပြောင်းလဲပေးမယ့် ၀န်ဆောင်မှု ကို Christmas အမှီ ပြုလုပ်ပေးလိုက်ပါတယ်။

Photo Book ပြုလုပ်ဖို့ အတွက် Flickr အကောင့် တစ်ခုနဲ့ ဓါတ်ပုံတွေရှိရမှာဖြစ်ပါတယ်။ သင့်စိတ်ကြိုက်ပုံတွေကို ရွေးချယ်ပြီး Photo Book Icon ကိုနှိပ်ပါ။ Flickr က သင့် ပုံတွေကို Photo Book အဖြစ်ပြောင်းလဲပေးပြီး သင့် အိမ် အရောက်ပို့ဆောင်ပေးမှာပါ။

Photo Book တွေပြုလုပ်ပေးရတဲ့ ရည်ရွယ်ချက် ကတော့ ခံ့ညားလှပတဲ့ ဘ၀ရဲ့ အမှတ်တရ တွေကိုသိမ်းဆည်းထားနိုင်ဖို့ဖြစ်ပါတယ် လို့ Flickr က Blog Post တစ်ခုမှာရေးသားထားပါတယ်။

www.flickr.com/create ကိုသွားပြီး Flickr Photo Book တွေကို ပြုလုပ်နိုင်ပါတယ်။ ဒေါ်လာ ၃၄.၉၅ သတ်မှတ်ထားပြီး အမေရိကန် မှာပဲ ဒီ၀န်ဆောင်မှုကို အသုံးပြုလို့ရအုံးမှာဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *